Chapter 66 (Unicode)

3.6K 460 3
                                    

အများအပြားစားသောက်ပြီးချိန်မှာတော့ ချန်ကျမ်းက ရှုပ်ပွနေတာတွေကို ရှင်းနေပြီး ကျူးကျူးကတော့ ရေချိုးရန်ပြင်နေသည်။ 

သူမ mask ကပ်ပြီး ထွက်လာချိန်မှာတော့ ချန်ကျမ်းစာကြည့်ခန်းထဲကနေ ရင်းနှီးတဲ့ သီချင်းသံကြားလိုက်ရသည်။ ကျူးကျူးခဏလောက်ရပ်သွားပြီး တံခါးကိုကပ်ကာ မေးလိုက်သည်။ "ဘာလုပ်နေတာလဲ? နင်ဂိမ်းကစားနေတာတော့ မဟုတ်ဘူးမလား?"

ချန်ကျမ်းတည်ငြိမ်တဲ့အသံနဲ့ပြောလိုက်သည်။ 

"နှောင့်ယှက်တဲ့သူက ဘယ်သူလဲ ကြည့်နေတာ"

ကျူးကျူး ။ "....."

သူမချန်ကျမ်းနောက်ကို လျှောက်လာချိန်မှာ ချန်ကျမ်းဟာ "ရှီကျန်ယွဲ့ " ဆိုတဲ့နာမည်နဲ့ ဓားသမားကိုသုံးကာ အခေါက်ခေါက်အခါခါကစားနေတာကို တွေ့လိုက်ရသည်။ ကျူးကျူး ဟာ မြင်ကွင်းကိုကြည့်ကာ မေးလိုက်သည်။ "ငါဒီမြေပုံကို တော့ တခါမှ မကစားဖူးဘူး"

ချန်ကျမ်း ။ "နည်းပညာက မကောင်းဘူး"

ကျူးကျူး ခေါင်းညိတ်လိုက်သည်။ "ငါ့မှာလည်းပဲ နည်းပညာက မကောင်းဘူး၊ ငါက ရှုခင်းကိုပဲ ကြည့်နေနိုင်တဲ့ ဗုဒ္ဓကစားသမားပဲ တတ်နိုင်တယ်"

ပြောနေရင်းနဲ့ ကျူးကျူးဟာ သူ့ပုခုံးပေါ်လက်တဖက်တင်လိုက်ပြီး ချန်ကျမ်းရှိတဲ့မြေပုံကိုကြည့်ရန် စကရင်နားတိုးလာသည်။ ငါ ခဏနေ နင့်ကို အပ်လိုက်မေလေ၊ အတူတူတာဝန်လုပ်ကြတာပေါ့

သူမရဲ့အာရုံက ဂိမ်းမှာပဲရှိနေတာကြောင့် သူမတောင်မသိလိုက်ပဲ တဖြည်းဖြည်း ရှေ့တိုးလာမိသည်။ သူမရဲ့ နူးညံ့တဲ့လက်ချောင်းတွေက အေးစက်နေပြီး ဆွယ်တာထဲကနေ တောင် သူမရဲ့အပူချိန်ကို ခံစားလို့ရနေသည်။ သူမရဲ့ ရှည်လျားမဲနက်တဲ့ ဆံနွယ်တွေဟာ ပျော့ပျောင်းနေပြီး ရှန်ပူနံ့သင်းနေသည်။ သူမစကားပြောလိုက်တိုင်း သူ့မျက်နှာကို နွေးထွေးတဲ့ အသက်ရှုငွေ့တွေ လာရောက်ဖြတ်ပြေးသွားသည်။

ချန်ကျမ်းဟာ တခဏလောက်တုန်လှုပ်သွားပေမဲ့ အပြင်ဘက်မှာတော့ မျက်နှာသေကြီးနဲ့ သူ့အမူအရာဟာ ပြောင်းလဲမှုမရှိပေ။

.......

ကျူးကျူးဟာ အခန်းထဲကို ချက်ချင်းပြန်သွားပြီး ဂိမ်းထဲဝင်ကာ ချန်ကျမ်းကို အပ်လိုက်သည်။

ကျူးကျူး ။ "ငါနင့်ကို တာဝန်တွေလုပ်ဖို့ခေါ်သွား....ခဏလေး နင်ဘယ်သွားနေတာလဲ?"

ရှီကျန်ယွဲ့ ။ "နင်ကစားဖို့ အဝတ်တွေ အရင်သွားဝယ်လိုက်ဦး"

ကျူးကျူး ။ "? ? ?"

ကျူးကျူးဟာ သူ့ဇာတ်ကောင်ပျောက်သွားတာကို ကြည့်နေပြီးနောက် အသင်းစကားပြောခန်းထဲကို ဝင်လိုက်ည်။ သူမပျော်ရွှင်နေတာကို မြင်ပြီး အကုန်လုံးက ကစားရန်ခေါ်နေကြသည်။ ရှုဘီယင်နဲ့ သူမသူငယ်ချင်းတွေကတော့ ဂိမ်းထဲမှာ ပေါ်လာဖို့တောင် ကြောက်သွားကြသည်။ 'တကယ်လို့ သူတို့နှစ်ယောက်သာ တလလောက်ပျောက်သွားရင် ငါအနှောင့်အယှက် မရှိပဲ အေးဆေးကစားလို့ရပြီ'

ကျူးကျူးဟာ သူမရဲ့ IQ ကို ချီးကျူးချင်စိတ်တောင် ပေါက်သွားသည်။

ပိုင်လုံမန် ။ "အစ်မကျူး ၊ ဘာလုပ်နေလဲ?"

ကျူးကျူး ။ "အိုး၊ ငါ့ယောင်္ကျားက သူလည်းဂိမ်းကစားချင်တယ်ပြောလို့ အတူတူခေါ်နေတာ"

သူမယောင်္ကျားအကြောင်းကြားလိုက်ရတော့ အကုန်လုံးထိတ်လန့်သွားပြီး တယောက်ပြီး တယောက် သူမယောင်္ကျား acc နာမည်ကို လာမေးကြသည်။

ဒီအခွင့်အရေးကို အသုံးချပြီး သူမနာမည်ဆိုးကို ပြန်အဖတ်ဆည်နိုင်တာကြောင့် ကျူးကျူးဟာ "ရှီကျန်ယွဲ့" ဆိုတဲ့စာလုံးတွေကို ရက်ရောစွာနဲ့ စာရိုက်ပေးနေသည်။ ချန်ကျမ်းအဆင့်နိမ့်သေးတာက ရှက်စရာမဟုတ်ဘူးလို့ ကျူးကျူးတွေးလိုက်သည်။ 'ငါ့ရဲ့အဆင့်တွေကလည်း ငွေနဲ့တက်လာတာပဲ၊ ငါတို့နှစ်ယောက်လုံး ငွေဖြုန်းနိုင်တဲ့ကစားသမားတွေဖြစ်လည်း ဘာဖြစ်လဲ? တခြားသူတွေ အမြင်ကို ဂရုမစိုက်ပါဘူး'

ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းWhere stories live. Discover now