ကျူးကျူးသူ့စကားတွေထဲက တချို့ကိုပဲ ယူကာကောက်ချက်ချလိုက်သည်။ ' သူသာ တကယ်ပဲ ဂိမ်းနတ်ဘုရားဖြစ်နေရင် ဘာလို့ ဒီလိုမျိုးအကောင်လေးတွေလိုက်ဖမ်းနေရတဲ့ဂိမ်းစုတ်လေးကို ကစားဖို့ဘာလို့အသင်းဖွဲ့နေသေးတာလဲ။ ဆုငွေကသူတို့တခါ live လွှင့်တာလောက်တောင် ရှိမှာမဟုတ်တာကို '
ဒီနေ့ဖြေရှင်းရတဲ့တာဝန်တွေများတာကြောင့် ပင်ပန်းသွားပြီး အကုန်လုံးကနောက်ညဆက်ကစားဖို့ သဘောတူလိုက်ကြသည်။ ချိန်းတဲ့အချိန်က တိုက်ဆိုင်စွာကျူးကျူးထမင်းစားသောက်ပြီးတဲ့ချိန်နဲ့ကိုက်နေသည်။ ဒါကြောင့် သူမအစီအစဉ်တွေကြောင့်အချိန်မလုံလောက်ဘူးဆိုတဲ့ ရှက်စရာကောင်းတဲ့အကြောင်းပြချက်ကို ရှောင်ရှားနိုင်သွားသည်။
ဒီနေ့တိုက်ပွဲတွေရဲ့ အစွမ်းကြောင့် ပင်ပန်းနေပေမဲ့ ကျူးကျူးဟာ ပျော်ရွှင်နေပေသည်။' ဒါက အုပ်စုလိုက်ကစားရတဲ့ဂိမ်းတွေရဲ့စိတ်ဝင်စားစရာကောင်းတဲ့အချက်ဖြစ်မယ်'
အခုကနေစပြီး ကျူးကျူးရဲ့အတွေးမှာချန်ကျမ်းဟာ ပဟေဠိဖြေရှင်းရတဲ့ဂိမ်းတွေကြိုက်တဲ့ ကလေးကြီးတယောက်လိုပဲ မြင်တော့တယ်။
ကျူးကျူးမီးဖိုချောင်ဆီသွားကာ ရေတခွက်ခပ်လိုက်သည်။ သူမသွားတဲ့လမ်းမှာ အခန်းဟာ အရမ်းတိတ်ဆိတ်နေသည်။ 'တဖက်လူအိပ်သွားပြီထင်တယ်' ကျူးကျူးတွေးလိုက်သည်။ ' အိပ်သွားပြီလား စောင်ခြုံဖို့ကောသတိရလားတောင် မသိရဘူး အရမ်းစိတ်ရှုပ်စရာကောင်းတာပဲ'
ချန်ကျမ်းနိုးသွားမှာကြောက်တာကြောင့်ကျူးကျူးဟာ ခြေလှမ်းတွေကိုဖော့လိုက်ပြီး သူမအခန်းထဲပြန်ဝင်သွားလိုက်သည်။
တံခါးတဖက်မှာ........
ချန်ကျမ်းဟာ ခေါင်းအုံးပေါ်မှီလျက် တယောက်အိပ်ကုတင်ပေါ် ခြေဆင်းချထိုင်နေသည်။ ဂိမ်းစာမျက်နှာကနေမထွက်ရသေးတာကြောင့် အပေါ်မှာပေါ်နေတဲ့ ဂိမ်း ID ဟာ နို့ချဉ်ဆိုတဲ့စာလုံးအနည်းငယ်ကို ဖော်ပြနေသည်။
ဂိမ်းကနေထွက်လာပြီးနောက် တုနွမ်ဟာ ပျင်းလာတော့သည်။ ဂိမ်းထဲမှာ ဗိုင်းရစ်အများကြီးရှိနေတာကို ကြည့်မနေနိုင်တော့ပေ။ သူတို့တိတ်တိတ်လေးဂိမ်းစနစ်ထဲဝင်ပြီး သေနေတဲ့ဗိုင်းရစ်အနည်းငယ်ကို အကောင်းမြင်စိတ်လေးနဲ့ ဖယ်ရှားပေးနေလိုက်သည်။
ပြန်ပြင်နေရင်း အသင်းဟာ ဆက်စကားပြောနေကြသေးသည်။
"အောင်မလေး ငါဒီလောက်ထိလိုင်းကျပ်နေတာလဲ နားမလည်နိုင်တော့ဘူး"
"ရှင်းရမဲ့ ဗိုင်းရစ်တွေပြောလို့တောင်ကုန်မှာမဟုတ်ဘူး သူတို့ပရိုဂရမ်သမားတွေ ကောလိပ်ကောတက်ခဲ့ကြရဲ့လား"
"မင်းတို့ ငါတို့ရဲ့ Wudaokou လေ့ကျင့်ရေးနဲ့နည်းပညာကောလိပ်ကို အနာဂတ်မှာလေ့လာစရာရှိရင် လာချင်လာလို့ရတယ်နော်"
စကားပြောနေကြရင်း ဗိုင်းရစ်တွေပြင်နေတာကြောင့် အသင်းရဲ့လေထုဟာ အေးအေးဆေးဆေးနဲ့သာယာနေသည်။ မိုဘိုင်းဂိမ်းဟာ မထင်မှတ်ထားလောက်အောင် အပေါက်တွေနဲ့ပြည့်နေပြီး သူတို့မနက်ဖြန်ရောက်သွားချိန်မှာတော့ ဂိမ်းဟာ လုံးဝကမ္ဘာသစ်လိုဖြစ်သွားတော့သည်။
............
ကမ္ဘာကြီးရဲ့အခြားထောင့်တနေရာမှာ
အိပ်ရာပေါ်မှာလဲနေတဲ့ မိန်းမတယောက်ဟာ ရုတ်တရက်မတည်ငြိမ်သလို လူးလှိမ့်လာသည်။ သူမဟာ ချွေးအေးတွေနဲ့ ပြည့်နေပြီး သူမမျက်လုံးတွေဟာ ရှုပ်ထွေးပြီး နာကျင်ရတဲ့မှတ်ညဏ်တွေနဲ့ပွင့်လာခဲ့တယ်။

YOU ARE READING
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Humorရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...