Chapter 14(Unicode)

5.5K 537 1
                                    

သူမက ဒီအတိုင်းပုံမှန်သိပ်စျေးမကြီးပြီး ကြည့်ကောင်းတဲ့အင်္ကျီတလုံးနှစ်လုံးလောက်ဝယ်ချင်ရုံပါပဲ။ အစကတော့ အရောင်းဝန်ထမ်းတွေဟာ နွေးထွေးစွာနဲ့ ရှင်းပြပေးနေမယ့် ကျူးကျူးအကြည့်တွေဟာ ဒစ်စကောင့်ဇုံကို ရောက်သွားပြီး သူမကောက်ကိုင်ကြည့်တဲ့ ပစ္စည်းတိုင်းဟာ စျေးမကြီးကြောင်းမြင်ရချိန်မှာတော့ သူတို့ရဲ့အပြုံးတွေဟာ တဖြည်းဖြည်းပျောက်သွားတော့သည်။

ဒါပေမယ့် အရောင်းဝန်ထမ်းတွေမှာလည်း သူတို့နဲ့ ထိုက်တန်တဲ့တန်ဖိုးရှိတာကြောင့် သူတို့ရဲ့ စိတ်အားတက်ကြွမှုတွေဟာ ပျောက်သွားပြီး ကျူးကျူးအနားမှာဝိုင်းမနေကြတော့ပေ။ တဖက်မှာတော့ ကျူးကျူးဟာ စိတ်သက်သာရာရသွားရလေတော့သည်။

သူမဟာ အောင်အောင်မြင်မြင်နဲ့ အင်္ကျီအနည်းငယ်ကို စမ်းဝတ်ကြည့်ပြီး ဝယ်လိုက်တော့သည်။ အရောင်းဝန်ထမ်းရဲ့ မျက်လုံးတွေဟာ တောက်ပသွားပြီး မနာလိုစွာနဲ့ ချီးကျူးလိုက်တော့သည်။ 

"ဒီဂါဝန်က အရမ်းချေးများတာ၊ ခန္ဓာကိုယ်လှတဲ့သူမို့ လို့ လိုက်တာ"

ချီးကျူးခံရရင် ဘယ်သူမဆို ပျော်တာပေါ့။ ကျူးကျူးဟာ အပြုံးနဲ့ အတူ ကျေးဇူးတင်ကြောင်းပြောလိုက်သည်။

'ချိန်းထားတဲ့အချိန်တောင် ရောက်တော့မယ်' ကျူးကျူးဟာ စျေးဝယ်အိတ်နှစ်လုံးကိုဆွဲရင်း Green Isl

and Cafe ကိုသွားလိုက်တော့သည်။ သူမဟာ တက္ကစီပေါ်ကဆင်းချိန်မှာ အသားဖြူပြီး ချောမောတဲ့ရှားရုံနဲ့ တန်းတိုးလေသည်။ ရုားရုံဟာ အင်္ကျီဖြူပြောင်နဲ့ ကော်ဖီရောင်ဆွယ်တာလက်ပြတ်ကို ဝတ်ထားလေသည်။ သေးသွယ်တဲ့ကိုယ်ကြောင့်မို့ လမ်းမှာရှိနေတဲ့ ကောင်မလေးတွေကို ရှက်သွားစေလေသည်။

ကျူးကျူးဟာ တွေးလိုက်သည်။ 'ကြည့်လို့တော့ကောင်းပါတယ်၊ ဒါပေမဲ့ ချန်ကျမ်းက ဒီထက်ပိုလို့တောက်ပြောင်အုန်းမယ်'

သူမဟာ ရှေ့ကိုခြေလှမ်းလှမ်းလိုက်ရင်း နောက်ကနေရှားရုံကို လှမ်းခေါ်လိုက်သည်။

ရင်းနှီးတဲ့အသံကို ကြားတာကြောင့် ရှားရုံဟာ အရမ်းတွေးမနေပဲ လှည့်ကြည့်လိုက်ပေမဲ့ ကျူးကျူးကိုမြင်ချိန်မှာတော့ သူဟာ လုံးဝအံ့ဩသွားတော့သည်။ 

ပထမတော့ သူဟာလန့်သွားပေမဲ့ နောက်တော့သူ့ရှေ့မှာရှိနေတဲ့အမျိုးသမီးဟာ ဘယ်သူမှန်းသတိရသွားတော့သည်။ သူ့အကြည့်ဟာ ကျူးကျူးပေါ်ကနေမလွှဲပဲ ခေါင်းကနေခြေအဆုံးကြည့်နေလေသည်။ ပြီးမှသူဟာ ခက်ခက်ခဲခဲနဲ့မေးလိုက်လေသည်။ "မင်း....ရွမ်ကျူးလား?"

ကျူးကျူးဟာ နဂိုပိုင်ရှင်ဟာ ဒီနာမည်ပြောင်ကိုမကြိုက်ကြောင်း သတိရလိုက်သည်။သူမဟာ သူမရှောင်ပိုင်နဲ့ အချောလေးတွေသွားချိန်တိုင်း ရွမ်ကျူးနာမည်ကို သုံးလေသည်။

ရှားရုံနဲ့လည်း အဲနာမည်ပဲသုံးလေသည်။

"ငါလေ" သူမဟာ ရှေ့ကိုတိုးလိုက်လေသည်။ မက်မွန်သီးနဲ့တူတဲ့ မျက်ဝန်းတစုံဟာ ပြုံးနေသလို့မြင်နေရပေမဲ့ အပြုံးအစား လူသားတိုင်းရဲ့ ဝိညာဉ်တွေစုပ်ယူနိုင်သလိုမျိုး တောက်ပနေလေသည်။

ရှားရုံဟာ သူ့ရဲ့ခြောက်သွေ့နေတဲ့ လည်ချောင်းကို တံတွေးမျိုချလိုက်ပြီး တခဏကြာလောက် အံ့ဩနေလေသည်။

သူတို့အတူရှိနေကြတာ အတော်ကြာနေပေမဲ့ ရွမ်ကျူးဟာ သူမရဲ့ပြင်သစ်နဲ့ အမေရိကန်စတိုင်မိတ်ကပ်ကို အရမ်းစိတ်တိုင်းကျနေပြီး သူမဟာ မိတ်ကပ်ကိုဖျက်ချင်စိတ်မရှိဘူးလို့ပြောပြီး ရှားရုံကို သူမမျက်နှာကို မထိခိုင်းပေ။ ရှားရုံဟာ အဲဒီဆိုးရွားလှတဲ့ မိတ်ကပ်ထူကြီးအောက်မှာ လှပတဲ့မျက်နှာရှိမယ်ဆိုတာ သိပေမဲ့ ကျူးကျူးရဲ့ ရုပ်ဆိုးတဲ့မျက်နှာနဲ့ သူမမျက်နှာပေါ်က ချစ်ရည်လွှမ်းနေတဲ့ တုံးအတဲ့အကြည့်ကို မြင်တိုင်းသူဟာ အစားစားချင်စိတ်ပင်ပျောက်လေသည်။ 



ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းDonde viven las historias. Descúbrelo ahora