ဒါက ကျူးကျူးအတွက်တော့ ဂိမ်းတခုပဲဖြစ်ပြီး ကြိုက်တဲ့အချိ၃်ထွက်သွားလို့ရတဲ့ ကိစ္စသေးသေးလေးပေ။
ဒါပေမဲ့ ရှုဘီယင် အတွက်တော့ လုံးဝကိစ္စကြီးပေ။
'ဂိမ်းရှုံးသွားတဲ့အပြင် ဇူးမာကလည်း စိတ်ညစ်သွားသေးတယ်' သူမ သူ့သူငယ်ချင်းတွေ၁ီကို ငိုယိုပြီး အကူအညီတောင်းလေသည်။ သူ့ရည်းစားကို ဘယ်လိုပြန်ဆွဲထားရမလဲ၊ နည်းလမ်းအမျိုးမျိုးတွေက်ုပေါ့။
တဖက်မှာတော့ ချန်ကျမ်းတံခါးဖွင့်ပြီး ဝင်လာတာကို အခန်းထဲကနေ ကျူးကျူးမြင်လိုက်ရသည်။
ပိုင်လုံမန်ပြောလိုက်တဲ့စကားတွေက ကျူးကျူးနားထဲအလိုလိုကြားယောင်လာသည်။
ကျူးကျူး ရှေ့တလှမ်းလှမ်းလိုက်ပြီး ချိုမြိန်စွာနဲ့ အော်ခေါ်လိုက်သည်။ "အကိုကျမ်း" "သူများကလေ ကျောက်ပုစွန်အကြီးကြီး စားချင်တယ်"
နောင်ထပ်စကားလုံးမထွက်လာသေးခင်မှာပဲ ချန်ကျမ်းဟာ ထိတ်လန့်သွားပုံပေါ်ပြီး သူ့ရဲ့ပျင်းရိတဲ့မျက်ခွံက အနည်းငယ်ပင့်လာကာ သူ့မျက်လုံးတွေက တည်ကြည်နေသည်။ သူဖိနပ်တွေ လဲဝတ်ဖို့အချိန်တောင်မရှိပဲ ဧည့်ခန်းထဲကို လှည့်ပြီး ဝင်သွားသည်။
ကျူးကျူး ။ " ??ဘာလို့ထွက်သွားတာလဲ?"
ခဏကြာတော့ ချန်ကျမ်း သေးသွယ်တဲ့ သာမိုမီတာတခုကို ကိုင်ပြီး ပြန်ရောက်လာသည်။
"တိုင်းကြည့်လိုက်"
ကျူးကျူး ။ "...."
'ငါ့ခံစားချက်တွေ၊ ငါအဖျားရှိနေလို့ ကြောင်နေပြီလို့ တွေးလိုက်တာလား။ ယောင်္ကျားတွေအကုန်လုံး ဒါမျိုးကြိုက်တယ်ဆို'
ကျူးကျူး သူမရဲ့သိက္ခာက လုံးဝထိခိုက်သွားပြီဘို့တွေးလိုက်သည်။
"နင်က ဘယ်လိုယောင်္ကျားမျိုးလဲ!" ကျူးကျူးဒေါသထွက်စွာပြောလိုက်သည်။ ပြီးတော့ သူမအခန်းထဲကို မပျော်မရွှင်နဲ့ ပြန်သွားပြီး တံခါးပိတ်လိုက်တော့သည်။
ချန်ကျမ်းဟာ နေရာမှာတင် ရပ်နေပြီး ပိတ်သွားတဲ့တံခါးကို တိတ်ဆိတ်စွာနဲ့ စိုက်ကြည့်နေသည်။
ကြမ်းပြင်ပေါ်က ဖုန်းသံမြည်လာပြီး wechat ကနေ စာဝင်လာတာဖြစ်သည်။
ကျူးကျူး ။ " ငါ ရှုကျီက ကျောက်ပုစွန်စားချင်တယ်။ အဖြေကိုပဲ ကြားချင်တယ်၊ မဟုတ်ရင် တပတ်လုံးလုံး သွေးအေးစစ်ပွဲပဲ"
ချန်ကျမ်း လျင်မြန်စွာ ပြန်ပြောလိုက်သည်။
"ကောင်းပြီ"
ရှုကျီက အိမ်ကနေ သိပ်မဝေးပေ။ ချန်ကျမ်းဟာ အပြင်ထွက်စားရတာမကြိုက်တာကြောင့် ကျောက်ပုစွန်ဝယ်ဖို့ထွက်သွားလိုက်သည်။
ကျူးကျူးက သူ့ကိုချီးကျူးမလို့လုပ်နေတုန်း သူမ wechat မှာ မက်ဆေ့တစောင်ရောက်လာသည်။
"အဖြူရောင်နဂါးမြင်း"
"ကျူး၊ မင်း ဂိမ်းရဲ့ပင်မစာမျက်နှာမှာ အတင်ခံထားရသလိုပဲ၊ သူတွေအများကြီးကြည့်နေကြတယ်!"
ကျူးကျူး အံ့သြသွားတော့သည်။
သူမရဲ့ပထမဆုံးတုံ့ပြန်ချက်ကတော့ 'ငါများရွှေအဆင့်တွေရသွားလို့လား?'
ပိုင်လုံမန်ဟာ 818 ပ်ု့စ်တွေကို link ပို့လိုက်ပြီး ကျူးကျူးဝင်ကြည့်လိုက်သည်။ အတင်းပြောတဲ့ပို့စ်အောက်မှာ လူပေါငါးသောင်းနဲ့ချီပြီး ရှိနေပြီး တင်ထားတာက နာရီအနည်းငယ်ပဲရှိသေးသည်။
ပ်ု့စ်ခေါင်းစဉ်က "818 က ငါ့သူငယ်ချင်းရဲ့ရည်းစားကို လုချင်နေတဲ့ လက်ဖက်စိမ်းမ J"
ပို့စ်တခုလုံးဟာ တယောက်ယောက်ကိုရည်ရွယ်ပြီး ရှင်းပြထားသည်။
ရေးထားတာက သူ့သူငယ်ချင်းဟာ သူ့ရည်းစားနဲ့ အဆင်ပြေပြေဆက်ဆံရေးရှိတယ်။ သူတို့က အသင်းတခုထဲမှာ အားလုံးအသိအမှတ်ပြုကြတဲ့ စုံတွဲတတွဲဖြစ်တယ်။ လက်ဖက်စိမ်းမ J ဝင်လာပြီးကတည်းက သူတို့ရဲ့ရည်းစားတွေကို နည်းလမ်းမျိုးစုံနဲ့ဆွဲဆောင်ဖို့လုပ်တော့တယ်။
အဲချိန်ကစပြီး လက်ဖက်စိမ်းမ J က တိတ်တိတ်လေးမြူဆွယ်နေပြီး တလောကပဲ အသင်းထဲက ထွက်သွားပေမဲ့ တိတ်တိတ်လေး သူ့သူငယ်ချင်းရည်းစားကို အတူကစားဖို့ခေါ်တယ်။ ငါ့သူငယ်ချင်းက နူးညံ့တဲ့သူဖြစ်ပြီး ငိုဖို့တခုပဲတတ်နိုင်ပြီး သူငယ်ချင်းတယောက်အနေနဲ့ ငါနှိမ့်သိမ့်ပေးဖို့ပဲတတ်နိုင်တယ်။
ဒါကြောင့် ငါဒီပင်မစာမျက်နှာကိုရွေးပြီး အဲဒီလက်ဖက်စိမ်းမ J ကို သူများရည်းစားတွေ စနိုက်မကြော်ရဘူးဆိုတာ သိစေချင်လို့ ရေးထားတာဖြစ်တယ်။

ESTÁS LEYENDO
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Humorရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...