သူမကုန်တိုက်ထဲကို ဝင်လိုက်ချိန်မှာတော့ Air con ဆီကနေ လေနွေးနွေးတွေ ခန္ဓာကိုယ်ပေါ် တိုက်ခတ်သွားပြီး သူမရဲ့ တောင့်တင်းနေတဲ့ ခြေလက်တွေက ပြန်လည်လှုပ်ရှားနိုင်လာသည်။ ကျူးကျူး သူမရဲ့ အေးစက်နေတဲ့ ပါးနှစ်ဖက်ကို သူမတတ်နိုင်သလောက် ပွတ်သတ်လိုက်ပြီး သူမရဲ့ပုံရိပ်ကိုတောင် ဂရုမစိုက်ပဲ ပွတ်သပ်နေသည်။ ဒါပေမဲ့ သူမတဖက်ခြမ်းကနေ အသံတခုကြားလိုက်ရသည်။ သေချာပေါက်ရယ်သံပေမဲ့ တဖက်လူက ချက်ချင်းရပ်တန့်လိုက်သည်။
သူမအံ့ဩစွာနဲ့ နောက်ကို လှည့်ကြည့်လိုက်တော့ သွယ်လျတဲ့ ယောင်္ကျားတယောက်ကို တွေ့လိုက်သည်။ သူက တီရှပ်ပေါ်မှာ ချည်ထည် အပေါ်ဝတ်လက်ပြတ်ကို ဝတ်ဆင်ထားပြီး အနက်ရောင် ဘောင်းဘီရှည်နဲ့ ကွေးထားတဲ့လက်ပေါ်မှာ ကုတ်အင်္ကျီတထည်တင်ထားသည်။ သူ့မျက်နှာက သန့်ရှင်း နူးညံ့နေပြီး သူက အလွန်ကြည့်ကောင်းပေသည်။
နှစ်ယောက်သားမျက်နှာချင်းဆိုင်လိုက်သည်။ ယောင်္ကျားက အနည်းငယ်အံ့ဩသွားပေမဲ့ နောက်တော့ တောင်းပန်သလို ပြုံးပြလိုက်ပြီး အသာခေါင်းညိတ်ပြလိုက်သည်။ ဒါပေမဲ့ ရယ်တဲ့ အချိန်ဟာ ခဏလေးပေမဲ့ တခဏကြာတော့ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး သူ့မျက်ခုံးတွေက တွန့်ကွေးသွားကာ သူက စိုးရိမ်ပုံ ပေါ်နေသည်။
ကျူးကျူး သူ့အကြည့်ကို ကြည့်ကာ 'သူ့ဘာသာသူ တွေးနေပုံပါပဲ'
'ထူးဆန်းလိုက်တာ၊ အဲဒီရယ်သံ၊ ဘာလို့ ရင်းနှီးနေတာလဲ? ဘယ်နားကနေ ကြားဖူးနေပါလိမ့်?'
ဓာတ်လှေကား တံခါးပွင့်သွားပြီး တဖက်လူက ကျူးကျူးကို အရင်ဝင်ရန် အချက်ပြလိုက်သည်။ ကျူးကျူးဟာ သူမလက်နဲ့ခြေတွေ နွေးအောင် လုပ်နေတဲ့ပုံစံကို သူစိမ်းယောင်္ကျားတယောက်မြင်သွားတာကြောင့် တဖက်လူရဲ့ စေတနာကို ငြင်းဆန်ရန် ရှက်နေတာကြောင့် ယဉ်ကျေးစွာနဲ့ ဝင်သွားလိုက်သည်။
"ဘယ်အထပ်လဲ?" သူမေးလိုက်သည်။
ကျူးကျူး သူ့ရဲ့ ရှည်လျားပြီး သေးသွယ်တဲ့ နောက်ကျောကို တချက်ကြည့်လိုက်ပြီး "ဒုတိယထပ်"
YOU ARE READING
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Humorရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...