"ဘာ...."
ရှုပီယင်ရဲ့မျက်နှာဟာ ဖြူဖျော့နေပြီး သူမရဲ့လက်တွေဟာ တုန်ယင်စွာနဲ့ မျက်နှာကိုစမ်းကြည့်လိုက်သည်။
'ငါသေသွားပြီမဟုတ်လား?'
'ဘာလို့ရှေ့ကဒီမြင်ကွင်းက အရမ်းရင်းနှီးနေရတာလဲ။ ခဏလေး ဒါ ဒါ ငါ့အိမ်မဟုတ်ဘူးလား!'
ရှုပီယင်ဟာ ပတ်ဝန်းကျင်ကတခုခုမှားနေတာသတိထားသွားပြီး ချက်ချင်းလူးလှိမ့်ထထိုင်လိုက်ပြီး တုန်လှုပ်စွာနဲ့ ဖုန်းကို အမြန်ကောက်ကိုင်လိုက်သည်။ သူမသတိရလိုက်တာက ဒီဖုန်းဟာ နှစ်အနည်းငယ်တုန်းက သူမအဖေဆီကနေ မွေးနေ့လက်ဆောင်ရခဲ့တာဖြစ်ပြီး ကံမကောင်းစွာနဲ့ဖုန်းပျောက်သွားခဲ့တာကြောင့် အသစ်ပြောင်းကိုင်လိုက်ရတာဖြစ်တယ်။
သူမမယုံကြည်နိုင်စွာနဲ့ ဖုန်းကိုဖွင့်မကြည့်ရဲပေ။
ဖုန်းရဲ့နာရီဟာ သေချာစွာနဲ့ အချိန်ကို ဖော်ပြလျက်ရှိသည်။
'ဒါကလွန်ခဲ့တဲ့သုံးနှစ်က သူမရဲ့အိမ်ထောင်ရေးကို နောင်တရပြီး ဝါးမြင်းရုပ်ကိုပစ်ကာ နောက်မြို့တမြို့ကို ထွက်မပြေးခင်တုန်းက အချိန်မဟုတ်ဘူးလား'
ရှုပီယင်ဟာ ဖုန်းကိုကြောင်ပြီး တခဏကြာအောင် စိုက်ကြည့်နေပြီး ရုတ်တရက်ပျော်ရွှင်စွာနဲ့ အော်ဟစ်လိုက်သည်။
'ကောင်းလိုက်တာ အရာအားလုံးကနောက်မကျသေးဘူး သူမအရင်ဘဝတုန်းကတော့ သူမတကယ်မျက်လုံးကန်းနေခဲ့တာဖြစ်မယ်။ သူမချန်ကျမ်းကို စိတ်ဝင်စားစရာကောင်းပြီး ချန်ကျမ်းရဲ့ခံစားချက်မရှိတာကို သူမပြောင်းလဲပေးနိုင်မယ်လို့ ထင်ခဲ့မိတယ်။ ကံမကောင်းတာက အဲဒါကို ငါအခုထိနောင်တရနေတုန်းပဲ။ ကံကောင်းတာတခုက ဘုရားက ငါ့ကို အကုန်လုံးပြန်ပြင်ဆင်နိုင်ဖို့ အခွင့်အရေးတခေါက်ထပ်ပေးလိုက်တာပဲ'
'သူမသေလို့မဖြစ်ဘူး ဇူးမာရဲ့ရွှေပေါင်ကြီးကို ဖက်ထားရမယ်'
နောက်တနေ့.........
ကျူးကျူးဟာ ပျင်းရိနေတဲ့ ခါးကို အပျင်းဆန့်လိုက်ပြီး အိပ်ရာကနေ အကြာကြီး မထချင်ပဲ လှဲနေလေသည်။
အခုတလော ကျူးကျူးဆိုတဲ့ ဘဝကို နေသားကျသွားတော့ စာအုပ်ထဲကို မကူးပြောင်းလာခင်တုန်းက သူမက မနက် ၉ နာရီကနေ ည ၉နာရီထိ အလုပ်လုပ်ရတဲ့ ရုံးဝန်ထမ်းတယောက်ဆိုတာကိုတောင် မေ့တော့မလို့ပဲ။တချိန်ကနေ တချိန် အချိန်ပိုကြေးတောင်မရှိခဲ့ဘူး။ အဲဒီအချိန်တုန်းက တခုတည်းသောဝါသနာလေးက ပုံဆွဲတာလေးပဲ။ သူမခုံမှာ ထိုင်ပြီး အချိန်အကြာကြီးဆွဲရမယ်ဆိုတောင် ဆွဲနေနိုင်သည်။
'အခုတလောလက်ယားနေတာဆိုတော့ ပုံတင်ဆွဲတဲ့သစ်သားစင်လည်း ဝယ်လိုက်တာကောင်းမယ်ထင်တယ်'
"တင်းတောင်"
မိုဘိုင်းဖုန်းဟာ ဝင်လာတဲ့မက်ဆေ့အနည်းငယ်ကို ဖော်ပြနေသည်။ ကျူးကျူးဟာ သူမမျက်လုံးတွေကို ပွတ်လိုက်ပြီး ခေါင်းအုံးပေါ်မှာပြန်လဲလိုက်ကာ ဖုန်းကိုဖွင့်ကြည့်လိုက်သည်။ ဖုန် contact မှာ မှတ်ထားတာက ကြူဝေဖြစ်ပြီး မက်ဆေ့အကြောင်းအရာက အရမ်းရိုးရှင်းသည်။
{နေ့လည်မှာ ချန်ကျမ်းကို ထမင်းအတူစားဖို့ခေါ်လိုက်။ လာရမဲ့နေရာကို နင့်ဆီကို ပို့လိုက်မယ်။}
ဒီနေ့က နောက်ကျနေပေမဲ့ Happy New Year အနေနဲ့ သုံးပိုင်းတင်ပေးလိုက်ပါတယ်။😊😊😊😊😊နှစ်သစ်မှာ အကုန်လုံးပျော်ရွှင်ပြီး ကျန်းမာကြပါစေ။💕💕💕💕

ANDA SEDANG MEMBACA
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Humorရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...