အသင်းသားတော်တော်များများ လက်နက်တွေပြောင်းလိုက်ကြပြီး ခက်ခဲတဲ့ချောက်ကမ်းပါးမြေပုံအတွက် ပြင်ဆင်လိုက်ကြတယ်။ တကယ်လို့ နတ်ဘုရားသာမပါခဲ့ရင် သူတို့သေချာပေါက် လွယ်လွယ်နဲ့မသွားရဲပေ။ တဖက်မှာတော့ နတ်ဘုရားက နတ်ဘုရားအဆင့်လက်နက်တွေကို ပြင်ဆင်နေသည်။
ကျူးကျူးကတော့ ငါးဆားနယ်လိုပဲ နေနေလိုက်သည်။
အနောက်ဘက်က မြင်းခွာ ။ "မိန်းကလေးကျူး၊ ဂိမ်းကစားနေတုန်း ပစ္စည်းလည်း မတပ်၊ အဆင့်လည်းမမြင့်၊ ဘာတွေလုပ်နေတာလဲ?"
ကျူးကျူး ။ "ရှုခင်းကြည့်နေတာ၊ ရှုခင်းက တကယ်လှတာပဲ"
ပိုင်လုံမန် ။ "ဖူး၊ အစ်မကတကယ်စိတ်ဝင်စားစရာကောင်းတာပဲ"
ချန်ယုအိမ်ရာ ။ "တကယ်လှတယ်"
ပိုင်လုံမန် ။ "ဘယ်သူ့ကိုပြောနေတာလဲ နတ်ဘုရား?"
ကျူးကျူး မျက်မှောင်ကြုတ်လိုက်သည်။ 'အခုချိန်လောက်ဆိုရသါ ဇူးမာက ရှုဘီယင်နဲ့ စေ့စပ်ထားလောက်ပြီထင်တယ်။ အခုလိုမျိုး အခြားတယောက်ကို လိုက်ကြူနေတာမျိုး မဖြစ်သင့်ပါဘူး'
'စာအုပ်ထဲမှာပါတဲ့ ဇူးမာက နူးညံ့ပြီး အားကောင်းတယ်။ ဒီလိုမျိုးမဖြစ်နိုင်ပါဘူး။ သူ့မှာ ဇနီးလောင်းရှိနေသားနဲ့ ဘာလို့ တခြားမိန်းမတွေနဲ့ လိုက်ချိတ်ဖို့ကြိုးစားနေမှာလဲ?'
'ဇူးမာရဲ့ ဒီဇိုင်းတွေက ပျက်ဆီးသွားလို့လား?'
ကျူးကျူး သူမအတွေးတွေကို ပြန်ပြောင်းတွေးလိုက်သည်။ 'ဒါကတကယ့်ကမ္ဘာပဲ၊ စာအုပ်ထဲမှာပြောထားသလိုမျိုး ချန်ကျမ်းက သွေးအေးပြီးတော့ မရက်စက်ပါဘူး၊ စာအုပ်ထဲမှာ ပေးထားတဲ့လူတွေကို သူမမယုံသင့်တာလား?'
သူမ သူမနှလုံးသားထဲမှာ အချေအတင်တွေးနေတုန်း ပိုင်လုံမန်က ခဏတိတ်ဆိတ်သွားပြီး "ဟို....ဘီယင်က အတူကစားကြမယ်တဲ့"
ရှုဘီယင်ကလည်း ဂိမ်းထဲမှာ အဓိကနေရာက ပါဝင်နေသည်။ ကျူးကျူးလည်း ဖြတ်ပြောမဲ့ အခွင့်အရေးကိုယူပြီး "ဒါဆိုရင်လည်း ငါထွက်သွားလိုက်မယ်လေ"
Dumbledore လေး ။ "မဟုတ်ဘူး၊ မင်းနေရာမှာ လိုအပ်တယ်။ အဆုံးက ပိုအန္တရယ်များတယ်၊ နောက်ထပ်နှစ်ယောက်တောင် ထပ်လိုနေသေးတာ"
ကျူးကျူး မျက်ခုံးပင့်မိသွားတော့တယ်။ အသင်းသားစာရင်းထဲမှာ ချင်ဖန်ဘီယင်ဆိုတဲ့နာမည်ပေါ်လာလေသည်။ သူမ ချက်ချင်း အသံဖွင့်လိုက်ပြီး သူမအသံက နူးညံ့ပြီးရင်း နူးညံ့ကာ "ကျူးမိန်းကလေး၊ ငါ့မှာ လက်နက်တွေ မရှိလို့ ခဏနေကျရင် ငါ့ကိုကူပေးဦးနော်"
သူမတကယ်ပဲ ရွဲ့နေတာလား ဂရုမစိုက်တာလား ကျူးကျူး မသေချာပေ။
ကျူးကျူး ။ "အိုး၊ ငါ့ RMB ကစားသမား၊ ငါနင့်ကို ပိုကောင်းတဲ့ သွေးပြန်ဖြည့်တဲ့အထုပ် ကူရှာပေးမယ်"
စကားတခွန်းတည်းနဲ့ တဖက်လူကို ဆွံ့အသွားစေသည်။
ချန်ယုအိမ်ရာ ။ "ဖူးးး"
ရှုဘီယင်မှာ မပျော်မရွှင်ဖြစ်သွားပြီး "အကိုနော်၊ အကိုက ညီမကို ရယ်နေတာလား"
ချန်ယုအိမ်ရာ ။ "မဟုတ်ဘူး၊ ဂိမ်းကိုဆက်ကစားကြမယ်"
ကျူးကျူးတယောက် အဲဒီ နူးညံ့ကျရွှဲနေတဲ့ "အကို" ဆိုတဲ့အသံကြောင့် ဦးခေါင်းခွံတောင် ထုံသွားသလိုပဲ။ 'မီးပွား ငါးထောင်ထွက်၊ မီးခိုး ခုနစ်ပေရောက်၊ ဘုရားရေ၊ ဘယ်နေရာကနေ အဲလို ရှက်စရာကောင်းတဲ့ အသံထွက်လာရတာလဲ'[နာမည်တွေက ဂိမ်းနာမည်တွေမို့လို့ တခါတလေအပေါ်မှာ Eng လိုရေးထားတာရှိသလို တရုတ်အသံထွက်နဲ့ပဲ အောက်မှာရေးထားတာလည်းရှိတာမို့လို့ ဖတ်ရတာအဆင်မပြေတာ ထောက်ပြချင်တဲ့အချက်တွေရှိရင် လာပြောပေးကြပါနော် တခါတလေလည်း တရုတ်အဓိပ္ပာယ်တွေနဲ့မို့လို့ အဓိပ္ပာယ်ကောက်တာလွဲသွားရင်လည်း ပြောပေးကြပါ]
![](https://img.wattpad.com/cover/286624410-288-k813980.jpg)
YOU ARE READING
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Humorရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...