(မတင်ဖြစ်တာကြာသွားလို့ လေးပိုင်းတင်ပေးလိုက်တယ်နော် စောင့်နေရတဲ့အတွက် sorry ပါ)
"သားမိုက် အဖေလို့မခေါ်သေးဘူးလား" ချန်ကျမ်းအဖေရဲ့မျက်နှာဟာ ဒေါသထွက်နေတာကြောင့် သူ့ရဲ့မျက်ခုံးမွှေးတွေဟာ ပိုလို့တောင်အပေါ်ကို ထောင်တက်နေသည်။
ကျူးကျူး ။" ......"
'ဒါက သူ့အဖေပေါ့ ဒါဆိုရင် ကြူဝေက သူ့အမေလား? ဒါကြောင့် ဒီကောင် ငါ့ယောက္ခမနာမည်ရင်းကို တိုက်ရိုက်ခေါ်လိုက်တော့ ထူးဆန်းတဲ့မျက်လုံးတွေနဲ့ကြည့်နေတာကို '
'ဒါပေမဲ့ ချန်ကျမ်းက နှစ်ယောက်လုံးနဲ့ ရုပ်မတူပါလား။ တကယ်လို့ ဒါက ချန်ကျမ်းရဲ့အမေဆိုရင် နဂိုပိုင်ရှင်က တဖက်လူကို နာမည်ရင်းနဲ့မှတ်ထားတာက အရမ်းမျက်နှာပြောင်တိုက်နေသလိုပဲ'
ကံကောင်းတာက တဖက်လူက သူဘယ်သူဖြစ်ကြောင်းအမြန်ဖော်ပြလာသည်။
"ဝေဝေက ဘယ်လိုပဲ မိထွေးဖြစ်နေပေမဲ့ မင်းကိုသူ့လောက်ဂရုစိုက်တဲ့လူရှိမှာမဟုတ်ဘူး။ မင်းတို့နှစ်ယောက် အခုတလော အဆင်မပြေဖြစ်နေကြတာကို ကြားပြီး သူမက ဒီလိုအတူတူထမင်းစားဖိတ်လိုက်တာပဲ။ မင်းငါတို့ကို အရူးလုပ်လို့ရမယ်ထင်နေတာလား?!!!"
အဖေချန်ကြောင့် ကျူးကျူးဟာ အနည်းငယ်ကြောင်သွားပြီး မျက်မှောင်ကျုတ်လိုက်သည်။
'ဒီစကားတွေက ပြောရမဲ့စကားတွေလား။ ချန်ကျမ်းက ဘယ်လိုပဲ မိထွေးကို လက်မခံပါစေ အဲဒါကမှန်တာပဲလေ။ ဒီတော့ဒီလို ပြင်းထန်ပြီး နားဝင်ဆိုးတဲ့စကားတွေနဲ့ သားကို တွန်းအားပေးနေတာက အဖနဲ့သားဆက်ဆံရေးကို ပိုလို့ဝေးအောင်လုပ်နေတာပဲ'
ချန်ကျမ်းဟာ တလျှောက်လုံးသစ်သားရုပ်လိုမျိုး ဘာမှမတုံ့ပြန်ပေ။ အဲဒါကပဲ ချန်ကျမ်းအဖေကို ပိုလို့ဒေါသထွက်စေပြီး ဒေါသနဲ့ လက်သုတ်ပဝါကို လက်သီးနဲ့ထိုးလိုက်ပြီး စကားလမ်းကြောင်းပြောင်းရန် လုပ်လိုက်သည်။
"ကျူးကျူး မင်းအခုတလော အဆင်ပြေရဲ့လား?"
"ဟမ်" ကျူးကျူး သူဆက်ပြီး မိဘတွေနဲ့ ဆက်ပြီး ရန်မဖြစ်ရအောင် အပြုံးနဲ့ ခေါင်းစဉ်လွှဲလိုက်ပြီး " ကောင်းပါတယ်။ အခုတလော ကျွန်မတို့အဆင်ပြေနေပါတယ်။ အဖေအထင်လွဲသွားတာဖြစ်မှာပါ'
အဲဒီစကားတွေထွက်လာတာနဲ့ ကြူဝေဟာ သူမကို စစ်ဆေးသလိုကြည့်လိုက်ပြီး သူမရဲ့အမူအရာဟာ အနည်းငယ်မဲမှောင်သွားသည်။
"ကောင်းတယ်။ အဲဒီကောင်က စားပြီးရင် တနေ့လုံးသေနေဖို့ပဲသိတာ။ အသုံးကိုမကျဘူး။ မင်းကိုအားနာလိုက်တာ" ပြောရင်း အဖေချန်က နှာခေါင်းရှုံ့လိုက်သည်။
"......."
ကျူးကျူး ချန်ကျမ်းကို ချောင်းကြည့်လိုက်သည်။
တခြားလူတွေရဲ့ သေချာထိုင်နေတဲ့ ပုံစံနဲ့ကွာစွာ သူတယောက်ထဲ အလွန်သက်တောင့်သက်တာရှိနေသည်။ သူ့ကျောရိုးဟာ အနည်းငယ်ကွေးနေပြီး သူ့ထိုင်ခုံပေါ်မှာ ပျင်းရိစွာနဲ့ သူ့အဖေရဲ့စကားတွေကို မကြားသလိုမျိုး ထိုင်နေသည်။
သူ့ရဲ့သေးသွယ်တဲ့လက်ချောင်းတွေက ပန်းကန်အောက်က တစ်ရှူးကိုလုံးနေပြီး မျက်လွှာချလျက် ဘာကိုမှ ဂရုမစိုက်တဲ့ အကြည့်ကိုပုံဖော်လျက်ရှိနေသည်။

ŞİMDİ OKUDUĞUN
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Mizahရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...