ချန်ကျမ်းဟာ တုနွမ်ဆီက မက်ဆေ့တခုဝင်လာသည်။
[သူဌေး၊ နောက်ဆုံးရင်းနှီးမြုပ်နှံမှုကို ပြန်ထုတ်ချင်လား?]
ချန်ကျမ်းသူ့လက်ချောင်းဖျားတွေနဲ့ စာရိုက်လိုက်သည်။
[မလိုဘူး]
ချန်အဖေရဲ့ ကုမ္ပဏီဟာ ဒေဝါလီခံသွားရလေသည်။ ကျူးကျူးဟာ ရုတ်တရက် နာမည်ကြီးသွားသလိုခံစားသွားရလေသည်။
သူမ ကြူဝေဆီကို မက်ဆေ့ပို့လိုက်ပြီး သိချင်စွာနဲ့မေးလိုက်သည်။ "အိမ်နဲ့ ၃ မီလီယံ အဆင်သင့်ဖြစ်ပြီလား? ရှင်အဆင့်သင့်ဖြစ်တဲ့အချိန်ကို စောင့်နေတယ်နော်"
ဖုန်းရဲ့တခြားတဖက်မှာတော့ မက်ဆေ့ကို တွေ့လိုက်တဲ့ ကြူဝေဟာ ဒေါသထွက်လွန်းတာကြောင့် ဖုန်းကိုကောက်ခွဲမိမတတ်ုဖစ်သွားသည်။ သူမမျက်နှာဟာ ခါးသီးတဲ့အမူအရာနဲ့ တွန့်လိမ်နေပြီး သူမဖုန်းကို ပြင်းထန်စွာနဲ့ နှိပ်ကာ ပို့လိုက်သည်။ "မရဘူး! နင်ကွာရှင်းရင်တောင် ငါ့ချီးပဲရမယ်"
ကျူးကျူး တဲ့တိုးပြောလိုက်သည်။ "ဘယ်လိုတောင်ဆဲနိုင်ရတာလဲ?"
ကြူဝေ ဒေါသထွက်စွာနဲ့ သူမကိုယ် သူမဆောင့်ဆွဲလိုက်တော့သည်။
တခဏကြာပြီးနောက် ကျူးကျူးဟာ ကြူဝေတယောက် သူမကို ဘယ်တော့မှ တွေ့တော့မှာမဟုတ်မှန်း သိလိုက်သည်။
ကျူးကျူး ပခုံးတွန့်လိုက်သည်။ 'နှမြောစရာပဲ၊ ငါ ကြူဝေကို ထပ်စချင်သေးတာကို'
တကယ်တော့ ကျူးကျူးတချိန်လုံးတွေးနေမိသည်။ နဂိုစာအုပ်ရဲ့ဇာတ်ကြောင်းအရဆိုရင် ချန်အဖေရဲ့ကုမ္ပဏီက တနှစ်ကြာပြီးမှ အကြီးအကျယ် ထိခိုက်ပြီး ဒေဝါလီခံသွားရတာပေ။ 'ဘာလို့ဇာတ်ကြောင်းက အမြန်ရှေ့ကိုရောက်လာရတာလဲ? ဘာကြောင့်ဒီလိုဖြစ်လာတာလဲ ငါတကယ်မသိတော့ဘူး'
'ဒါပေမဲ့လည်း ဒီစာအုပ်က သေးငယ်တဲ့အချစ်စာအုပ်လေးပဲလေ။ ဇာတ်လိုက်နဲ့ ဇာတ်လိုက်မနှစ်ယောက်ကြား ခံစားချက်တွေကိုပဲ အဓိကအခြေခံတာဆိုတော့ ဇာတ်ကြောင်းနည်းနည်းလောက်ပြောင်းသွားလို့လည်း ဘာမှမဖြစ်လောက်ပါဘူး'
'ဇူးမာရဲ့လမ်းကြောင်းတလျှောက်မှာ အကုန်လုံးအဆင်ပြေနေတာမဟုတ်ပေ။ အလယ်မှာ အတက် အဆင်း အပြည့်ပေ။ သူမမှတ်မိတာသာ သေချာရင် ဒီနှစ်ထဲမှာ ဗီလိန်တယောက်ဆီကနေ ဇူးမာဟာ ချောက်ချခံရလိမ့်မည်'
'ဇာတ်လိုက်မဆီမှာ အရင်ဘဝကမှတ်ညဏ်တွေရှိနေတာကြောင့် သူသေချာပေါက် အောင်မြင်လာမှာသိနေသည်။ အရေးကြီးတဲ့အချိန်မှာ သူမ ဇူးမာကို လက်မလွှတ်ခဲ့ပဲ နူးညံ့စွာနဲ့ သူ့ကိုလမ်းညွှန်ပြီး ဆက်အလုပ်ကြိုးစားရန် နားချတာကြောင့် ဇူးမာဟာ အဲဒီအချက်ကြောင့် အရမ်း ရင်ထဲထိသွားသည်။ အဲဒီအချိန်လောက်မှာပဲ နှစ်ယောက်သား ပြန်လည်အဆင်ပြေသွားကာ ဇူးမာဟာ သစ္စာရှိတဲ့ခွေးဆီ ပြန်ပြေးသွားတော့သည်'
'သေချာပေါက်ကို ဇူးမာဟာ e-sports လောကမှာ အသစ်တဖန် ပြန်လည်ရပ်တည်နိုင်လာပြီး ဈေးနှုန်းတွေလည်း ထိုးတက်လာသည်။ ဇာတ်လိုက်မနဲ့လည်း ပျော်ရွှင်စွာပေါင်းဖက်သွားလေသတည်းပေါ့'
ကျူးကျူး တွေးလိုက်သည်။ 'တကယ်ပဲ ဘဝကိုပြန်စလိုက်ရင် တကယ်ပဲ အသက်ရှင်နေိုင်တာလား?'
'မှတ်ညဏ်အမှားတွေ၊ မှန်းထားတဲ့ပြောင်းလဲမှုတွေကြားက ကွာခြားချက်က တဖြည်းဖြည်းကြီးလာသည်။ လူတွေထိတ်လန့်ကုန်မလား ငါစိုးရိမ်မိတယ်'
ကျူးကျူးဟာ သူမဖုန်းကိုကောက်ကိုင်လိုက်ပြီး သူမမျက်နှာကို ဓာတ်ပုံရိုက်လိုက်သည်။
သူမသက်ပြင်းချလိုက်သည်။
ရေသောက်ဖို့ ဖြတ်သွားတဲ့ချန်ကျမ်းဟာ သက်ပြင်းချသံကြားလိုက်တာကြောင့် ကျူးကျူးကိုစိုက်ကြည့်နေလိုက်သည်။ နောက်တော့ သူမတိုးတိတ်စွာပြောတာကို တွေ့လိုက်ရသည်။ "ငါဘာလို့ ဒီလောက်လှပနေရတာလဲ?"
ချန်ကျမ်း ။ "......"
![](https://img.wattpad.com/cover/286624410-288-k813980.jpg)
VOUS LISEZ
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Comédieရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...