"ငါက ဒုတိယနတ်ဘုရား " လို့အမည်ရတဲ့သူရဲကောင်းဟာ ရပ်တန့်လိုက်သည်။
ငါကဒုတိယနတ်ဘုရား ။ "အစ်မရေ၊ မကစားပါနဲ့တော့၊ ကျွန်တော်လက်ကြွက်တက်နေပြီ"
ကျူးကျူး ။ "ဟုတ်သားပဲ နင်ဘာလို့ ငါ့တယောက်တည်းကိုပဲ နောက်ကလိုက်နေရတာလဲ?"
ငါကဒုတိယနတ်ဘုရား ။ "တကယ်တော့ ...... အစ်မကြော်ငြာလုပ်တာကို တားချင်လို့"
ကျူးကျူး ။ "?"
ငါကဒုတိယနတ်ဘုရား ။ "အစ်မ၊ ဂိမ်းမျိုးဆက်လေ့ကျင့်ရေး + V စာလုံး 7927332"
ကျူးကျူး ။ "? ? ? ?"
'ငါနင့်ရဲ့နတ်ဆိုးစိတ်ကို ယုံရမှာလား!'
ကျူးကျူးသူမမျက်နှာကို ပြန်ဆည်ရန်အတွက် နောက်ဆုံးဓားချက်ကို ထုတ်လိုက်တာကြောင့် သူရဲကောင်းဟာ လုံးဝသေဆုံးသွားတော့သည်။
သူမပြန်လည်အားဖြည့်ပြီးနောက် လက်ရှိစကားပြောခန်းထဲမှာ လူအစုလိုက်ကြီးရှိနေသည်။ ကျူးကျူးဟာ အနည်းငယ်ကြောင်သွားတော့သည်။ 'သူတို့ဘာလုပ်နေကြတာလဲ?'
သူမကြောင်နေပြီး တာဝန်ဆက်လုပ်ရန် တယောက်ယောက်ကိုဆွဲခေါ်မလို့ လုပ်နေချိန် တယောက်ယောက်က သူငယ်ချင်းလာအပ်လေသည်။
ပိုင်လုံမန် ။ "အစ်မရေ၊ သူငယ်ချင်းလုပ်ရအောင်"
ကျူးကျူး ။ "မလေ့ကျင့်တဲ့အတွက် ကျေးဇူးပဲ"
ကျူးကျူးမသိတာက ပိုင်လုံမန်ဆိုတဲ့ ကောင်မလေးဟာ ချက်ချင်းပဲ သူတို့နှစ်ယောက်ရဲ့စကားပြောထားတာကို ss ရိုက်ပြီး ဂိမ်းအသင်းဆီကို ပို့လိုက်တာကြောင့် လူတစုဟာ သတိမေ့လုနီးပါးရယ်မောနေကြလေသည်။
ကျူးကျူးစိတ်ဓာတ်ကျနေတုန်း ရုတ်တရက်လူအုပ်တအုပ်သူမနောက်မှာ ရှုပ်ထွေးနေတာကိ ကြည့်နေသလိုမျိုး ရပ်နေတာကို တွေ့လိုက်ရသည်။ သူမမျက်ခွံတွေ အပေါ်ကို မြင့်တက်သွားတော့သည်။' သူမကြော်ငြာသူရဲကောင်းနဲ့ စကားပြောနေတုန်းက သူတို့ ငါတို့နောက်မှာ ရပ်နေတာကို တွေ့လိုက်သလိုပဲ'
ကျူးကျူး ။ "....."
'ငါသူတို့ ဘာကိုရယ်နေကြတာလဲ နားလည်သလိုပဲ'
{ပိုင်လုံမန်က သင့်ကို အသင်းကို ဖိတ်ခေါ်လိုက်ပါတယ်၊ သင် "လရှည်ကုန်သွယ်သူ" ဆိုတဲ့ အသင်းကို ဝင်ချင်ပါသလား?}
သူမမသိတာက အဲဒီ "လရှည်ကုန်သွယ်သူ" ဆိုတဲ့အသင်းဟာ "အိမ်မက်တွေရဲ့အိမ်မက်" ဂိမ်းရဲ့ထိပ်ဆုံးအသင်းဆိုတာပါပဲ။ သူမအတွေးက အသင်းနဲ့လိုက်ပြီး ဂိမ်းကစားလိုက်ရသားပဲလို့တွေးပြီး ပျော်ရွှင်စွာနဲ့လက်ခံလိုက်သည်။ အသင်းထဲဝင်ပြီးနောက် ငှက်အသိုက်ထဲရောက်သွားသလိုမျိုး ကျီကျီကျာကျာနဲ့ လူအုပ်ကြီးဟာ သူမနာမည်ကို ခေါ်နေကြသည်။
ကျူးကျူး ။ "......"
ကျူးကျူး ။ "ကဲ၊ ဓားမြတွေကို လိုက်ဖမ်းရတဲ့တာဝန်ကို ကစားမဲ့သူတွေ အသင်းဖွဲ့ပေးကြပါ"
လူအချို့က သူမကို ပျော်ရွှင်စွာနဲ့ ချက်ချင်းပြန်ဖြေလိုက်သည်။ "ငါမင်းကို ခေါ်သွားမယ်"
ကျူးကျူးဟာ ဒီအသင်းက သွက်လက်ပြီး ခင်စရာကောင်းတယ်လို့ တွေးလိုက်သည်။ သူမပြန်မပြောခင်မှာ ဓားသမားထဲက တယောက်ဖြစ်တဲ့ "ကော်ချန်ချန်ယူ" က "ငါမင်းကို ခေါ်သွားပေးမယ်၊ ငါဒီနေ့အားနေတယ်"
ပိုင်လုံမန် ။ "ဝေါင်း၊ လူချင်းချိန်းတွေ့ချင်လို့လား?"
အနောက်ဘက်ဆီသို့ မြင်းခွာများ ။ "ဘီယန်သဝန်တိုမှာလည်း သတိထားအုန်း>>"
ရင်းနှီးနေတဲ့နာမည်ကို တွေ့လိုက်ရတာကြောင့် ကျူးကျူးနှလုံးခုန်မြန်သွားပြီး ရုတ်တရက်ထိတ်လန့်မှုဟာ သူမဦးရေခွံကို ထုံသွားစေကာ ကီးဘုတ်ကို မသိလိုက်ပဲ ရွေ့မိသွားသည်။
(တရုတ်ဝတ္ထုကို ENGလို ပြန်ထားတာကြောင့်မို့လို့ တချို့နေရာတွေမှ တရုတ်အသံထွက်အတိုင်းပဲ ရေးပေးထားပြီး နောက်တခေါက်ပြန်သုံးချိန်မှာ ENG လိုရေးပေးထားတာမျိုးတွေရှိတာကြောင့် အပေါ်မှာ တရုတ်အသံထွက်အတိုင်းရေးပေးခဲ့ပြီး အောက်မှာဘာသာပြန်ပေးထားရင် နားလည်ပြီး ဖတ်ပေးစေချင်ပါတယ်)
YOU ARE READING
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Humorရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...