Chapter 90 (Zawgyi)

1.5K 57 2
                                    

ကျူးကျူး ရက်အတော်ကြာစောင့်ကြည့်ပြီးနောက် လက်လျော့လိုက်တော့သည်။
'လူတယောက်မှမနေတဲ့အိမ်တလုံးရဲ့ နေ့စဉ်ဘဝလိုပဲ။ ရေဆာရင်၊ ဗိုက်ဆာရင် ရေခဲသေတ္တာဆီသွားစားမယ်၊ ပြီးရင် စာကြည့်ခန်းထဲမှာပဲ အချိန်ကုန်မယ်'
သူမအတွက် ထူးဆန်းနေတာတခုက ချန်ကျမ်းဒီလောက်အခန်းထဲပဲအောင်းနေတာတောင် ဝိတ်မတက်လာတဲ့အပြင် အသားအရေကလည်း နူးညံ့ချောမွေ့နေတာပါပဲ။ ဒီအကြောင်းကိုတွေးရင်း ကျူးကျူးနှလုံးသားဟာ မနာလိုအားကျမှုတွေနဲ့ ပြည့်နေသည်။ သူမရဲ့ကိုယ်နဲ့ အသားအရေကို ထိန်းထားဖို့အတွက် အစားလျော့စားပြီး လေ့ကျင့်ခန်းလည်း လုပ်ပေးရသေးသည်။ သူမ ဗိုက်ခေါက်ထွက်လာပြီး အင်္ကျီတွေဝတ်ရင် ကြည့်ရဆိုးနေမှာကြောက်လို့ပေ။
ချန်ကျမ်းဟာ နောက်ဆုံးလက်ကျန်နို့ချဉ်ဘူးကို စိုက်ကြည့်နေပြီး ဖွင့်မလို့လုပ်လိုက်သည်။
ကျူးကျူးရဲ့စိုက်ကြည့်နေမှုဟာ အရမ်းသိသာတာကြောင့် မသိချင်ယောင်ဆောင်နေလို့မရပေ။ သူကျူးကျူးကို ပြန်ကြည့်လိုက်ပြီး သူ့လက်ထဲကနောက်ဆုံးနို့ချဉ်ဘူးကို ကြည့်လိုက်သည်။ တခဏတွေးတောလိုက်ပြီး နို့ချဉ်ဘူးကို ကျူးကျူးလက်ထဲ ထိုးပေးလိုက်သည်။
နို့ချဉ်တဘူးကိုင်ထားပြီး ကြောင်အနေတဲ့ကျူးကျူး ။ "????"
'ဘာကိုဆိုလိုတာလဲဟ?'
ကျူးကျူးမသိတာက အစားသရဲအတွက် ဒီကိစ္စဟာ အလွန်ကိုကြီးမားတဲ့အနစ်နာခံမှုဆိုတာကိုပေ။
အခုတလော ချန်ကျမ်း အပြင်ထွက်တဲ့အကြိမ်ဟာ များပြားလာသည်။ ကျူးကျူးကတော့ အိမ်မှာပဲပျင်းရိနေသည်။ 'ငါတို့နှစ်ယောက်က ကိုယ်ပိုင်ကွာခြားချက်တွေရှိတယ်။ အများကြီး ဝင်မစွက်ဖက်တာကောင်းတယ်'
ချန်ကျမ်းအပြင်ထွက်ချိန်မှာ သူမကလည်း ထုံးစံအတိုင်း ဂိမ်းကိုဖွင့်လိုက်သည်။ ဒါပေမဲ့ဂိမ်းကနေ စာတစောင်ပို့ထားတာတွေ့လိုက်ရသည်။
CG ဒီဇိုင်းအတွက်သတ်မှတ်ချက်ထွက်လာတာ မဟုတ်ပေ။ ကျူးကျူးမထင်မှတ်ထားတဲ့အကြောင်းအရာက သူမဆုကြီးပေါက်တယ်ဆိုတာပါပဲ။
[ချစ်ခင်ရပါသောကစားသမားကျူးကျူးကျူး၊ ဒီလအတွင်းမှာ သီးခြားအပန်းဖြေနေရာကို သုံးရက်ခရီးသွားခွင့်ရမဲ့ ဘောင်ချာကတ်ပေါက်ပါသည်။ မိသားစုဝင်တယောက်လည်းခေါ်လာလို့ရပါသည်။ ဒီဆုကို လက်ခံမယ်ဆိုရင် တပတ်အတွင်း အကြောင်းပြန်ပေးပါ။ ကြိုတင်ပြီးတော့ ပျော်ရွှင်စရာခရီးဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။]
'ဟုတ်ကောဟုတ်ရဲ့လား?'
ကျူးကျူးဟာ မယုံကြည်နိုင်တာကြောင့် တခေါက်ပြီးတခေါက် ကြေငြာမဟုတ်ပဲ ဆုတကယ်ပေါက်တာသေချာအောင် စစ်ကြည့်နေသည်။
သူမချက်ချင်းပဲ ပြန်ဖြေလိုက်သည်။ "ဆုကိုလက်ခံမယ်"
နေ့ခင်းဘက် အိပ်ငိုက်တာကြောင့် ကျူးကျူးလမ်းလျှောက်ထွက်ဖို့ဆုံးဖြတ်လိုက်သည်။ 'ငါနောက်ဆုံးတော့ ခရီးသွားခွင့်ရပြီ သေချာပေါက်ကိုသွားရမယ်'
'မိသားစုဝင်တယောက်ခေါ်လာလို့ရတာအတွက်....'
တချိန်တည်းမှာပဲ
ချန်ကျမ်းဟာ ရုံးခန်းထဲမှာ ဒေတာတင်ပြချက်တွေကို ဖတ်ရန်စောင့်နေသည်။
တံခါးကိုဖြတ်ပြီး တုနွမ်ဟာ သံသယဖြစ်စရာကောင်းစွာ စိတ်လှုပ်ရှား ရယ်မောလျက်ဝင်လာသည်။ "သူဌေး၊ သတင်းကောင်းရှိတယ်"
ချန်ကျမ်းဟာ ဂရုတောင်မစိုက်ပေ။
တုနွမ်ဟာ နှာခေါင်းကိုထိရင်း ရှေ့ကိုတိုးလာရင်းပြောလိုက်သည်။ "ဘာအကြောင်းလဲလို့ ဘာလို့မမေးတာလဲ?"
ချန်ကျမ်း ။ "...." ချန်ကျမ်းရဲ့ရေသေလိုမျက်ဝန်းတွေဟာ တုနွမ်ဆီရောက်သွားသည်။ အဲတော့မှ သူဟာ ချန်ကျမ်းနဲ့ အလွန်ကပ်နေကြောင်း သတိထားမိသွားသည်။
တုနွမ်ဟာ နောက်ကိုဆုတ်ရင်း ပြောလိုက်သည်။ "အခုတလော အချိန်ပိုတွေဆင်းပြီး အလုပ်တွေကြိုးစားနေတာ၊ ဘာလို့ အပြင်ဘက်ထွက်ပြီး သွားမကစားတာလဲ?"
ချန်ကျမ်းဟာ သူ့ကို "ဘာတွေပြောနေတာလဲဟ" ဆိုတဲ့မျက်နှာပေးနဲ့ ကြည့်လိုက်သည်။ တုနွမ်ဟာ သူလိုချင်တဲ့တုံ့ပြန်မှုမျိုးမရတာကြောင့် စိတ်ပျက်စွာနဲ့ သက်ပြင်းချလိုက်သည်။ "မရီးကိုယ်စား ငါ့နှလုံးသားတွေ ကွဲပါပြီ"

ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းWhere stories live. Discover now