Chapter 92 (Zawgyi)

2K 55 5
                                    

ကျူးကျူးဟာ အနည်းငယ် နောင်တရသလိုဖြစ်လာသည်။ 'သူငယ်ချင်းတွေနဲ့ သွားရင် သေချာပေါက် ဓာတ်ပုံလှလှလေးတွေ ရမှာပဲ'
ကျူးကျူး ရဲ့ဆယ်ဆပျော်ရွှင်မှုနဲ့ ကွာခြားစွာ ရုံးခန်းထဲမှာရှိနေတဲ့ချန်ကျမ်းကတော့ အနည်းငယ်တိတ်ဆိတ်နေပုံပေါ်သည်။
တကယ်လို့ မင်းသာ ချန်ကျမ်းနဲ့အကြာကြီးသိလာတဲ့သူဆိုရင် အခုချိန်မှာ သူ့ခံစားချက်တွေမကောင်းကြောင်း နားလည်လိမ့်မယ်။ တခြားလူတွေဟာ ဘာဖြစ်နေမှန်းမသိတာကြောင့် ဂိမ်းများတခုခုမှားနေတာလားဆိုပြီး အပြေးအလွှားသွားစစ်ဆေးကြည့်ကြသည်။ တုနွမ်တယောက်တည်းသာ ဘာဖြစ်နေမှန်းသိလေသည်။
'သေပြီ'
'မြင်းဖင်နှိုက်မိတဲ့ကိစ္စက ဖင်နှိုက်ရုံတင်မကဘူး၊ နံပါနံသွားတာဟ'
'နှစ်ယောက်သားရန်ဖြစ်ထားလို့လား? မရီးက ဘာလို့ သူဌေးနဲ့မသွားတာလဲ?' သူတွေးကြည့်လိုက်သည်။
သူ့နှလုံးသားထဲမှာ မုန်တိုင်းထန်နေလေပြီ။ အပြင်ဘက်မှာတော့ အလေးအနက်ရှိတဲ့စစ်သားတယောက်လိုမျိုး ချန်ကျမ်းဆီကို ဖြေးညင်းစွာလျှောက်သွားလိုက်သည်။
နောက်တစက္ကန့်အတွင်း တုနွမ်ရဲ့မျက်နှာဟာ ရှုပ်ထွေးသွားသည်။
ချန်ကျမ်းကအလုပ်များနေတာလို့ သူတွေးထားပေမဲ့ သူ့ရဲ့ဖုန်းမျက်နှာပြင်မှာ ကျူးကျူးရဲ့ဘာစာမှပို့ထားခြင်းမရှိတဲ့ Wechat အကောင့်ကိုပဲ ဖွင့်လျက်ရှိနေမယ်လို့ ဘယ်သူတွေးမိမှာလဲ။ ချန်ကျမ်းဟာ ဒီပုံစံအတိုင်း မနက်ကတည်းကနေ ရှိနေတာပေ။ ဘယ်လောက်ကြာကြာစောင့်နေမှန်းမသိပေ။ တချက်တောင်နေရာကနေမရွေ့သေးပေ။
တုနွမ် ။ "ဟို....သူဌေး၊ ရန်ဖြစ်ထားလို့လား?"
ချမ်ကျမ်းဟာ တခွန်းမှ ပြန်မပြောလာပေ။
တုနွမ် ။ "ဒီလိုတိတ်နေတာက ဘာမှမကောင်းဘူး၊ ကျွန်တော် မက်ဆေ့ထပ်လို့ပို့လိုက်မယ်လေ၊ သူဌေးလည်း ဆုမဲပေါက်တာကြောင့် တူတူသွားရမယ်လို့"
ချန်ကျမ်းဟာ စကားတလုံးမှမပြောပေ။ သူ့ရဲ့တိတ်ဆိတ်နေတဲ့ပုံရိပ်ဟာ ဖုန်းစကရင်ပေါ်မှာ ပုံရိပ်ထင်နေပြီး သူ့ရဲ့မျက်လုံးတွေဟာ အသက်မပါသလိုမျိုး သူ့ကိုစိုက်ကြည့်နေတာကြောင့် တုနွမ်ဟာ တုန်လှုပ်သွားပြီး သူ့ကိုယ်သူလူဆိုးတယောက်လိုခံစားမိသွားသည်။
သူ့နှလုံးသားထဲကမုန်တိုင်းတွေ ငိုစပြုလာပြီ။ 'ငါကတကယ်အပေါစားဆန်တာပဲ၊ ဘာလို့ ငါအဲဒီစုတ်ပြတ်နေတဲ့စိတ်ကူးထွက်လာပါလဲ?'
တုနွမ်မျက်ရည်ထွက်လာပြီး ပြောလိုက်သည်။ "သူဌေးတို့လင်မယား ရန်ဖြစ်ထားမှန်း မသိခဲ့လို့ပါ။ သိရင် မလုပ်ခဲ့ပါဘူး"
တကယ်လို့ ကျူးကျူးသာ တုနွမ်စကားကြားရင် ရယ်လို့သေသွားတော့မှာပဲ။
'ရန်ဖြစ်တယ်? ချန်ကျမ်းနဲ့ရန်ဖြစ်လို့ ဘယ်သူကနိုင်မှာလဲ? ငါပဲသေချာပေါက်ရှုံးမှာပေါ့ '
ညအချိန်
ခရီးအတွက်လိုအပ်တဲ့ပစ္စည်းတွေ အများကြီးဝယ်လာတဲ့ကျူးကျူးဟာ သူမရဲ့ခရီးသွားအိတ်ထဲထည့်ရန်ကြိုးစားနေသည်။ သုံးရက်အတွင်း သွားရန်အသင့်ဖြစ်နေပြီး ဘာမှမကျန်ခဲ့တာသေချာအောင် ကြိုတင်ပြင်ဆင်ထားလေသည်။
သူမမျက်နှာသုတ်ပဝါတွေ ထည့်ရင်း အလုပ်များနေပေမဲ့ ရုတ်တရက် သူမနောက်ကျောတလျှောက် ကြက်သီးထသွားသည်။
ကျူးကျူး ။ "?"
သူမခေါင်းမော့လိုက်ပြီး လိုက်ကြည့်လိုက်သည်။ ဘေးတဖက်ကနေ ချန်ကျမ်း သူမရဲ့လှုပ်ရှားမှုတွေကို ကြည့်နေတာကို တွေ့လိုက်ရသည်။
ချန်ကျမ်းမျက်နှာမှာ အမူအရာမရှိပေ။ သူ့လက်တဖက်က နို့ချဉ်ဘူးကို ကိုင်ထားပြီး ပါကင်ကိုဖြေးဖြေးချင်း ခွာနေသည်။ ကျူးကျူးနဲ့ဆန့်ကျင်စွာ ချန်ကျမ်းဟာ အလွန်တည်ငြိမ်နေသည်။
ကျူးကျူး ။ "...နင်အလုပ်များနေလား?"
ချမ်ကျမ်း ။ "မများဘူး"
"ကောင်းလိုက်တာ၊ ငါ့ကို ဒါလေးတွေ ကူလုပ်ပေးပါဦး"
အဲလိုပြောပြီးနောက် ရုတ်တရက် သူမအလည်သွားမှာဖြစ်ကြောင်း ချန်ကျမ်းမသိသေးမှန်း ကျူးကျူးသတိရလိုက်သည်။ 'အသွားအလာရက်တွေပါထည့်ပေါင်းလိုက်ရင် ၄ ၅ ရက်လောက်ရှိမှာ၊ အဲရက်တွေ ချန်ကျမ်းတယောက်တည်း အစားအသောက်အတွက်ဖြေရှင်းရမှာပဲ'

ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းOù les histoires vivent. Découvrez maintenant