အန်ရူတယောက် ရှက်သွေးဖြမ်းနေသည်။
တုနွမ်ရယ်မောရင်းပြောလိုက်သည်။ "ဒါဆိုလည်း သွားမယ်။ သူများတွေကို မစောင့်ရစေနဲ့"
တချိန်တည်းမှာပဲ
ကျူးကျူးဟာ မျက်နှာကျက်ကနေ ကြမ်းင်ြထိပြတင်းပေါက်ဘေးနားမှာ ထိုင်မလို့သွားလိုက်သည်။ သူမထိုင်မလို့ လုပ်နေတုန်း ထောင့်ဖြတ်တဘက်မှာ ရင်းနှိးနေတဲ့မျက်နှာကို တွေ့လိုက်သည်။ 'ငါဒီနေ့ ကုန်တိုက်ထဲဝင်လာတုန်းက တွေခဲ့တဲ့ ထူးဆန်းတဲ့သူပါလား။ ဘယ်လိုတောင်တိုက်ဆိုင်တာလဲ?'
ကျူးကျူး သူ့ကိုနှုတ်ဆက်လိုက်သည်။ "ဟိုင်း၊ တယောက်ယောက်ကို စောင့်နေတာလား?"
တဖက်လူဟာ အနည်းငယ် အံ့သြသွားပြီး ချက်ချင်းပဲပြုံးကာ ပြန်ဖြေလိုက်သည်။ အင်း၊ သူငယ်ချင်းတယောက်ကို စောင့်နေတာ"
ကျူးကျူး အများကြီး စားဖို့အတွက် ငွေအလုံအလောက် မစုဆောင်းမိသေးပေ။ သူမ အနည်းငယ်ပဲ မှာချင်ပေမဲ့ ဟိုဟာလည်း စားချင်စရာ၊ ဒီဟာလည်း အရသာရှိမဲ့ပုံနဲ့ သူမတောင်မသိလိုက်ပဲ တယောက်စာထက်တောင် ပိုမှာမိသွားသည်။
စားပွဲထိုးဟာ ဝိုင်ပုလင်းကို ဖွင့်လိုက်ပြီး ကျူးကျူးအတွက် ငှဲ့ပေးလိုက်သည်။
စားသောက်ဆိုင်ရဲ့ ပတ်ဝန်းကျင်ဟာ ပြောင်မြောက်ပြီး သံစဉ်စုံတဲ့တယောသံဟာ ထွက်ပေါ်နေသည်။ အနည်းငယ်ဖျော့တော့နေတဲ့ အလင်းရောင်၊ အသေးစိတ်ကျတဲ့ အပြင်အဆင်၊ ကောင်းမွန်စွာဝတ်ဆင်ထားတဲ့ဧည့်သည်တွေဟာ ဝိုင်ခွက်တွေကိုင်ထားရင်း တီးတိုးပြောနေကြတာကြောင့် အနည်းငယ်တော့ ဆူညံ့နေသည်။
ပြတင်းပေါက်ကြီး အပြင်ကိုကြည့်လိုက်ရင်တော့ မြို့သေးသေးရဲ့ညအလှကို တွေ့မြင်နိုင်သည်။ မြစ်ကမ်းနံဘေးက မိုးမျှော်တိုက်တွေမရှိတာကြောင့် ရှင်းလင်းစွာတွေ့နေရတာကြောင့် ညဟာ နဂါးအလင်းတွေလိုမျိုး တောက်ပပေမဲ့ ခန့်ထည်နေသည်။
မိုးသီးပေါက်တွေဟာ မြေပြင်ပေါ် ပြန့်ကြဲကျနေပေမဲ့ ဘာသံမှမကြားရပေ။ တခဏလောက် ကျူးကျူး မေးမောကြည့်နေမိသည်။
'ချန်ကျမ်း အိမ်ပြန်ရောက်နေလောက်ပြီထင်တယ်'
စားပွဲထိုးဟာ ဟင်းပွဲတွေနဲ့ ထွက်လာသည်။ ကျူးကျူးဟာ အစားအစာတွေရဲ့ ဆွဲဆောင်တဲ့ရနံ့ကြောင့် ချက်ချင်းပဲ ချန်ကျမ်းကို ခေါင်းထဲကနေ ထုတ်လိုက်တော့သည်။ သူမ အပြစ်ရှိစိတ်လေးနဲ့ တွေးလိုက်သည်။ 'တကယ်လို့ အစားအသောက်တွေ အရသာရှိရင်တော့ ပြန်ပေးဆပ်ဖို့ နောက်တခေါက်ဆို ချန်ကျမ်းကို ခေါ်လာလို့ ရတာပဲ'
......
တချိမ်တည်းမှာပဲ ချန်ကျမ်းနဲ့ သူ့အဖွဲ့ဟာ အပေါ်ထပ်ဆီ ဓာတ်လှေကားစီးလာသည်။
တုနွမ်ဟာ အရမ်းစိတ်လှုပ်ရှားနေသည်။ သူဌေး သူတို့နဲ့ အတူ ထမင်းမစားတာကြာပြီဖြစ်တာကြောင့် သူတို့အမြဲ တခုခုလိုသလို ခံစားနေခဲ့ရသည်။ သူ တလျှောက်လုံးစကားတွေများနေပြီး စိတ်ပူစွာနဲ့ မရီး အခုတလော ဘယ်လိုလဲ? ဂိမ်းကစားရတာ ပျော်စရာကောင်းရဲ့လား? ဂိမ်းအတွေ့အကြုံနဲ့ပတ်သက်ပြီး မရီးကို မေးရမလား အစရှိသည်ဖြင့် တရဇာတ်ပြောနေသည်။
သေချာပေါက် အန်ရူဟာ ချန်ကျမ်းဂိမ်းထဲမှာ လုပ်ခဲ့တဲ့ကိစ္စကို သိတာကြောင့် သူမ မျက်နှာပျက်သွားသည်။ မှေးမိန်တဲ့မလွယ်ကူတဲ့ ခံစားချက်က သူမကို ခြောက်လန့်လာသည်။ 'ချန်ကျမ်းကို ဒီလိုမျိုးကိစ္စတောင် လုပ်ခိုင်းနိုင်တာ ဒီမိန်းမက တက်ာမလွယ်ဘူးပဲ'
'အဲဒီအချိန်တုန်းက ဘာဖြစ်သွားလို့လဲ?' အန်ရူသူမမျက်ခုံးကို မြင့်လိုက်ပြီး မပျော်မရွှင်ဖြစ်သွားသည်။
'ဒါပေမဲ့....'
'ဒီနေ့က အခွင့်အရေးကောင်းပဲ၊ သူမသေချာဆုပ်ကိုင်ထားရမယ်'
ပြတင်းပေါက်အပြင်ဘက်က မိုးသည်းသည်းမဲမဲရွာနေတာကို ကြည့်လိုက်ပြီး သူမနှုတ်ခမ်းတွေ တွန့်ကွေးသွားသည်။ သူမယံကြည်ချက်ပြန်ရလာသည်။ 'ဘယ်ယောင်္ကျာယကမှ အလှလေးတွေကို မငြင်းဆန်နိုင်ဘူး။ အထူးသဖြင့် အိမ်မှာ ကြမ်းတမ်းပြီး နွမ်းလျတဲ့ ပန်းရှိနေရင်ပေါ့။ ငါက တခြားသူတွေနဲ့ ကွဲပြားတယ်။ ချန်ကျမ်းက မလှုပ်ရှားပေမဲ့ သူမကစပြီး လှုပ်ရှားပေးရမယ်ဆိုလည်း အဆင်ပြေတယ်'

STAI LEGGENDO
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Umorismoရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...