Chapter 36(Unicode)

5K 463 6
                                    

'ချန်ကျမ်းရဲ့စရိုက်က သေချာပေါက် သူ့ရဲ့အမွေပိုင်ဆိုင်မှုအတွက် တိုက်ခိုက်မဲ့ပုံစံမပေါက်ဘူး။ တနေ့နေ့သူ့မိထွေးဆီကနေ ထောင်ခြောက်ဆင်ခံရပြီး ဆင်းရဲသွားနိုင်ခြေရှိတယ်'

ကျူးကျူးရုတ်တရက် ဖိအားများလာသလို ခံစားလိုက်ရသည်။ ' ဒီအချိန်က ငါမိသားစုအတွက် ဖိအားတွေကို ရင်ဆိုင်ပေးရမဲ့အချိန်ပဲ'

'ချန်ကျမ်းက ငါ့အပေါ်ကောင်းပေးတယ်၊ ငါကျေးဇူးမသိတတ်တဲ့သူမဟုတ်ဘူး'

"ရပါတယ် ငါ့မှာလည်းငွေရှိတယ် မများပေမဲ့လည်းပေါ့ ဒါကြောင့် နင်ပြန်သွားချင်ရင် ပြန်သွားတိုက်၊ သည်းခံမနေနဲ့"

'ဟုတ်တယ်'

ကျူးကျူးရဲ့အတွေးထဲမှာ ချန်ကျမ်းဟာ သူ့အဖေရဲ့ငွေကြေးအင်အားတွေကနေ ရှောင်ရန် ဘာကိုမှဂရုမစိုက်တဲ့အခြေအနေပေ။

'ငါ့အမေကဆုံးသွားပြီ၊ ငါ့အဖေကမချစ်ဘူး၊ မိထွေးကလည်းငွေကိုပဲတချိန်လုံးချောင်းနေတယ်' ကျူးကျူးဟာ သူ့ရဲ့အဖြစ်မှန်ကနေ ရှောင်ပြေးချင်တဲ့ အကြောင်းရင်းကို လုံးဝနားလည်ပေသည်။

ချန်ကျမ်း ။ "......."

သူလက်တဖက်ကို အိပ်ကပ်ထဲထည့်လိုက်ပြီး ကျူးကျူးကို လေးနက်စွာနဲ့ စိုက်ကြည့်လိုက်သည်။ ညအလင်းမှိန်မှိန်အောက်မှာ သူ့ပါးတွေဟာ နူးညံ့ပြီး ပျော့ပျောင်းနေသည်။ သူ့ရဲ့သေးသွယ်တဲ့မျက်လုံးတွေဟာ နွေးထွေးတဲ့အရောင်အဝါတွေ စွန်းထင်းနေသည်။

ကျူးကျူး အနည်းငယ် အဆင်မပြေဖြစ်သွားသည်။ " ကောင်းပြီ နင်ရင်ထဲထိသွားတာငါသိတယ် ဒါပေမယ့်....."

"ထပ်ပြီးတော့"

သူ့ကိုယ်ဟာ ရှေ့ကို အနည်းငယ်တိုးလာပြီး နှစ်ယောက်ဟာ နီးကပ်သွားသည်။ ကျူးကျူး ဂရုတစိုက်နဲ့ မေးလိုက်သည်။ "နင်ဘာလုပ်နေတာလဲ? ငါက ကြင်နာတတ်ပြီး လှတာ ငါသိတယ်" ဒါပေမယ့် ဒီခွေးကောင်က ငါ့ကိုနမ်းချင်တာကတော့ မှားသွားပြီ။ 'ငါ ငါ့ရဲ့ကြက်ကလေးကို ကာကွယ်ပေးချင်စိတ်လေး ပေါက်သွားရုံလေးပါ'

'ခံစားချက်တွေအကြောင်း မပြောတဲ့ အတွက် ကျေးဇူးပဲ'

"မင်း..."

"အင်း??"

"မင်းမျက်လုံးတွေက ဘာလို့အရောင်တောက်နေရတာလဲ?" ချန်ကျမ်းရဲ့မျက်လုံးတွေဟာ သိချင်စိတ်တွေနဲ့ ပြည့်နေပေသည်။

ကျူးကျူး ။" ......"

..........

..........

.........

အချိန်အကြာကြီး တိတ်ဆိတ်သွားပြီးနောက် 

အံသွားတွေကြိတ်ရင်းနဲ့ ဒေါသထွက်နေတဲ့ အသံတသံထွက်ပေါ်လာသည်။

"ဒါက ငါဂရုတစိုက်နဲ့ ပြင်ဆင်ထားတာလို့ ခေါ်တယ်၊ တီကောင်စုတ်!!"

.......

ကျူးကျူးပြန်တွေးကြည့်လိုက်တော့ သူမချန်ကျမ်းကို  လစ်လျူရှုမထားနိုင်မှန်း သိလိုက်သည်။

သူ့ရဲ့ မာနကြီးပြီး အမူအရာမဲ့တဲ့ အပြုအမူကိုတွေးရင် ကျူးကျူးဟာ ဒေါသထွက်နေတာကြောင့် ဂိမ်းထဲဝင်ဖို့မေ့သွားပြီး အိပ်ရာထဲတန်းဝင်သွားသည်။

နောက်တနေ့ ကျူးကျူးဂိမ်းကို ဖွင့်လိုက်ချိန် သူမဟာ Update တွေအများကြီးနဲ့ မိတ်ဆက်ခံလိုက်ရပြီး ကြောင်သွားတော့သည်။ ကျေနပ်စရာ အကောင်းဆုံးအပိုင်းက ကျိုးပဲ့နေတဲ့ တာဝါသေးလေးဟာ အချက်တိုင်းပစ်ခတ်နေသည်။ "ခြိမ်း !ကောင်းတယ်! အခုပဲ!"

'ကြည့်ရတာ ပရိုဂရမ်သမားတွေ နည်းနည်းအသုံးကျပုံပဲ'

ဂိမ်းကို ဖွင့်ဖွင့်ချင်း တက်ကြွတဲ့ သီချင်းနဲ့ အတူ အမဲရောင် ဆိုင်းဘိုး ပေါ်လာသည်။ လမ်းပေါ်မှာ ကြော်ငြာအနည်းငယ်ရှိနေတာကြောင့် မျက်လုံးဖမ်းစားစရာဖြစ်နေပေမဲ့ ပုံစံက အလွန်အရုပ်ဆိုးနေတာကြောင့် ကျူးကျူးလစ်လျူရှုထားလိုက်သည်။

ကြော်ငြာချက်မှာ ရိုးရှင်းတဲ့ဇာတ်ကောင် အနည်းငယ်သာရှိသည်။ "လင်ဘိုင်လျန်" ဘယ်သူမှမသိကြပေ။ "ကျေးဇူးပဲ အရမ်းမိုက်တယ် {လက်သီး /လက်သီး /လက်သီး}"





ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းDonde viven las historias. Descúbrelo ahora