သူမစားတာကို အရှိန်မြင့်လိုက်ပြီး စားပြီးရင် အိမ်အမြန်ပြန်ရန် တွေးနေသည်။ 'တကိုယ်လုံးမှာစွဲနေတဲ့ အစားအစာအနံ့တွေကို ချန်ကျမ်း မရိပ်မိအောင် သေချာဖျောက်ထားရမယ်'
"သူ....လူအိုကြီးချန်၊ ဘာစားမှာလဲ?"
တုနွမ်ဟာ ချန်ကျမ်းရဲ့ အသိစိတ်လွတ်နေတဲ့ ပုံစံကိုကြည့်ပြီး သူဌေးလို့ ခေါ်မိတော့မလို့ပေ။ သူ့ပါးစပ်ကို မြန်မြန်ပိတ်လိုက်ပြီး မီနူးစာအုပ်ကို ချန်ကျမ်းဆီ ထိုးပေးလိုက်သည်။ ' ထူးဆန်းလိုက်တာ၊ စားသောက်တာနဲ့ အလုပ်လုပ်တာပဲ ဂရုစိုက်တဲ့သူဌေးက ဒီနေ့အစားအစာကို စိတ်မဝင်စားဘူးပေါ့ ?' တုနွမ်က ဒါဟာ ကြီးမားတဲ့ပြသာနာဖြစ်ကြောင်း တွေးနေသည်။
ဒါပေမဲ့ ခုချိန်မှာတော့ သူ့သိချင်စိတ်ကို ထိန်းချုပ်ပြီး ချန်ကျမ်းမှာ မှာကိုပဲ စောင့်နေလိုက်သည်။
ချန်ကျမ်းရဲ့ သေးသွယ်တဲ့ လက်ချောင်းတွေ အနည်းငယ်တို့လိုက်ပြီး သေချာပေါက် ကျူးကျူးစားနေတဲ့ ဟင်းပွဲတွေထဲကပဲ မှာလိုက်သည်။ သူ့ရဲ့ ပျင်းရိနေတဲ့ မျက်ခွံကိုပင့်လိုက်ပြီး ကျူးကျူးရှိနေတဲ့နေရာဆီလှမ်းကြည့်လိုက်သည်။ 'ဘယ်သွားမလို့လဲ??'
အန်ရူဟာ သူက သူမကို ကြည့်နေတယ်ထင်ပြီး မိန်းမဆန်စွာ သူမနားထင်ဆီက ဆံစကို နားနောက်ကို သပ်လိုက်တာကြောင့် လက်မြှောက်သလိုဖြစ်ပြီး ချန်ကျမ်းတယောက်တည်းစားနေတဲ့လူလိမ်ကို ကြည့်နေတာကို ကွယ်မိသလို ဖြစ်နေသည်။
သူ စိတ်မရှည်စွာနဲ့ ပြောလိုက်သည်။ "မြန်မြန်လုပ်"
'စကားပြောနေဖို့အချိန်မရှိတော့ဘူး။ လူလိမ်က ထွက်ပြေးမလို့လုပ်နေပြီ'
ဇူးမာရဲ့ မသိစိတ်ဟာ အားကောင်းတာကြောင့် သူချက်ချင်းပဲ ဒီ " လူအိုကြီးချန် " ဆိုတဲ့သူဟာ လွယ်ကူမဲ့သူမဟုတ်မှန်း တွေးလိုက်သည်။
သူသေချာထိုင်လိုက်ပြီး သူ့အသံကို နှိမ့်လိုက်ပြီး နွေးထွေးစွာနဲ့ ပြောလိုက်သည်။ "တကယ်ပြောရရင် ကျားချန်ကိုဝင်ရတာက ကျွန်တော့်အိမ်မက်ပါ၊ ကျေးဇူးပြုပြီး အခွင့်အရေးပေးမယ်လို့မျှော်လင့်ပါတယ်။ တခြားသူတွေ လုပ်နိုင်တဲ့အရာတိုင်း ကျွန်တော်လုပ်နိုင်ပါတယ်"
ဇူးမာအပေါ် တုနွမ်ရဲ့ အမြင်ဟာ မဆိုးပေ။ ဒါပေမဲ့ ဆုံးဖြတ်ချက်ချခွင့်ကချန်ကျမ်းလက်ထဲမှာပဲ ရှိနေသည်။ ချန်ကျမ်းခေါင်းမညိတ်သေးတာကြောင့် သူဘေးကပဲ ရပ်ကြည့်နေနိုင်သည်။
"မစ္စတာဇူး၊ အိမ်မက်အစဉ်လိုက်ဂိမ်းမှာ ပြသာနာတက်ထားတယ်မလား။ အခုချိန်ဝင်တာက အခွင့်ကောင်းမဟုတ်ဘူး။ မင်းအောင်မြင်မှုတချို့ဆုပ်ကိုင်ဖို့ရန် ငါတို့မျှော်လင့်ပါတယ်"
ဇူးမာဟာ စိတ်ပျက်သွားပေမဲ့ ချက်ချင်းပဲ ပြန်ဖြေလိုက်သည်။ " ကျွန်တော်နားလည်ပါတယ်၊ ကျားချန်က ကျင်းပတဲ့ ကလပ်ကစားသမားတွေပြိုင်ပွဲကို ကျွန်တော်စာရင်းသွင်းထားပါပြီ၊ ကျွန်တော် အကောင်းဆုံးလုပ်မှာပါ"
တုနွမ်ဟာ အလွန်ကျေနပ်သွားသည်။
တုနွမ်ဟာ ချန်ကျမ်းအကြံအချို့များပေးလေမလားလို့ ချန်ကျမ်းကို လှမ်းကြည့်လိုက်သည်။ တုနွမ်ဟာ အချိန်အကြာကြီး လူငယ်တယောက်ကို စောင့်ကြည့်နေတာဖြစ်ပြီး သူ့ရဲ့ စွမ်းရည်တွေကလည်း ခြုံငုံကြည့်ရင် အဆင်ပြေသည်။ သူဟာ သေချာပေါက် အနာဂတ်မှာ e-sports လောကမှာ သူ့နာမည်ကို ချန်ထားနိုင်မဲ့သူပဲ။
တုနွမ် ရုတ်တရက်ရပ်တန့်သွားသည်။
ချန်ကျမ်းဟာ တနေရာတည်းကို စိုက်ကြည့်နေသည်။ သူလှည့်ကြည့်လိုက်တော့ စားပွဲမှာ အလွန်လှတဲ့မိန်းမတယောက်ဟာ အစားအစာကို အလွန်မြန်တဲ့အရှိန်နဲ့သွပ်သွင်းနေတာကို တွေ့လိုက်ရသည်။ တုနွမ်ကြည့်လိုက်ချိန်မှာ သူမဟာ ကျို့ထိုးသွားတာကြောင့် ဝိုင်နီနဲ့ မျှောချနေတာကို တွေ့လိုက်ရသည်။

YOU ARE READING
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Humorရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...