Chapter 39(Unicode)

4.8K 485 6
                                    

အခုကျတော့ အဆင်ပြေသွားပြီ။ သူတို့အတွက် ခွေးစာတွေပဲ အကျွေးခံရပြီး တကယ့်လူကို မတွေ့ရတာက အရမ်းရက်စက်ရာကျတယ်။ (တရုတ်မှာ ခွေးစာအကျွေးခံရတယ်ဆိုတာက အတွဲတွေရိုပြတာကို ကြည့်ရရင် ခွေးစာကျွေးခံရတယ်လို့ သုံးပါတယ်)

Wechat ID ချန်ကျမ်း ဟာ ပြန်စာပို့မလာပေ။

လူပျိုလေးတွေမသိကြတာက သူတို့ရဲ့သူဌေးဟာ သူတို့ကို ပလစ်သွားပြီး သူတို့ခေါ်နေတဲ့ မရီးလေးရဲ့ခေါ်သံကြောင့် ညစာစားဖို့သွားလိုက်ပြီဆိုတာပါပဲ။

ကျူးကျူးဟာ သူမအလကားရလိုက်တဲ့ လပ်တော့ကြောင့် အောင်ပွဲခံရန် သူမချန်ကျမ်းကို တဝိုင်းကျွေးရန် ဆုံးဖြတ်လိုက်တာကြောင့် သူမဖိတ်လိုက်တာဖြစ်သည်။

နှစ်ယောက်သားယွမ်နမ်အစားအသောက်စားသောက်ဆိုင်ကို သွားလိုက်ကြသည်။ အခုချိန်က လူသိပ်မများပေ။ ပြသာနာမတက်ရအောင် ကျူးကျူးသီးသန့်ခန်းယူလိုက်သည်။ နှစ်ယောက် အေးအေးဆေးဆေးစားဖို့ လုံလောက်ပါတယ်။ စားပွဲထိုးမလေးဟာ ချန်ကျမ်းရဲ့မျက်နှာကိုမြင်တာနဲ့ ရုတ်တရက်ရှက်သွေးဖြန်းသွားပြီး ကျူးကျူးဝင်သွားတဲ့ အခန်းကို လှမ်းကြည့်လိုက်ပြီး သူမနှလုံးသားထဲက တက်ကြွတဲ့မီးတောက်က ငြိမ်းသတ်သွားပြီး အားကျမှုပဲကျန်ရစ်ခဲ့သည်။ ' ဒီတော့ ပြီးပြည့်စုံတဲ့ကောင်လေးနဲ့ကောင်မလေးဆိုတာ အဲလိုပေါ့'

ဟင်းပွဲတွေဟာ ငါးကြိမ် ခြောက်ကြိမ်လောက်မှာလိုက်ပြီး နောက်ဆုံးအကြိမ်က အနောက်တိုင်းအစားအစာစားခဲ့တာထက် ပိုလို့သဘာဝကျနေသည်။

ကျူးကျူးဟာ စိတ်ပျော်နေတာကြောင့် သူမရဲ့ မျက်လုံးတွေပါ ပြုံးနေသည်။

"စားကောင်းလား?" သူမချန်ကျမ်းကို ရေခွက်ဖြည့်ရင်း မေးလိုက်သည်။

မီးအလင်းမှိန်မှိန်အောက်မှာ သူမရဲ့မျက်လုံးတွေဟာ ကြယ်တွေလို တောက်ပနေပြီး မူးယစ်စေတဲ့ မက်မွန်သီးမျက်ဝန်းတွေဟာ အနည်းငယ်တွန့်ကွေးနေပြီး သူမရဲ့မျက်ဝန်းဖျားဟာ အပေါ်ကို ပင့်တက်နေတာကြောင့် ပြောင်မြောက်တောက်ပတဲ့ ဆွဲဆောင်မှုကို ထုတ်လွှတ်လျက်ရှိသည်။ အနီရင့်ရင့်နှုတ်ခမ်း ဒါမှမဟုတ် ကျောက်စိမ်းလိုပါးတွေက ပိုသာတာလား မသိတော့ပေ။

ချန်ကျမ်း ပိုလို့လှမ်းကြည့်လိုက်ပြီး တည်ငြိမ်စွာနဲ့ အကြည့်ပြန်လွှဲလိုက်သည်။

"မင်းချက်တာလောက် အရသာမရှိဘူး " ' သူအမှန်ကို ပြောနေတာပေ'

ကျူးကျူး ဂရုတစိုက်နဲ့ အနေရခက်စွာသူမနှုတ်ခမ်းကို မြှင့်လိုက်သည်။ "ကျေးဇူးပဲ"

နှစ်ယောက်သား တိတ်ဆိတ်စွာနဲ့ စားနေပြီး ပြောစရာခေါင်းစဉ်မရှိပေမဲ့ အနေရခက်နေတာမျိုးလည်း မဟုတ်ပေ။

ကုမ္ပဏီက တုနွမ်ရဲ့လက်မှတ်နဲ့ Apple ကွန်ပြူတာအများအပြားကို ပါဆယ်ပို့လိုက်သည်။

အန်ရူပါဆယ်ကိုတွေ့ပြီး တုနွမ်ဆီကို တလက်စတည်း ရုံးခန်းသွားစဉ် ယူသွားလိုက်သည်။ သူမသယ်နေတာက ပင်ပင်ပန်းပန်းပုံစံပေါက်နေပြီး သူမရဲ့သနားစရာ ပျော့ညံ့တဲ့ပုံစံဟာ ချက်ချင်းပဲ တုနွမ်ရဲ့ကာကွယ်ပေးလိုစိတ်ကို နိုးဆွလိုက်ပြီး အမြန်လက်လွှဲယူလိုက်သည်။ "ငါ ငါ့ဘာသာယူလို့ရပါတယ်၊ မင်းလက်တွေက ပုံဆွဲပြီး ဆေးခြယ်ဖို့သုံးတာ၊ ထိခိုက်သွားလို့မဖြစ်ဘူး"



ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းWhere stories live. Discover now