အဲဒီအချက်ကပဲ သူတို့ကို ကြောက်စရာကောင်းတဲ့လျှို့ဝှက်ချက်ကို လွတ်သွားစေတာပေ။
သူတို့အမြင်မှာ ကောက်ရိုးအိတ်ဆိုတာမရှိပေ။ နာမည်ကြီးနေတဲ့ ကုမ္ပဏီတွေက ဘီလီယံနဲ့ချီတန်နေလေပြီ။ အခုလိုဖြစ်လာတာဟာ နှစ်အနည်းငယ်ပဲကြာသေးသည်။
ကျူးကျူးဟာ တုန်လှုပ်နေတော့သည်။
"အမလေး၊ အဲဒါက အန်တီက နင့်အတွက် အမွေချန်ထားခဲ့တာလား?" သူမဒီအကြောင်းပြချက်တခုပဲ စဉ်းစားလို့ရတော့သည်။
ချန်ကျမ်း တခဏလောက် တိတ်ဆျတ်သွားသည်။
"အင်း"
ကျူးကျူး စိတ်သက်သာရစွာနဲ့ သက်ပြင်းချလိုက်သည်။ "ဒါကကောင်းတယ်၊ တကယ်လို့ နင်သာသူဌေးကြီးဖြစ်လာရင် ငါသေချာပေါက် အိမ်ခွဲနေပေးပါမယ်" 'သူမက ပြသာနာတက်မှာကို အကြောက်ဆုံးပဲ၊ မလုပ်ချင်ဆုံးတခုဆိုရင် သူများကိစ္စတွေ ဝင်စွက်ဖက်တာပဲ၊ တကယ်လို့ ချန်ကျမ်းသာ ကိုယ်ပိုင် စီးပွားရေးစလုပ်ရင် အခြေအနေတွေကလည်း ရှုပ်ထွေးလာမှာပဲ'
ချန်ကျမ်းရဲ့ မျက်လုံးဟာ အဓိပ္ပာယ်အပြည့်နဲ့ အရောင်လက်သွားသည်။ "....."
အဲလိုတွေးပြီးနောက် ကျူးကျူးမစိုးရိမ်တော့ပေ။
သူမ မေးလိုက်သည်။ "ဒါဆို ငါ လစဉ်အသုံးစရိတ် ဆက်သုံးနေလို့ရသေးတာပေါ့"
ချန်ကျမ်းဟာတည်ငြိမ်နေသည်။ "နှစ်ဆ၊ အစားအသောက်ဖိုးပါ ပေါင်းပြီး"
ကျူးကျူး ။ "နင် "Han" တွေအကုန်စားချင်တယ်ဆိုရင်တောင် ငါ နင့်အတွက်လုပ်ပေးမယ်"
ချန်ကျမ်းဟာ ချက်ချင်းအဓိကစကားကို ဖမ်းမိလိုက်သည်။ " သူတို့ကဘာလဲ? "Han" ကစားလို့ရလား?"
ကျူးကျူး ။ " ....ဒါဆိုဘာလဲ ၊ နင်နောက်ထပ် ဆန်ပြုတ်တခွက် ထပ်သောက်ချင်သေးလို့လား?"
ကြူဝေဘယ်လို တုံ့ပြန်မယ်၊ ချန်အဖေရဲ့ကုမ္ပဏီက ဘယ်လိုဖြစ်လာမယ်ဆိုတာကို ကျူးကျူးခေါင်းထဲမထည့်တော့ပေ။
နောက်တနေ့ သူတို့သတင်းကောင်းတခုရလိုက်သည်။
ချန်အဖေရဲ့ ကုမ္ပဏီမှာ အဓိကစီမံရေးနဲ့ပတ်သက်ပြီး ပြသာနာပေါ်လာသည်။ စီမံကိန်းတခုဟာ ပြင်းထန်တဲ့ ပြသာနာရှိနေကြောင်း ပေါ်ထွက်သွားသည်။ သတင်းရှာဖွေမှုထိပ်ဆုံးကိုတောင်ရောက်သွားသည်။ တချို့ရင်းနှီးမြှုပ်နှံသူတွေက သူတို့ရဲ့ငွေတွေကို ပြန်လည်ရုတ်သိမ်းသွားသည်။ စတော့ရှယ်ယာတွေရပ်တန့်သွားသည့်အပြင် ချက်ချင်း ထက်ဝက်နီးပါး ကျဆင်းသွားတော့သည်။
ရုတ်တရက် ဖြစ်ပျက်သွားတာကြောင့် ချန်အဖေဟာ အရမ်းရင်ပူနေပြီး နေ့ရော ညပါ မအိပ်နိုင်ပေ။ ပြီးတော့ ကြူဝေကတော့ ငိုနေလေသည်။
'ငါ့ရှယ်ယာတွေ! ငါ့ငွေတွေ! ငါအရမ်းနောက်ကျနေရင် အကုန်ပျောက်သွားတော့မယ်"
အဲဒီအကြောင်းပြချက်ကြောင့် အလုပ်ချိနိတွေမှာ လိမ္မာပြီး နာခံတတ်တဲ့ကြူဝေဟာ ရုတ်တရက် အနိုင်လိုစိတ်ပြင်းလာပြီး ချန်အဖေနဲ့ နေ့တိုင်း ရန်ဖြစ်နေလေသည်။
တကယ့်မျက်နှာစစ်ပေါ်လာမှုဟာ ချန်အဖေကို ထိတ်လန့်သွားစေပြီး နာကျင်စေသည်။
ကုမ္ပဏီဟာ အကျဘက်ကို ဆင်းနေပေမဲ့ ကံကောင်းတာက လျော်ကြေးအများကြီးပေးစရာမလိုတာပေ။ ဒါကြောင့် ဒေဝါလီခံရလောက်အောင်ဖိမဖြစ်ပေ။ ချန်အဖေဟာ ကုမ္ပဏီရဲ့ နောက်ဆုံးခြေလှမ်းကိုမရောက်စေရန် အရမ်းတောင့်တနေတာကြောင့်သူ့သားက ဘာလုပ်နေလဲဆိုတာကို ဂရုမစိုက်နိုင်ရန် မအားပေ။
ချန်ကျမ်းရဲ့အဖျားက နောက်တနေ့ကျတော့ လုံးဝနီးပါးကောင်းသွားတော့သည်။
ကျူးကျူးဟာ သူကချမ်းသာပြီး ယုံကြည်ချက်ရှိတာကြောင့် သူ့ကို ထမင်းကောင်းကောင်းတနပ်ကျွေးရန် ဆုံးဖြတ်လိုက်သည်။

YOU ARE READING
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Humorရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...