Chapter 46 (Zawgyi)

2.1K 83 1
                                    

နောက်တော့ ကျူးကျူးနည်းလမ်းရှာတွေ့သွားတယ်။
သူမ ချန်ကျမ်းအခန်းထဲမှာရှိ မရှိ သိချင်ရင်  ထမင်းထချက်လိုက်တယ်။ ကြောင်က ငါးညှီနံ့နောက်ကို လိုက်လာသလိုမျိုး ချန်ကျမ်းဟာလည်း အစာစားရန် နောက်ကနေလိုက်လာလေသည်။
"....."
ကျူးကျူးဟာ လူတယောက်နဲ့နေတာလား ခိုးစားတတ်တဲ့ကြောင်တကောင်နဲ့ နေတာလား မသဲကွဲတော့ပေ။
ကျူးကျူးအတွေးလွန်နေတုန်း ဂိမ်းရဲ့သီချင်းဟာ ထွက်လာသည်။ ကလင် ကလင်၊ ခေါင်းလောင်းသံတွေကဲ့သို့ ရုတ်တရက်လက်ရာမြောက်အသံဖြစ်တဲ့ Jinshi နဲ့အတူ Xiao ရဲ့အသံဟာလည်းတူတူထွက်လာပြီး လူတွေရဲ့နှလုံးသားကို တုန်လှုပ်သွားလေသည်။ တဖြည်းဖြည်းချင်း အပေါ်ကနေ ပန်းချီကားတချပ်ကျလာပြီး ဖြည်းဖြည်းချင်း ဖွင့်လိုက်လေသည်။
(Jinshi က တရုတ်ခေတ် ရာဇဝတ်ပါးကွပ်သားကိုခေါ်တာပါ၊ Xiao ကကျတော့ တောင်တန်းပေါ်ကနတ်ဆိုးလို့ ဖော်ပြထားပါတယ်)
အိမ်မက်မက်နေသလိုမျိုး ကောင်းမွန်တဲ့သီချင်းသံထွက်လာပြီး တဖြည်းဖြည်းအိမ်မက်ကမ္ဘာထဲကို ဆွဲခေါ်သွားသလိုပေ။
ကျူးကျူးဟာ တေးသံရှင်ကို လက်ခုပ်တီးမိသွားသည်။
အသစ်ဖနိတီးထားတဲ့ဇာတ်ကောင်တွေဟာ ဇာတ်ကောင်တကောင်ဆီရဲ့စကေးတွေ ခက်ခဲမှုတွေ အစရှိသဖြင့်တွေကို ရှင်းပြချက်ပါလေသည်။ ကျူးကျူး ခဏတွေးလိုက်ပြီး အရိုးရှင်းဆုံးလုပ်ရှားမှုရှိတဲ့ဇာတ်ကောင်ကို ကစားရန် ဆုံးဖြတ်လိုက်သည်။ 'သူမရဲ့စကေးတွေကမကောင်းတာကြောင့် အကူသူနာပြုနဲ့အတူကစားရင်တော့ ရွှေတုံးတွေရနိုင်လောက်မှာပါ'
'တရုတ်ကစားသမားတွေရဲ့ နိုင်ပွဲအတွက်'
လလိုဖြူဆွတ်နေတဲ့ဂါဝန်ရယ်၊ ကျောက်စိမ်းဖြူဆံထိုးနဲ့ထုံးထားတဲ့ ဆံပင်အနက်ရောင်ရယ်၊ ကုတ်အင်္ကျီကလည်း တလူလူလွှင့်နေပြီး လှပတဲ့ရုပ်အဆင်းနဲ့ ကျောက်စိမ်းတန်ခိုးရှင်ဟာ ကျောက်စိမ်းပုလွေကိုကိုင်လျက် ခေါင်းပေါ်မှာ ကြီးမားတဲ့စာလုံးသုံးလုံးနဲ့ ရပ်နေလေသည်။
"ကျူး ကျူး ကျူး"
ကျူးကျူးဟာ တခြားနာမည်စဉ်းစားရန် အလွန်ပျင်းတာကြောင့် ဂိမ်းကစားတာမှာ လုပ်ထုံးနည်းတွေကိုပဲ အာရုံစိုက်ပြီး နာမည်တွေက နောက်ကျသာလိုက်လေသည်။ သူမ ပျော်ရွှင်စွာနဲ့ ရှင်းချိုရွာဆီ တာဝန်စတင်ယူရန် ထွက်သွားလိုက်သည်။ အစပိုင်းမှာတော့ ဇာတ်လမ်းတာဝန်တွေဟာ များပြားပေမဲ့ ဇာတ်လမ်းတခုဆီတိုင်းမှာ စိတ်ဝင်စရာကောင်းတဲ့အချက်တွေရှိလေသည်။ ကျူးကျူးဟာ နေဝင်သွားတာတောင် မသိအောင် ပျော်ရွှင်စွာနဲ့ ကစားနေလေသည်။
ဓားမြတွေကို လိုက်ဖမ်းရတဲ့တာဝန်ပြီးနောက် ကျူးကျူးနောက်ထပ်အနည်းငယ်ဆက်ကစားကြည့်ပေမဲ့ အောင်မြင်ဖို့ခက်နေလေသည်။ ဒီတာဝန်မှာ ကစားသမားနှစ်ယောက်လိုပြီး တယောက်ကဓားမြတွေကို လိုကဖမ်းရတာဖြစ်ပြီး တယောက်က ဓားမြတွေလွှတ်အောင် ကူညီပေးရတာဖြစ်သည်။ ကျူးကျူးဟာ အားနည်းသေးတာကြောင့် ကစားရန် အသင်းမဖွဲ့နိုင်သေးပေ။ ဒါကြောင့် တိုက်ပွဲကြီးတွေမှာ သေရန်လွယ်ကူနေသည်။
ဒါပေမဲ့လည်း အနည်းငယ်ပျင်းနေပုံရတဲ့ကစားသမားတယောက်ဟာ မြင်းစီးရတဲ့နေရာမှာပဲ နေနေသည်။ ကျူးကျူး သူမမြင်းကို စီးရန်တခါကြိုးစားခဲ့ဖူးသည်။ အချိန်တိုင်း သူမရုတ်ပျက်ဆင်းပျက်ပြုတ်ကျလေသည်။
ကျူးကျူး ဒေါသထွက်လာသည်။
'အနိုင်ကျင့်နေတာ ဒါကတော့မဟုတ်တော့ဘူး!'

ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းWhere stories live. Discover now