ကျူးကျူး ။" ....."
ဒီဂိမ်းရဲ့ထုတ်လုပ်သူက ပိုပိုပြီးတော့ စိတ်ဝင်စားစရာကောင်းလာတာပဲ။ 'ဘယ်သူက ဒီလိုမျိုး ခေါင်းစဉ်မရှိတဲ့ ကြော်ငြာချက်ကို တင်ထားမှာလဲ? ဒါကြီးက ဘာလဲဟ!!'
ဆွံ့အနေတဲ့ကျူးကျူးဟာ လိုင်းတက်လိုက်ရင်း အကုန်လုံးအချိန်အကြာကြီး စောင့်နေကြမှန်း သိလိုက်ရသည်။ သူတို့ဟာ တယောက်နဲ့တယောက် ဘယ်သူပိုလို့အမြင့်ခုန်နိုင်လဲ ပြိုင်နေကြသည်။ ခေါင်းဆောင်နို့ချဉ်တယောက်သာ အရူးနှစ်ကောင်ကို ကြည့်နေသလိုမျိုး တည်ငြိမ်စွာနဲ့ မလှုပ်မရှားရပ်နေသည်။
ကျူးကျူး ။ "......"
ကျူးကျူး ။" ဟေး ငါနောက်ကျသွားလို့ တောင်းပန်ပါတယ်"
နို့ချဉ်ဟာ အနည်းငယ်ရွေ့လိုက်ပြီး "စတော့"
လိုင်းတက်တက်ချင်း အဖွဲ့လိုက်တာဝန်တွေ လုပ်ကြတာက ကျူးကျူးအတွက် ပုံမှန်အလုပ်တခုလို ဖြစ်လာသည်။ အကုန်လုံးက ဒီဂိမ်းကို ပေါ့ပေါ့ပါးပါးပဲ ကစားကြပေမဲ့ တခါတလေကျတော့လည်း လေသံတွေက ရှင်းပြရခက်ပြီး မရေရာပေ။ ဒါကြောင့် သူတို့ ဘာကိုပြောနေကြတာမှန်း ကျူးကျူး နားမလည်နိုင်ပေ။
ကျူးကျူးက ဒါကို ယောင်္ကျားတွေကြားထဲက အထူးဝှက်စကားလို့ပဲ တွေးလိုက်သည်။
ကျူးကျူး ။ "နင်တို့ တယောက်နဲ့တယောက်သိကြတာလား?"
နှမ်းမဲ ။ "ဟုတ်တယ် ဟုတ်တယ် ငါတို့က ကုမ္ပဏီတခုက သူငယ်ချင်းတွေလေ"
ဖက်ထုပ် ။ "ငါတို့ရဲ့သူဌေးက အရမ်းချောတာနော် တော်လွန်းတဲ့သူက သေချာပေါက် ငါ့ကို နှစ်ကုန်ကျရင် လစာတိုးပေးမှာပဲ"
ခေါက်ဆွဲခြောက် ။ "သူဌေးက အလွန်ထက်မြက်တာကြောင့် သူသေချာပေါက် သူ့ရဲ့လစာကို သုံးပြီး ငါတို့လို အောက်ခြေက အလုပ်ကြိုးစားတဲ့ ဝန်ထမ်းလေးတွေကို ကျွေးမွေးရမယ်"
သူတို့တခုခုကို ဆိုလိုချင်တာပဲလို့ ကျူးကျူးတွေးလိုက်သည်။
သူမသေချာတွေးမှာကို မစောင့်တော့ပဲ ခေါင်းဆောင် နို့ချဉ်ဟာ" တာဝန်တွေကိုသာလုပ်"
ဒါပေမဲ့ ရက်အနည်းငယ်အတွင်းမှာပဲ အသင်းဟာ အဆင့်တွေထိုးတက်သွားပြီး ပဟေဠိအပိုင်းအစတွေအများကြီးကို 100% နိုင်နှုန်းနဲ့ ရလိုက်သည်။ ကျူးကျူးအံ့ဩသွားပြီး သူမတခါမှမမှန်းဖူးတဲ့ ဆုကြီး ပေါက်ရန် မျှော်လင့်နေမိသည်။
ကျူးကျူး ။ "ငါတို့ ဆုတွေ ဖောက်လို့ရပြီလား?"
ခေါက်ဆွဲခြောက် ။ "မင်းစမ်းကြည့်လေ ဒါတွေကပုံမှန်ပဲ"
ကျူးကျူးအနည်းငယ်အံ့ဩသွားပေမဲ့လည်း သူတို့စိတ်ပိုင်းဖြတ်ထားတာကို တွေ့ရဖို့မျှော်လင့်နေမိသည်။ သူမက ဆုတခါမှမပေါက်ဖူးတဲ့ ကံဆိုးသူတယောက်ပေ။ လမ်းမှာ ငွေတခါမှ ကောက်မရဖူးပေ။ သုံးယောက်နိုက်ပြီးသွားပြီး နှစ်ယောက်ကျန်နေသေးသည်။ သူမက ကျန်နေတဲ့နှစ်ယောက်ထဲက တယောက်ပေ။
ပျော်စရာတခုက ကိုယ့်အတွက် ငွေရလို့ဖြစ်ပြီး နောက်တခုက ရွှေငါးလိုမျိုး ကံဇာတာတက်လာလို့ပေ။
ကျူးကျူးဟာ လက်တွေကိုပွတ်ရင်း သူတို့မဲဖောက်နေတာကို ဖုန်းကို ကိုင်ရင်း ကြည့်နေလိုက်သည်။ မဲဖောက်တာကိုတော့ ခေါင်းဆောင်က လုပ်လိုက်သည်။ နို့ချဉ်ဟာ အပိုင်းအစတွေကိုစုလိုက်ပြီး မဲဆယ်ခုပြောင်းလိုက်သည်။
ပထမတကြိမ် မပေါက်ဘူး ၊ ဒုတိယတကြိမ် ၊ တတိယတကြိမ်........

STAI LEGGENDO
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Umorismoရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...