သူမကုန်တိုက်ထဲကို ဝင်လိုက်ချိန်မှာတော့ air con ဆီကနေ လေနွေးနွေးလေးတွေ ခန္ဓာကိုယ်ပေါ် တိုက်ခတ်သွားပြီး သူမရဲ့တောင့်တင်းနေတဲ့ ခြေလက်တွေက ပြန်လည် လှုပ်ရှားနိုင်လာသည်။ ကျူးကျူး သူမရဲ့အေးစက်နေတဲ့ ပါးနှစ်ဖက်ကို သူမတတ်နိုင်သလောက် ပွတ်သပ်လိုက်ပြီး သူမရဲ့ပုံရိပ်ကိုတောင် ဂရုမစိုက်ပဲ ပွတ်သပ်နေသည်။ ဒါပေမဲ့ သူမ တဖက်ခြမ်းကနေ အသံတခုကြားလိုက်ရသည်။ သေချာပေါက် ရယ်သံပေမဲ့ တဖက်လူက ချက်ချင်းရပ်တန့်လိုက်သည်။
သူမအံ့သြစွာနဲ့ နောက်ကို လှည့်ကြည့်လိုက်တော့ သွယ်လျတဲ့ ယောင်္ကျားတယောက်ကို တွေ့လိုက်သည်။ သူက တီရှပ်ပေါ်မှာ ချည်ထည် အပေါ်ဝတ်လက်ပြတ်ကို ဝတ်ဆင်ထားပြီး အနက်ရောင် ဘောင်းဘီရှည်နဲ့ ကွေးထားတဲ့လက်ပေါ်မှာ ကုတ်အင်္ကျီတထည်တင်ထားသည်။ သူ့မျက်နှာက သန့်ရှင်း နူးညံ့နေပြီး သူက အလွန်ကြည့်ကောင်းပေသည်။
နှစ်ယောက်သားမျက်နှာချင်းဆိုင်လိုက်သည်။ ယောင်္ကျားက အနည်းငယ်အံ့သြသွားပေမဲ့ နောက်တော့ တောင်းပန်သလို ပြုံးပြလိုက်ပြီး အသာ ခေါင်းညိတ်ပြလိုက်သည်။ ဒါပေမဲ့ ရယ်တဲ့အချိန်ဟာ ခဏလေးပေမဲ့ တခဏအကြာမှာတော့ နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်ပြီး သူ့မျက်ခုံးတွေက တွန့်ကွေးသွားကာ သူက စိုးရိမ်နေပုံပေါ်နေသည်။
ကျူးကျူး သူ့အကြည့်ကို ကြည့်ကာ 'သူ့ဘာသာသူ တွေးနေပုံပါပဲ'
'ထူးဆန်းလိုက်တာ၊ အဲဒီရယ်သံ၊ ဘာလို့ရင်းနှီးနေတာလဲ? ဘယ်နားကနေ ကြားဖူးနေပါလိမ့်?'
ဓာတ်လှေကား တံခါးပွင့်သွားပြီး တဖက်လူက ကျူးကျူးကို အရင်ဝင်ရန် အချက်ပြလိုက်သည်။ ကျူးကျူးဟာ သူမလက်နဲ့ခြေတွေ နွေးအောင်လုပ်နေတဲ့ပုံစံကို သူစိမ်းယောင်္ကျားတယောက်မြင်သွားတာကြောင့် တဖက်လူရဲ့စေတနာကို ငြင်းဆန်ရန် ရှက်နေတာကြောင့် ယဉ်ကျေးစွာနဲ့ဝင်သွားလိုက်သည်။
"ဘယ်အထပ်လဲ?" သူ မေးလိုက်သည်။
ကျူးကျူး သူ့ရဲ့ရှည်လျားပြီး သေးသွယ်တဲ့နောက်ကျောကို တချက်ကြည့်လိုက်ပြီး "ဒုတိယထပ်"
"....." တဖက်လူဟာ ကြောင်သွားတော့သည်။
တဖက်လူဟာ ပထမဆုံး ဒုတိယထပ်ကို နှိပ်လိုက်ပြီး နောက် ပဉ္စမထပ်ကို နှိပ်လိုက်သည်။ ပဉ္ဇမထပ်က စားသောက်ဆိုင်တခုပေ။ ဒီကုန်တိုက်မှာရှိတဲ့ စားသောက်ဆိုင်ဟာ အဆင့်မြင့်ပြီး ဈေးကလည်း ကြီးပေသည်။ 'ငါစားချင်တဲ့ အနောက်တိုင်းစာ စားသောက်ဆိုင်တဆိုင်ရှိတယ်' ကျူးကျူးတွေးနေလိုက်သည်။
"တောင်းပန်ပါတယ်၊ ငါမင်းကို ဓာတ်လှေကားစီးအောင်တွန်းအားပေးမိသလိုမျိုးဖြစ်သွားလား?" သူ သက်ပြင်းချကာ ရယ်လိုက်သည်။
ကျူးကျူး သူမလက်ကို ဝှေ့ယမ်းလိုက်ကာ "မဟုတ်ပါဘူး၊ ငါခြေထောက်နာနေလို့ လှေကားကနေ မတက်ချင်လို့ပါ"
စကားပြောနေတုန်း ဒုတိယထပ်ကို ရောက်သွားတာကြောင့် သူဟာ ယဉ်ကျေးစွာနဲ့ ဓာတ်လှေကားတံခါးကို လက်တဖက်နဲ့ကိုင်ပေးထားသည်။ ကျူးကျူး တံခါးကနေထွက်ပြီး နောက်ကို လှည့်ကြည့်လိုက်သည်။ ယောင်္ကျားက ဓာတ်လှေကားတံခါးကို ပိတ်ရင်း သူမကို ဖြေးဖြေးချင်းပြုံးပြလိုက်သည်။
ဓာတ်လှေကားတံခါးပိတ်သွားတော့သည်။
ကျူးကျူး မျက်မှောက်ကြုတ်လိုက်သည်။ ဒီ deja vu ခံစားချက်က သူမနှလုံးသားထဲမှာ ဆက်တိုက်ရှိနေပေမဲ့ သူမမှတ်ဉာဏ်တွေက သိပ်မသေချာတာကြောင့် ဒီလိုရှင်းလင်းတဲ့အသံကို ဘယ်မှာကြားဖူးမှန်း မမှတ်မိပေ။
သံသယဟာ မြန်မြန်ဆန်ဆန်ပဲ ဘေးကို ချောင်ထိုးခံလိုက်ရသည်။ ဈေးလျော့တဲ့အသံက ကျူးကျူးကို ပြန်အသိဝင်သွားစေသည်။ ကျူးကျူးလာချိန်မှာတော့ သူမဟာ ဈေးအတန်ဆုံး လျော့ဈေးတွေနဲ့ မိတ်ဆက်ခံလိုက်ရသည်။ ကျူးကျူးဟာ သူမရဲ့ Chanel အိတ်ကို ဂုဏ်ယူစွာနဲ့ လွယ်ထားပြီး "အသစ်တွေယူလာခဲ့! အကုန်လုံးစမ်းကြည့်မယ်!"
'အဝတ်အစားဝယ်ရင် တခါတည်းဝယ်ရတယ်။ နွေရာသီဆိုရင် တဆိုင်ထဲမှာဝယ်ရင် ဈေးလျော့ခိုင်းလို့လည်းရတယ်။ ဆောင်းရာသီဆိုရင်လည်း ကောင်းတဲ့ ဆောင်းအင်္ကျီထူတွေ ဝယ်ရမယ်။ ဒီဆိုင်က သိပ်ဈေးမကြီးဘူး။ ဒီဇိုင်းအသစ်တွေက ငါတတ်နိုင်တဲ့ပမာနထဲမှာ ရှိနေတယ်' သူမအရင်ဘဝတုန်းက ဒီဇိုင်းအသစ်တွေကြိုက်ပေမဲ့ ငွေမရှိခဲ့ပေ။ အခုတော့ သူမစိတ်ပူစရာမလိုပဲ စိတ်ကြိုက်ဝယ်နိုင်သည်။
ကျူးကျူး မှန်ရှေ့မှာ တဆပ်ပြီး တဆပ် စမ်းဝတ်ကြည့်နေသည်။ သူမရဲ့ခန္ဓာကိုယ်အချိုးအစားက ထူးခြားပြီး လှပသည်။ သူမ ဘာမှမဝတ်တောင် လှနေလောက်အောင်ပေ။[စာမေးပွဲရှိတာမို့လို့ ၂၆ ကနေ ၂၈ ထိ နားပါမယ်နော်၊ ပြီးမှပဲ ပြန်တင်ပေးပါမယ်၊ နက်ဖြန်နားမှာမို့လို့ ဒီနေ့ နည်းနည်းလောက် အပိုရေးပေးထားပါတယ်နော်၊ ဒီတော့ ၂၉ ရက်နေ့မှ ပြန်တွေ့ကြပါမယ်🥰🥰🥰]
YOU ARE READING
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Humorရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...