Chapter 7(Unicode)

6.7K 582 3
                                    

သဲလွန်စမရှိရင် အနီးအနားပတ်ဝန်းကျင်ကို အရင်စစ်ဆေးကြည့်ရတာက အရေးအကြီးဆုံးပဲ။ ကျူးကျူးဟာ ခဏလေးအတွင်းမှာ အဖြစ်အပျက်တွေ အများကြီးကြုံခဲ့ရပြီးပြီ။ အခုထိ သူမဟာ ခေါင်းရှုပ်နေတုန်းပဲ။ တနေရာမှာနေပြီး လက်တွေ့ကိုလက်ခံနိုင်အောင် ခေါင်းရှင်းသွားအောင်ပဲ နေချင်နေလေသည်။

'လောလောဆယ် မကွာရှင်းသေးဘူး။ ဒီလောကရဲ့ ဇာတ်လမ်းပြောင်းလဲမှုတွေကို ကြည့်ပြီးမှ နောက်ဆကလုပ်မှာကို ဆုံး‌ဖြတ်မယ်။'

ချန်ကျမ်းဟာ ကျူးကျူးရဲ့ ပြောင်းလဲမှုကို သိပ်ပြီးတော့ ဂရုမစိုက်လေဘူး။

"ကောင်းပြီလေ"

သူ့အတွက်က သူဘယ်သူဆိုတာရယ် သူ့ဘေးနားမှာ ဘယ်သူရှိနေတယ်ဆိုတာတွေက အရေးမကြီးလေဘူး။

ကျူးကျူးဟာ ချန်ကျမ်းလက်ထဲက အသင့်စားခေါက်ဆွဲထုပ်ကို ကြည့်ရင်း မျက်မှောင်ကျုတ်မိသွားလေသည်။

သူမ မီးဖိုချောင်ထဲသွားပြီး refrigerator ထဲက အစားအစာတွေကို ထုတ်လိုက်လေသည်။ Fast food ဒါမှမဟုတ် ပျော်စရာအိမ်လေးအစရှိတဲ့ ခေါက်ဆွဲခြောက်ထုပ်တွေပဲ ရှိနေလေသည်။ စားလို့ရမဲ့ ဟင်းသီးဟင်းရွက်ရော အသီးရော တခုမှရှိမနေပေ။

ကျူးကျူးဟာ တိတ်တဆိတ်တွေးမိလိုက်သည်။ 'အိမ်မှာ တခါမှ ဟင်းချက်မစားဘူးပေါ့?'

"ဟို..ချန်ကျမ်း နင် ခေါက်ဆွဲထုပ်စားပြီးရင်လေ အပြင်သွားကြရအောင်၊ စျေးသွားပြီး တခုခုသွားဝယ်ကြမယ်"

ချန်ကျမ်းဟာ သူမကို ဖြည်းဖြည်းချင်း စိုက်ကြည့်လိုက်လေသည်။

သူ့မျက်ဝန်းကနေ ပြောနေတဲ့အရာဟာ သိသာနေလေသည်။ ကျူးကျူးက မသိတဲ့သူတယောက်ကို ရုတ်တရက်အကူအညီတောင်းသလိုမျိုး စိုက်ကြည့်နေလေသည်။ ကျူးကျူးဟာ အကြောင်းပြချက်မရှိ အမြန်ရှင်းပြလိုက်သည်။ "အပြင်မှာ မှောင်နေပြီ မိုးလည်းရွာနေသေးတယ် ငါတယောက်တည်းမသွားနိုင်ဘူး"

"....."

နဂိုပိုင်ရှင်နဲ့ ချန်ကျမ်းဟာ အလုပ်ရက်တွေမှာ နှစ်ယောက်အဆင်ပြေပုံပေါက်နေပေမဲ့ လပေါင်းများစွာ စကားတခွန်းတောင် မပြောဖူးပေ။ နဂိုပိုင်ရှင်ဟာ ချန်ကျမ်းရဲ့အလှအပေါ် စိတ်ယိုင်ဖူးပေမဲ့ ချန်ကျမ်းဟာ ရုပ်သေးရုပ်အလှလို့ နာမည်ကြီးလေသည်။ သူဟာ အပူပေးလို့တောင် မပျော်ကျတဲ့ ခေါင်းမာတဲ့ ကျောက်တုံးလို့လူဖြစ်တာကြောင့် တဖြည်းဖြည်းစိတ်ပျက်သွားလေတော့သည်။

ကျူးကျူးဟာ ချန်ကျမ်းအပေါ် စိုးရိမ်ပေးတာဟာ အတူတူနေတဲ့သူအပေါ် ယဉ်ကျေးမှုကြောင့်လို့ တွေးနေလေသည်။

(အမရယ် ဘယ်သူက ဘာပြောနေလို့လဲ အတင်းတွေဖြေရှင်းချက်ပေးနေတာ ^^^^^^)

"စားပြီးရင် အင်္ကျီလဲလိုက် မဟုတ်ရင် အအေးမိနေမယ်။"

ချန်ကျမ်းဟာ နားတောင်မထောင်ပဲ ခေါက်ဆွဲခြောက်နဲ့အတူ စာကြည့်ခန်းထဲ ပြန်သွားပြီး တံခါးပိတ်ထားလိုက်တော့သည်။ ကျူးကျူးချောင်းကြည့်လိုက်တော့ စာကြည့်ခန်းထဲမှာ တယောက်အိပ်ကုတင်တလုံးရှိနေလေသည်။ ယောင်္ကျားဝတ်အင်္ကျီတလုံးတောင်မရှိတဲ့ သူမအိပ်ခဲ့တဲ့ အခန်းကိုတွေးမိလိုက်တော့ မနေနိုက်ပဲ ဝမ်းသာမိသွားလေသည်။

'....ကံကောင်းလို့ အတူတူတော့ အိပ်စရာမလိုဘူး"

ကျူးကျူးဟာ စာအုပ်ထဲ မကူးပြောင်းလာခင်က တယောက်တည်းနေခဲ့ရတာဖြစ်လေသည်။ မိသားစုမရှိ ရည်းစားမရှိ သိတဲ့သူသိပ်မရှိတဲ့မြို့မှာ တယောက်တည်းနေခဲ့ရလေသည်။ အခုတော့ အကျင့်ကောင်းပြီး အတူတူနေတဲ့လူတယောက်ရှိလာတော့ သူမတဖက်က ဝမ်းသာမိလေသည်။

'ဒီလိုနေရတာလည်း မဆိုးလောက်ပါဘူး'





ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းحيث تعيش القصص. اكتشف الآن