ကျူးကျူးဟာ ချန်ကျမ်းကိုကျွေးရန် အတွက် သေချာကြိုးစားပြီးတော့ ဟင်းသုံးပွဲနဲ့ စွပ်ပြုတ်တခွက်ကို ချက်ထားလေသည်။
နှစ်ယောက်ရဲ့စားသောက်ပုံဟာ အရမ်းကို လိုက်ဖက်လေသည်။ ကျူးကျူးက ချက်မယ်၊ ချန်ကျမ်းက အိုးဆေးမယ်၊ ကျူးကျူးက ခွက်သေးသေးနဲ့စားရင် ချန်ကျမ်းက ကျန်တဲ့ထမင်း ဟင်းတွေကို အပြောင်ရှင်းလေတယ်။
ကျူးကျူးဟာ ခေါင်းမဖော်တမ်းစားနေတဲ့ချန်ကျမ်းကို ကြည့်ရင်း ဂုဏ်ယူမှုနဲ့ အသိအမှတ်ပြုခံရလို့ ပျော်ရွှင်မှုကို ခံစားရတယ်။
ကျူးကျူးရဲ့ပုံစံပြောင်းလဲသွားတာနဲ့ ပတ်သက်ပြီး တခြားသူတွေလို တုံ့ပြန်မှုကြီးကြီးမပြပဲ ချန်ကျမ်းဟာ အံ့ဩမှုတစုံတရာတောင်မပြပဲ ကွဲထွက်နေသည်။ ကျူးကျူးတောင် သူတကယ်ပဲ ရုပ်ကိုမကြည့်ပဲ စိတ်ကိုတိုက်ရိုက်ကြည့်နေတယ်လို့တောင် ထင်မိလေသည်။
ညစာစားပြီးနောက် ကျူးကျူးဟာ ဆိုဖာမှာထိုင်ရင်း ဖုန်းသုံးနေတယ်။
ချန်ကျမ်းကတော့ သူမပန်းကန်ဆေးရင် သုံးမလို့ဝယ်လာတဲ့ ပန်းရောင်ပန်းပွင့်ပုံရှေ့ဖုံးခါးစည်းကို ဝတ်ထားသည်။ ကျူးကျူးဟာ ကြည့်နေရင်း သူမလက်ကိုသူမဆုပ်ပြီး သူဒေါသမထွက်ပါစေနဲ့လို့ တကိုယ်တည်းရေရွတ်လိုက်သည်။
သူမအနည်းငယ်ပျင်းလာတာကြောင့် အံဆွဲထဲကစာရွက်တွေယူပြီး လေ့ကျင့်ရန်ပြင်လိုက်သည်။
'ငါ ပန်းချီမဆွဲဖြစ်တာတောင် အတော်ကြာနေပြီ' ကျူးကျူးဟာ အစပိုင်းမှာတော့ အသားမကျသေးပေမဲ့ ဂျယ်လ်ဘောပင်ရဲ့ဆွဲချက်တွေဟာ တချက်ပြီးတချက်ပုံပေါ်လာသည်။ စာရွက်ပေါ်မှာ ရှေ့ဖုံးခါးစည်းဝတ်ထားတဲ့ ချစ်စရာလူလေးတယောက်ရဲ့နောက်ကျောပေါ်လာသည်။ သူမသရုပ်ဖော်လူပုံကို သေချာဆွဲနိုင်တာပဲ။ စာရွက်ပေါ်ကလူတွေဟာ အနည်းငယ်အူကြောင်ကြောင်နိုင်ပြီး ခေါင်းပေါ်ကဆံပင်လေးနဲ့ ချစ်စရာကောင်းနေသည်။
ပန်းချီဆွဲပြီးချိန်မှာ ကျူးကျူးဟာ လီယွမ်ဆီကနေ သူမအကောင့်အသေးစိပ်ကို ပို့လိုက်ရန် မက်ဆေ့ရသည်။ သူမပန်းကန်ဆေးနေသေးတဲ့ချန်ကျမ်းကို တချက်ကြည့်လိုက်ပြီး အခန်းထဲဝင်ရန် ဘောပင်ကို ချကာ သူမရမဲ့ငွေတွေကို သေချာတွက်ပြီး ပျော်ရွှင်စွာဝင်သွားသည်။
ချန်ကျမ်းခါးစည်းကို ချွတ်ပြီး စာကြည့်ခန်းထံလျှောက်သွားလိုက်သည်။
ဧည့်ခန်းထဲကဆိုဖာကို ဖြတ်လျှောက်သွားစဉ် ကော်ဖီစားပွဲပေါ်မှာ စာရွက်တရွက်ရှိနေပြီး ဗီလိန်ရဲ့ကာတွန်းဗားရှင်းဟာ မျက်စိကို ဖမ်းစားလိုက်သည်။
သူ့ခြေလှမ်းတွေ ရပ်သွားလေသည်။
ကျူးကျူးဟာ သူဌေးမဖြစ်ပြီလို့ အိပ်မက်မက်ရင်း နိုးလာသည်။
ဘာလို့လဲဆိုတော့ လီယွမ်ဆီကနေလွှဲလိုက်တာဟာ ယွမ် ၇ သိန်းကျော်တောင် လွှဲ
လိုက်တာကြောင့်ပေ။ (ယွမ်နဲ့ကျပ်ကွာခြားချက်က ၂၇၉.၈၁ ကျပ်တောင်မို့လို့ မြန်မာငွေနဲ့ဆို သိန်း ၁၉၀၀ ကျော်ပါတယ်နော်။)
'ဒါကြောင့် စာအုပ်ရဲ့နဂိုပိုင်ရှင်ကွာရှင်းပြီးချိန်မှာ ဘဝကိုအေးဆေးဖြတ်သန်းနိုင်တာကို။ ချောင်ပိတ်မိနေတဲ့ လီယွမ်ဆီမှာ "ရင်းနှီးမြှုပ်နှံ" တာက ကောင်းသားပဲ။ ဘယ်လိုအစွမ်းတွေနဲ့ ဒီငွေတွေကို လွယ်လွယ်ကူကူချေးလာတာလဲမသိဘူး'
KAMU SEDANG MEMBACA
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Humorရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...