Chapter 59(Unicode)

4.2K 448 1
                                    

ဂိမ်းဟာ တဖန် မီးစိမ်းလင်းလာသည်။

ကျူးကျူးလိုင်းပေါ်တက်လာလာချင်း လိုင်းပေါ်က သူငယ်ချင်းအများအပြားကို တွေ့လိုက်ရပြီး သူတို့ကို ဂိမ်းအတူကစားဖို့ဖိတ်ခေါ်လိုက်သည်။

Dumbledore လေး ။" မြင်းစီးဓားသမား လိုသေးတယ်၊ ဘယ်သူပါဦးမလဲ?"

ပိုင်လုံမန် ။" ငါတယောက်ခေါ်လိုက်မယ်၊ ခဏစောင့်"

ပိုင်လုံမန်အတွက် ကျူးကျူးနဲ့သီးသန့် chat ရန် အချိန်သိပ်မယူလိုက်ရပေ။

ပိုင်လုံမန် ။ 'အစ်မကျူး၊ နတ်ဘုရားက သူ့မှာ  အချိန်ရှိတယ်တဲ့၊ အဆင်ပြေလား?"

ကျူးကျူးခဏတွေးလိုက်သည်။ ဒီတခေါက်လည်း သူမငြင်းလိုက်သည်။ ဒါပေမဲ့ အကုန်လုံးစုဝေးနေကြတာကြောင့် ဘာဖြစ်နေမှန်း သူမမသိပေ။ 'ဇူးမာ မကစားရင် သူမတို့ကြားတခုခုရှိသလိုမျိုး ထင်နေလိမ့်မယ်၊၊ နှစ်ယောက်တည်းသီးသန့်စကားမပြောရင် အဆင်ပြေမှာပါ'

ကျူးကျူး ။ "အင်း ကောင်းပြီလေ"

ပိုင်လုံမန် ။ ကောင်းလိုက်တာ!"

မြေပုံငယ်လေးရဲ့ထူးဆန်းမှုဟာ တိုက်ခိုက်ရတာ တဖြည်းဖြည်းခက်လာသည်။ ကျူးကျူးကတော့ နောက်ကနေ လိမ်လိမ်မာမာနဲ့ အကုန်လုံးကို သွေးထောက်ပံ့ရန် လိုက်နေသည်။ နတ်ဘုရားဟာ အသံဖွင့်လိုက်ပြီး အကုန်လုံးကို ခဏနေရင် ဘယ်လိုတိုက်ခိုက်ရမလဲ ညွှန်ကြားနေသည်။ သူ့အသံက အရမ်းကောင်းပြီး ဩရှကာ နူးညံ့သည်။

အကုန်လုံး အသံဖွင့်လိုက်ကြသည်။

ပိုင်လုံမန်က အသံနဲ့ပြောလိုက်သည်။ "အစ်မကျူး၊ အစ်မလည်းလာလေ"

ကျူးကျူး ။ "ဟင့်အင်း၊ ငါ့အသံက မကောင်းဘူး"

ပိုင်လုံမန် ။ "ဘယ်လောက်တောင်ဆိုးလို့လဲ?"

ကျူးကျူး ။ "နင်ငါ့ကို block ချင်သွားလောက်အောင်ထိ"

ဇူးမာရယ်လိုက်တာကြောင့် အသင်းထဲက  fan တွေကို အော်ဟစ်သွားစေသည်။ "နတ်ဘုရားရေ၊ ရှင့်အသံက အရမ်းကောင်းတာပဲ"

ကျူးကျူးမကြားချင်ယောင်ဆောင်နေလိုက်သည်။

ဂိမ်းတလျှောက်မှာ ဇူးမာဟာ အသင်းကို တည်ငြိမ်စွာဦးဆောင်သွားသည်။ မုရမ်က သွေးကုန်သွားတာကြောင့် သူမသွေးလိုက်ဖြည့်ပေးရင်း ဇူးမာ အမိန့်ပေးရင်း အကောင်တွေသတ်ခိုင်းနေတာကို ကြည့်နေလိုက်သည်။ နောက်ဆုံးခုတ်ချက်က သတ္တဝါကောင်ကို လုံးဝသေသွားစေသည်။

'ကောင်မလေးတွေ နတ်ဘုရားကို ကြိုက်တာမဆန်းဘူးပဲ။ အခုချိန်မှာ ဇူးမာက အရမ်းမိုက်နေတာကို တော့ လက်ခံရမယ်'

တချို့ပစ္စည်းတွေကျိုးကုန်ပြီး ပိုင်လုံမန်ဟာ စိတ်အားထက်သန်စွာနဲ့ ကျူးကျူးကို အကူအညီတောင်းသည်။ ကျူးကျူးက သူမရဲ့ RMB ပစ္စည်းတွေက ဒါတွေထက်ပိုကောင်းတယ်လို့ တွေးလိုက်သည်။ သူမလက်စွပ်ကို ထုတ်ယူလိုက်ပြီး သူတို့နောက်လိုက်ကာ မြေပုံကထွက်လိုက်သည်။

ကျူးကျူး လိုင်းပေါ်က ဆင်းရန် လုပ်လိုက်သည်။

Dumbledore လေး ။ "နောက်တပွဲ နှစ်ပွဲလောက် ဆော့ကြရအောင်၊ နည်းပညာလည်းကောင်းပြီး ထောက်ပံ့သူရော မိန်းကလေးရော ဖြစ်ပေမဲ့ ဘာပြသာနာမှမရှာတဲ့သူက ရှားတယ်"

အသင်းနဲ့မကစားခင်တုန်းကဆိုရင် အဆင်ပြေတယ်။ တချို့ကျောက်စိမ်းနတ်ဘုရားတွေက ကစားတာညံ့ပေမဲ့ အဆဲမခံရပေ။ ကောင်းတဲ့ပစ္စည်းတွေရလာရင်လည်း သူတို့ရဲ့ကိုကိုတွေကို ချစ်စရာကောင်းအောင် လုပ်ပြနေသည်။ သူ့လိုမျိုး ဂိမ်းကိုပဲကြိုက်တဲ့ ယောင်္ကျားတ‌ေယာက်အတွက်တော့ အဲလိုမိန်းကလေးတွေကို အမြင်ကပ်ပေမဲ့ သူ့အသင်းသားတွေကတော့ အဲဒါတွေကို ပျော်မြူးနေကြတာပါပဲ။

သူစိတ်ဓာတ်ကျပြီး မသေရုံတမယ်ပဲ။

'နှိုင်းယှဉ်ကြည့်လိုက်ရင် စကားနည်းပြီး အားကိုးရတဲ့ အစ်မကျူးက တကယ်ကောင်းတယ်လို့ ရုတ်တရက်ခံစားလာရသလိုပဲ'

ကျူးကျူး ။ "ချီးကျူးပေးလို့ ကျေးဇူးပါ"




ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းTahanan ng mga kuwento. Tumuklas ngayon