ကျူးကျူးဟာ သီချင်းလေးညည်းနေရင်း ပုံဆွဲ Board မှာ ပန်းချီဆွဲနေလေသည်။ တခါတရံ Mouse ကို တချက် တချက် နှိပ်လိုက်ပေမဲ့ အများစုကတော့ ပန်းချီပုံကို ဆွဲနေတာနဲ့ အချိန်ကုန်နေသည်။
ပန်းချီပုံဟာ ယန်ဇီမြစ်ရဲ့ တောင်ဘက် နွေဦးရှုခင်းကို ဖော်ပြနေသည်။ ချယ်ရီပန်းပွင့်တွေဟာ လေယူရာယိမ်းနွဲ့ကာမြေပြင်ပေါ်မှာ ပြန့်ကြဲနေကြသည်။ ကျူံးချွန်ရဲ့ အလှဆုံးအခိုက်အတန့်ပေ။ အနီရောင်အုတ်ခဲတွေ၊ အဖြူရောင်ကြွေပြားတွေ၊ ပွဲကြည့်စင်တွေဟာ ရွှေရောင်အရောင်အဝါနဲ့ ဖုံးလွှမ်းနေသည်။ အနီရောင်အင်္ကျီနဲ့ အဖြူရောင်စကပ်ဝတ်ဆင်ထားတဲ့ ကျောက်စိမ်းနတ်ဘုရားဟာ အစွန်းထွက်နေတဲ့ကျောက်စွန်းပေါ်ထိုင်နေပြီး ခြေတွေရော လက်တွေပါ လေထဲကို မြှောက်ထားသည်။ လေပြေတိုက်ခတ်လာချိန်မှာတော့ သူမရဲ့ အနက်ရောင်ဆံရှည်ရော အင်္ကျီရော လေနဲ့အတူ လွှင့်နေတာကြောင့် ဖြတ်သွားတဲ့လူတွေကို နေ့ခင်းအိမ်မက်မက်နေသလိုမျိုး မြင်ကွင်းကို ချန်ထားခဲ့သည်။
ကျူးကျူး လက်တွေကို မြှောက်ပြီး အကြာကြီး အဲအတိုင်း နေနေခဲ့သည်။
အကြမ်းထည်အပြီးသတ်သွားတဲ့ ပန်းချီကားကို ကြည့်ပြီးတော့ သူမခါးကို အကြောဆန့်လိုက်တော့ သူမနောက်ကျော အနည်းငယ်တောင့်တင်းနေတာကို သတိပြုမိလိုက်သည်။
စာအုပ်ထဲ မကူးပြောင်းလာခင်မှာ သူမက အနုပညာကျောင်းသူအဖြစ်မွေးဖွားခဲ့ပြီး ပန်းချီပညာမှာတော့ ထူးချွန်သည်။ ကောလိပ်တက်နေတုန်းမှာပင် သူမနာမည်ကြီးလာပြီး ဘွဲ့ယူပြီးချိန်မှာတော့ အလွတ်တန်းဒီဇိုင်းဆွဲသူအဖြစ် လုပ်ကိုင်ရန် ရွေးချယ်ခဲ့သည်။
သိပ်ပြီးစိတ်အားထက်သန်တာမရှိပဲ ပန်းချီကို သူမ ဆွဲချင်တဲ့ အချိန် ကောက်ဆွဲလိုက်ပြီး သူမကို သူမ တွန်းအားမပေးပေ။
စာအုပ်ထဲကို ကူးပြောင်းလာပြီးနောက်ပိုင်း သူမဟာ စာဖိုမှုးတယောက်အနေနဲ့ပဲ အလုပ်ရှုပ်နေတာကြောင့် သူမရဲ့ အသက်မွေးဝမ်းကြောင်းစကေးတွေကိုတောင် မေ့ချင်ချင်ဖြစ်နေပြီ။
သူမက ဒီအချိန်က ပြန်လည်ထူထောင်ရေးလုပ်ရမဲ့ကာလလို့ သတ်မှတ်လိုက်သည်။ ချန်ကျမ်းကို ကွာရှင်းပြီးသွားရင်လည်း သူမလမ်းကြောင်းအတိုင်း သူမဆက်နေသွားလို့ရပြီး သူမကြိုက်သလောက် ပန်းချီဆွဲနိုင်သည်။ ငွေကိုစိတ်ပူမနေပဲ သူမရဲ့ အိမ်မက်ဘဝလို နေသွားနိုင်သည်။
ဒီလိုတွေးပြီးတော့ ကျူးကျူးဟာ ပျော်ရွှင်စွာနဲ့ ဂိမ်းဖိုရမ်ထဲဝင်လိုက်သည်။
"အိမ်မက်အစဉ်လိုက်" ဟာ ဇာတ်ကောင်တခုစီကို CG လက်ရာတွေနဲ့ မွမ်းမံထားပြီး ရွေးချယ်ခံရတဲ့သူက အသစ်နယ်မြေတွေကိုသွားရန် အခွင့်အရေးရနိုင်သည်။
ကျူးကျူးဟာ ကျားချန်လိုမျိုး စွမ်းရည်ပြိုင်ပွဲတွေကို အသားပေးတဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ပဲ စကားပြောတဲ့ ကုမ္ပဏီကြီးအပေါ် အမြင်ကောင်းရှိသည်။
ကျူးကျူး ကွန်ပြူတာပိတ်လိုက်သည်။
သူမညစာအတွက် ဘယ်လို အရသာရှိတာ ချက်ရင် ကောင်းမလဲ မတွေးရသေးတာကြောင့် စျေးဝယ်ထွက်ရန်ပဲ ဆုံးဖြတ်လိုက်သည်။
အခုတလော အပူချိန်ကျဆင်းသွားပြီး လေအေးအေးတွေ တိုက်ခတ်နေသည်။ မိုးလေဝသ ဌာနကတော့ နောက်အပတ်ဆိုရင် နှင်းကျနိုင်ကြောင်း ပြောထားသည်။ ကျူးကျူးဟာ သူမမှာ ကုတ်အင်္ကျီအထူမရှိသေးကြောင်းတွေးမိလိုက်ပြီး အနီးအနားက ကုန်တိုက်ကြီးကို သွားလိုက်သည်။
ညနေခင်းမှာ ကောင်းကင်ဟာ မှောင်မိုက်နေလုဖြစ်နေပြီး မီးခိုးရောင်နဲ့ အဖြူရောင်တိမ်ထူထူတွေဟာ ကောင်းကင်ကို ဖုံးလွှမ်းထားသည်။ လေအေးဟာ အသည်းခိုက်လောက်အောင် မအေးပေမဲ့ ပတ်ဝန်းကျင်က ရွှေရောင်သစ်ရွှက်တွေကိုတော့ နေရာတိုင်းကို ပြန့်ကြဲသွားစေသည်။
ကျူးကျူး Mask ကို တပ်လိုက်ပြီး သူမလည်ပင်းကို ပုလိုက်ကာ အနည်းငယ်ချမ်းတာကြောင့် တုန်ယင်သွားသည်။

VOUS LISEZ
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Comédieရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...