Chapter 41(Unicode)

4.6K 496 12
                                    

(အလုပ်နည်းနည်းများပြီး မီးက ဆက်တိုက်ကို ပြတ်နေတာကြောင့် ၂ ရက်လောက်ပျောက်သွားတာ sorry ပါ)


'အဲလိုမျိုး စိတ်ထားကောင်းတဲ့ကောင်မလေးလိုမျိုး ငါတော့မနေနိုင်ပိုင်။ ငါကတော့ နေ့တိုင်း အသင့်စားအစားအစာတွေနဲ့ လက်သုံးပြီး လုပ်ရတာကြိုက်တယ်။ ပြီးတော့ ငါဆက်သွယ်ဖို့အတွက် မိုဘိုင်းဖုန်းကို သုံးတာ'

ကျူးကျူး မျက်လုံးလှန်လိုက်သည်။ 'ငါတွေးကြည့်ရုံနဲ့တင် မြင်ကွင်းက မလှတော့ဘူး'

ကျူးကျူးအတွေးနယ်လွန်နေတုန်းမှာပဲ ကွန်ပြူတာတပ်ဆင်ပြီးသွားပြီး လိုင်းချိတ်ဆက်သွားပြီလို့ ဖော်ပြနေတယ်။ ကျူးကျူး သူ့ပုခုံးကို အပြုံးနဲ့ပုတ်လိုက်ပြီး "မောင်လေး၊ ဘာလိုချင်လဲ ပြော?"

"ငါနေ့ခင်း ဖက်ထုပ်စားချင်တယ်"

ကျူးကျူးရဲ့အပြုံးပျောက်သွားတော့တယ်။ "ဖက်ထုပ်က အရမ်းလက်ဝင်တယ်။ ငါတို့ခဲပြီးသားဝယ်လို့ရတယ်"

သူမရှေ့မှာရှိနေတဲ့ယောင်္ကျားဟာ အရပ်ရှည်ပြီးတော့ အမဲရောင် hoodie ကို ဝတ်ထားပြီး သူ့အသားအရေဟာ ဖြူဖျော့တယ်။ သူ သူ့ရဲ့သေးသွယ်တဲ့မျက်ခွံတွေကို အောက်ကိုစိုက်ချထားပြီး ကျူးကျူးရဲ့ရှုထောင့်ကနေ သူ့ရဲ့ထူပြီး ရှည်လျားတဲ့မျက်တောင်တွေကို မြင်နေရတယ်။ သူ့ရဲ့ရက်စက်ပုံပေါ်နေတဲ့ ချွန်ထက်တဲ့နှာခေါင်းကို ‌ရောပဲ။ 

သူ သက်ပြင်းလေးချလိုက်ပြီး တိုးတိတ်စွာနဲ့ "လက်နာတယ်"

ကျူးကျူး ။ " .....နင်ကျောက်ပတ်တီးတွေ အကုန်ဖြေလိုက်ပြီ မဟုတ်ဘူးလား၊ ဘယ်သူ့ကို လာလိမ်ဖို့ကြိုးစားနေတာလဲ?"

ချန်ကျမ်းရဲ့အဖြေက လေးနက်နေသည်။

"ကောင်းရုံပဲ"

"......."

'သူမပြောစရာစကားမဲ့သွားသည်။'

ပူပူလောင်လောင်ဖက်ထုပ်တွေမှာ အစာသွပ်ထားတာတွေ အများကြီးပါနေပြီး သူတို့ကိုကြည့်ရတာ စားချင်စဖွယ်ဖြစ်နေသည်။ ကျူးကျူးဟာ ချန်ကျမ်းအတွက် ခွက်ကြီးတခွက် ခူးပေးလိုက်ပြီး သူမအတွက် သူမ ခူးရင်းနဲ့ အလုပ်များနေသည်။ သူမစားပွဲကို မပြင်ဆင်ရသေးပေမဲ့ ချန်ကျမ်းဟာ သူ့ရဲ့တူကို မရွေ့သေးပဲ ကျူးကျူးနဲ့တူတူထိုင်ပြီး စားမှာကို စောင့်နေသည်။

ကျူးကျူး သူမဖုန်းကို စားပွဲပေါ်မှာတင်ထားခဲ့သည်။ ရုတ်တရက် " ပီ " အသံနှစ်ကြိမ်မြည်လာပြီး ဖုန်းစကရင်လင်းသွားသည်။

ချန်ကျမ်းဘက်ကနေ ဖုန်းစကရင်ပေါ်က ပို့သူရဲ့နာမည်ကို တွေ့နေရတယ်။

{ရွမ်ကျူး၊ ငါရှားရုံပါ၊ ငါမင်းကို ပြောစရာရှိလို့၊ မနက်ဖြန်အားလား? }

"....."

" ဝါး၊ ဒါက အရမ်းပူတာပဲ  "

ကျူးကျူး ဖက်ထုပ်အပြည့်ပန်းကန်တချပ်ကိုယူပြီး စားပွဲပေါ်မှာချဖို့ ခပ်မြန်မြန်လျှောက်လာသည်။ သူမဖုန်းလင်းနေတာကို တွေ့လိုက်ပြီး ချန်ကျမ်းကတော့ ဖက်ထုပ်စားရန် ပန်းကန်ကိုပဲ ကြည့်နေတယ်။ 

သူမဖုန်းကို ကောက်ယူလိုက်ကာ ရှားရုံဆီကစာကို ဖတ်ကြည့်လိုက်တယ်။

'ဒီအကောင်က တကယ်တွယ်ကပ်တာပဲ၊ အကြိမ်အများကြီး အငြင်းခံရတာတောင် လက်မလျှော့သေးဘူးပဲ ' ကျူးကျူးစိတ်တိုလာ‌ေတာ့သည်။

သူမရှားရုံရဲ့ဖုန်းနံပါတ်ကို blacklist  ထဲထည့်ရန် ပြင်နေချိန်မှာပဲ ရှားရုံက နောက်မက်ဆေ့တခုထပ်ပို့လိုက်သည်.။ 

{တကယ်လို့ မင်းငါနဲ့ လာမတွေ့ဖူးဆိုရင် ငါဘာလုပ်နိုင်လဲ မင်းမသိပါဘူး}

ကျူးကျူး နှာခေါင်းရှုံ့လိုက်ပြီး ချက်ချင်းပြန်ပြောလိုက်သည်။

{Screenshot ရိုက်ထားလိုက်ပြီ၊ နင်က ဘာမို့လို့ ငါ့ကို ချက်ချင်းလာလို့ခေါ်ရဲနေရတာလဲ?}

{မင်းငါ့ကိုလာမတွေ့ဖူးဆိုရင် ငါတို့အတူတူရှိခဲ့ကြတဲ့ သက်သေတွေ ငါအကုန် ဖော်ထုတ်ပစ်မယ်}




ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းWhere stories live. Discover now