(vote 1K ပြည့်သွားလို့ နှစ်ပိုင်းတင်လိုက်တယ်နော်)
နို့ချဉ် ။ " သူ့ဦးနှောက်ပျက်နေတာ"
တောင်ဘက်ကနှမ်းမဲ ။ " ဟုတ်တယ် အချိန်ပိုတွေဆင်းရပြီး တုံးသွားတာ၊ စိတ်မဆိုးပါနဲ့"
Kang Shuaifu အသင့်စားခေါက်ဆွဲခြောက် ။ "ငါအခုလေးတင် သူ့ကိုရိုက်လိုက်ပြီ"
သူတို့ရဲ့စိတ်အားထက်သန်မှုကြောင့် ကျူးကျူးရင်ထဲထိသွားတော့သည်။ " .......ကျေးဇူးပဲနော်"
(နာမည်တွေကရှည်လွန်းလို့ တောင်ဘက်ကနှမ်းမဲကို နှမ်းမဲ၊ Kang Shuaifu အသင့်စားခေါက်ဆွဲခြောက်ကို ခေါက်ဆွဲခြောက်၊ ဖက်ထုပ်လောက်အရသာရှိတာမရှိဘူးကို ဖက်ထုပ်လို့ အတိုကောက်ရေးပါမယ်နော် နို့ချဉ်ကတော့ လွတ်ငြိမ်းခွင့်ရသွားပါတယ်)
အသင်းထဲကလေထုဟာ အဆင်ပြေနေပြီး အသင်းကလူတွေဝိုင်းအပြစ်တင်ပြောဆိုပေးပြီးနောက် ကျူးကျူးဟာ ဆက်နေဖို့ဆုံးဖြတ်လိုက်သည်။ သူမဒီအသင်းအသစ်ကို မြန်မြန်ရင်းနှီးသွားအောင် ဂိမ်းပွဲစကစားလိုက်တော့သည်။ ' ပထမဆုံးကစားပွဲ ' ကျူးကျူးဟာ အကောင်အဖွဲ့လိုက်သတ်ရန်မစောင့်နိုင်တော့ပေ။ ဘယ်သူကမှသူမကို ကစားရန်ထည့်မတွက်ထားပဲ တခြားသူတွေ ချိုးချိုးခြွတ်ခြွတ်လှုပ်ရှားတာကိုပဲ မြင်လိုက်ရဲပြီး တခဏအတွင်းသုံးယောက်က ဘုရင်တွေငါးခါလောက်သတ်လိုက်ပြီး နှစ်ယောက်ကအကောင်သေးတွေကို နှစ်ခါလောက်သတ်လိုက်သည်။
အကောင်တွေသတ်နေရင်းပဲ ကျူးကျူးတို့ဆက်စာရိုက်နေကြတယ်။
နှမ်းမဲ ။ "အိုးး ကံကောင်းတာ တကယ်ကံကောင်းသွားတာ "
ခေါက်ဆွဲခြောက် ။ "ဟုတ်တယ် အကုန်လုံးရဲ့အစွမ်းက သိပ်ကောင်းတာမဟုတ်ဘူး ဒီလိုမျိုးလွယ်လွယ်နိုင်သွားလိမ့်မယ်လို့မထင်ထားဘူး "
ကျူးကျူး ။ "????? "
'ဘာတွေပြောနေတာလဲ ငါတခြားသူတွေနဲ့အသင်းဖွဲ့ကစားတုန်းကဆိုရင် ငါအမှတ်မရတာတွေအများကြီးနော် ဟုတ်ပြီလား !!'
ကျူးကျူးကိုယ့်ကို ဖြေသိမ့်နေလိုက်သည။ ' ဒါကအစမို့လို့ပဲ နောက်ထပ်ပွဲတွေဆိုရင် လွယ်တော့မှာမဟုတ်ဘူး'
အတွေ့အကြုံရမှတ်မှာအမှတ်တွေဗုံးကြဲသလိုမျိုးတက်လာပြီး သူတို့ဟာ ပျော်၇ွှင်စွာနဲ့နောက်ထပ်တာဝန်တခုဆီ ပြောင်းရွှေ့ခံလိုက်ရသည်။ ကျူးကျူးအနည်းငယ် မသိကျိူးကျွန်ပြုခံရသလိုခံစားရပြီး မြူဆိုင်းနေတဲ့လမ်းအတိုင်း နောက်မြေပုံတခုဆီ လိုက်သွားလိုက်သည်။' ငါတောင်မရောက်သေးဘူး ကျန်တဲ့သူတွေက ရှေ့ကို ဆက်သွားကြပြီ'
ဖုန်းစကရင်ဟာ လှပတဲ့မီးရှူးမီးပန်းတွေနဲ့ပြည့်သွားသည်။ 'ငါဘာမှတောင်မမြင်လိုက်ရသေးဘူး နိုင်သွားပြီတဲ့လား'
အထူးသဖြင့် ခေါင်းဆောင်မှာ သီချင်းသံတွေရော တိကျတဲ့လှုပ်ရှားမှုတွေအပြင် အရမ်းမိုက်တဲ့လက်အမြန်နှုန်းတွေရှိလေသည်။ ကျူးကျူးဟာ ဝတ်ပြုဆုတောင်းချင်စိတ်ပေါက်သွားသည်။
နှမ်းမဲ ။ " ဟေး ကံပဲ"
ကျူးကျူး ။ "......."
အသင်းဟာ ဆက်ပြီးရင်းဆက် ပဟေဠိတွေဖြေနေတာကို ကြည့်နေရင်း အသင်းရဲ့အဆင့်ဟာ လည်း တက်လာလေသည်။ ကျူးကျူးဟာ နှလုံးသားထဲက အလိမ်ခံလိုက်ရသလိုခံစားချက်ကို မဖော်ပြတတ်တော့ပေ။
ကျူးကျူး ။ "နင်.....နင်နတ်ဘုရားလား?"
အစကနေ စကားလုံးတလုံးပဲပြောသေးတဲ့ ခေါင်းဆောင်နို့ချဉ်ဟာ ရှင်းပြလိုက်သည်။ " ဒါတွေက လူနဲ့စက်ပြိုင်ရတဲ့ဂိမ်းတွေများတယ် ဆုတွေကလည်းပုံမှန်တွေပါပဲ ငါတို့ကလူပုတွေကြားထဲမှာမို့ ရှည်သလိုထင်နေရတာ"
ESTÁS LEYENDO
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Humorရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...