ကျူးကျူးဟာ အံ့ဩသွားပေသည်။
နောက်ဘာဆက်ဖြစ်မလဲဆိုတာ သူမ ကြိုသိနေပြီ။
ရုတ်တရက်တိုက်ခိုက်ခံလိုက်ရတဲ့အဖြစ်အပျက်အတွင်းမှာပဲ ပလတ်စတစ်အိတ်ကို သယ်ထားတဲ့ ချန်ကျမ်းဟာ သရုပ်ဆောင်မှုမှာ စိတ်နှစ်မြှုပ်နေတဲ့ရှောင်ပိုင်လျန်ရဲ့ ရှက်ပြီး စိတ်လှုပ်ရှားမှုအောက်မှာပဲ အေးအေးဆေးဆေးဘေးကို တလှမ်းဆုတ်လိုက်တာကြောင့် ရှောင်ပိုင်လျန်ဟာ လေကိုပဲ ဖမ်းဆုတ်မိလိုက်လေသည်။ ကြောက်လန့်နေတဲ့ကောင်မလေးဟာ ပြုတ်ကျနေတဲ့အရှိန်ဟာ မနှေးတာကြောင့် သနားစရာကောင်းစွာအော်ဟစ်လိုက်သည်။
ကျူးကျူး ။ "......"
ချန်ကျမ်းလက်ထဲက ပလတ်စတစ်အိတ်ဟာ လွတ်ကျသွားပြီး အရိုးတွေလှိမ့်ကျလာသည်။ ရှောင်ပိုင်လျန်ဟာ လူတဝက်စာလောက်မြင့်တဲ့ ပလတ်စတစ်အိတ်ရဲ့နူးညံ့တဲ့အပိုင်းပေါ်ပြုတ်ကျသွားတာကြောင့် ကံကောင်းစွာနဲ့ နေရာမှာတင် ခေါင်းမကွဲသွားပေ။
ရှက်စရာကောင်းတဲ့ အဖြစ်အပျက်ဖြစ်သွားသည်။
မြေပေါ်ပြုတ်ကျသွားတဲ့ အရှိန်နဲ့ ဖောင်းနေတဲ့ပလတ်စတစ်အိတ်ဟာ ပေါက်သွားပြီး တဖက်လူမတုံ့ပြန်နိုင်ခင်မှာပဲ သူမခေါင်းဟာ ကျူးကျူးရဲ့ အဝတ်တွေထဲ ခေါင်းစိုက်သွားသည်။ အမှိုက်အိတ်ပေါ်လဲနေတဲ့ ကောင်မလေးဟာ ကြောက်လန့်တကြားနဲ့ သူမအနည်းငယ်ပုံစံမမှန်တာကို သတိထားမိသွားသည်။ သူမခေါင်းကိုပြန်မော့လိုက်ပြီး ခေါင်းပေါ်ကနေ ကြိုးတခုကို ဖယ်ရှားလိုက်သည်။ ကြိုးရဲ့အရောင်ဟာ အနီရောင်တောက်တောက်ပေ။
"....." အဲဒီအဖြစ်အပျက်ကို ကြည့်ပြီး ကျူးကျူးဟာ အချိန်နောက်ပြန်ဆုတ်ပြီး ပြန်ပြောင်းလို့ရရင်ကောင်းမယ်လို့ တခဏတွေးလိုက်မိသည်။
ခေါင်းပေါ်မှာ ဘရာဇီယာစွတ်လျက်ရှိနေတဲ့ ကောင်မလေးဟာ တခုခုမှားနေတာ ရိပ်မိသွားပြီး သူမအမူအရာပြောင်းသွားတော့သည်။ သူမဟာ သူမခေါင်းပေါ်က ဘရာကို တုန်ယင်စွာနဲ့ ယူလိုက်ချိန်မှာ သူမလက်ထဲဘာရှိနေမှန်းသိသွားတော့ သူမမျက်နှာဟာ အဖြူတလှည့် အပြာတလှည့် ပြောင်းသွားတော့သည်။
ချန်ကျမ်းဟာ အိတ်ထဲလက်တဖက်ထိုးလျက် နေရာမှာတင်ရပ်နေပြီး ကူညီမဲ့အရိပ်အယောင်မရှိပဲ သူမကို စိုက်ကြည့်နေလေသည်။
ကောင်မလေးဟာ သူမရဲ့မတရားမှုအတွက်သည်းမခံနိုင်တော့ပဲ ပြင်းထန်စွာငိုကြွေးလျက် ဘရာကိုလွှင့်ပစ်ကာ ထွက်ပြေးသွားတော့သည်။
ကျူးကျူး ။ "....."
'ဒါ ငါ့အမှားမှမဟုတ်တာ'
ချန်ကျမ်းဟာ လှေကားကို ဖြေးဖြေးချင်းဆင်းပြီး ဘရာကို သွားကောက်လိုက်ပြီး အမှိုက်အိတ်ဆီသွားထည့်လိုက်သည်။ ကျူးကျူးအနည်းငယ်ရှက်မိသွားသည်။
'သူမအဲဒါကို မဝတ်ပေမဲ့ နောက်ဆုံးကောက်ချက်ချရမယ်ဆိုရင် အဲဒါက သူမအတွင်းခံပဲလေ'
သူမမြန်မြန်လှေကားဆီ လျှောက်သွားပြီး "ခဏလေး ငါကောက်သိမ်းလိုက်.......အား!"
ရုတ်တရက် သူမခြေခေါက်ထားတဲ့နေရာကနေ နာလာတာကြောင့် ခြေမခိုင်ဖြစ်သွားပြီး ပြုတ်ကျတော့မလိုဖြစ်သွားသည်။
ကျူးကျူးဟာ သေချာပေါက် အဲဒီခွေးကောင်ချန်ကျမ်းရှောင်လိုက်တာကို မြင်လိုက်ရသည်။
'ရှောင်တယ်ပေါ့လေ အခုချက်ချင်းငါ့ကို ဆွဲစမ်း'
သူမဟာ ချန်ကျမ်းအဝတ်တွေကို မြန်မြန်ဆောင့်ဆွဲလိုက်တာကြောင့် ချန်ကျမ်းဟာ လည်း လေပြင်းတိုက်လို့ လဲကျသွားတဲ့သစ်ပင်လို ခြေမခိုင်ပဲ ပြုတ်ကျသွားတော့သည်။
YOU ARE READING
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Humorရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...