နို့ချဉ် ။ "သူ့ဦးနှောက်ပျက်နေတာ"
တောင်ဘက်ကနှမ်းမဲ ။ "ဟုတ်တယ် အချိန်ပိုတွေဆင်းရပြီး တုံးသွားတာ၊ စိတ်မဆိုးပါနဲ့ "
Kang Shuaifu အသင့်စားခေါက်ဆွဲခြောက် ။ ငါအခုလေးတင် သူ့ကိုရိုက်လိုက်ပြီ "
သူတို့ရဲ့ စိတ်အားထက်သန်မှုကြောင့် ကျူးကျူးရင်ထဲထိသွားတော့သည်။ ".... ကျေးဇူးပဲနော်"
(နာမည်တွေကရှည်လွန်းလို့ တောင်ဘက်ကနှမ်းမဲကို နှမ်းမဲ၊ Kang Shuaifu အသင့်စားခေါက်ဆွဲခြောက်ကို ခေါက်ဆွဲခြောက် ၊ ဖက်ထုပ်လောက်အရသာရှိတာမရှိဘူးကို ဖက်ထုပ်လို့ အတိုကောက်ရေးပါမယ်နော် နို့ချဉ်ကတော့ လွတ်ငြိမ်းခွင့်ရသွားပါတယ်)
အသင်းထဲကလေထုဟာ အဆင်ပြေနေပြီး အသင်းကလူတွေဝိုင်းအပြစ်တင်ပြောဆိုပေးပြီးနောက် ကျူးကျူးဟာ ဆက်နေဖို့ဆုံးဖြတ်လိုက်သည်။ သူမဒီအသင်းအသစ်ကို မြန်မြန်ရင်းနှီးသွားအောင် ဂိမ်းပွဲစကစားလိုက်တော့သည်။ ' ပထမဆုံးကစားပွဲ' ကျူးကျူးဟာ အကောင်အဖွဲ့လိုက်သတ်ရန်မစောင့်နိုင်တော့ပေ။ ဘယ်သူကမှသူမကို ကစားရန်ထည့်မတွက်ထားပဲ တခြားသူတွေ ချိုးချိုးခြွတ်ခြွတ်လှုပ်ရှားတာကိုပဲ မြင်လိုက်ရပြီး တခဏအတွင်း သုံးယောက်က ဘုရင်တွေငါးခါလောက်သတ်လိုက်ပြီး နှစ်ယောက်ကအကောင်သေးတွေကို နှစ်ခါလောက်သတ်လိုက်သည်။
အကောင်တွေသတ်နေရင်းပဲ ကျူးကျူးတို့ဆက်စာရိုက်နေကြတယ်။
နှမ်းမဲ ။ "အိုးး ကံကောင်းတာ တကယ်ကံကောင်းသွားတာ"
ခေါက်ဆွဲခြောက် ။ "ဟုတ်တယ် အကုန်လုံးရဲ့အစွမ်းကသိပ်ကောင်းတာမဟုတ်ဘူး ဒီလိုမျိုးလွယ်လွယ်နိုင်သွားလိမ့်မယ်လို့မထင်ထားဘူး"
ကျူးကျူး ။ "?????"
'ဘာတွေပြောနေတာလဲ ငါတခြားသူတွေနဲ့အသင်းဖွဲ့ကစားတုန်းကဆိုရင် ငါအမှတ်မရတာတွေအများကြီးနော် ဟုတ်ပြီလား!!'
ကျူးကျူးကိုယ့်ကို ဖြေသိမ့်နေလိုက်သည်။ 'ဒါကအစမို့လို့ပဲ နောက်ထပ်ပွဲတွေဆိုရင် လွယ်တော့မှာမဟုတ်ဘူး'
အတွေ့အကြုံရမှတ်မှာ အမှတ်တွေ ဗုံးပေါက်သလိုတက်လာပြီး သူတို့ဟာ ပျော်ရွှင်စွာနဲ့နောက်တာဝန်တခုဆီ ပြောင်းရွေ့ခံလိုက်ရသည်။ ကျူးကျူးအနည်းငယ် မသိကျိုးကျွန်ပြုခံရသလိုခံစားရပြီး မြူဆိုင်းနေတဲ့လမ်းအတိုင်း နောက်မြေပုံတခုဆီလိုက်သွားလိုက်သည်။ 'ငါတောင်မရောက်သေးဘူး ကျန်တဲ့လူတွေကရှေ့ကိုဆက်သွားကြပြီ'
ဖုန်းစကရင်ဟာ လှပတဲ့မီးရှုးမီးပန်းတွေနဲ့ပြည့်သွားသည်။ ' ငါဘာမှတောင်မမြင်လိုက်ရသေးဘူး နိုင်သွားပြီတဲ့လား'
အထူးသဖြင့် ခေါင်းဆောင်မှာ သီချင်းသံတွေရော တိကျတဲ့လှုပ်ရှားမှုတွေအပြင် အရမ်းမိုက်တဲ့လက်အမြန်နှုန်းတွေရှိလေသည်။ ကျူးကျူးဟာ ဝတ်ပြုဆုတောင်းချင်စိတ်ပေါက်သွားလေသည်။
နှမ်းမဲ ။ "ဟေး ကံပဲ"
ကျူးကျူး ။ "......"
အသင်းဟာ ဆက်ပြီးရင်းဆက်ပဟေဠိတွေဖြေနေတာကိုကြည့်နေရင်း အသင်းရဲ့အဆင့်ဟာလည်းတက်လာလေသည်။ ကျူးကျူးဟာ နှလုံးသားထဲက အလိမ်ခံလိုက်ရသလိုခံစားချက်ကို မဖော်ပြတတ်တော့ပေ။
ကျူးကျူး ။ " နင်....နင်နတ်ဘုရားလား?"
အစကနေစကားလုံးတလုံးပဲပြောသေးတဲ့ ခေါင်းဆောင်နို့ချဉ်ဟာ ရှင်းပြလိုက်သည်။ "ဒါတွေက လူနဲ့စက်ပြိုင်ရတဲ့ဂိမ်းတွေများတယ် ဆုတွေကလည်းပုံမှန်တွေပါပဲ ငါတို့ကလူပုတွေကြားထဲမှာမို့ ရှည်သလိုထင်နေရတာ"
YOU ARE READING
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Humorရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...