Chapter 88 (Zawgyi)

1.6K 60 3
                                    

ချန်ကျမ်းကြက်ဥခေါက်ဆွဲစားမလို့လုပ်နေတဲ့အချိန်မှာပဲ နဂိုဂရုစကားပြောခန်းကိုတုနွမ်ဟာ "ဖက်ထုပ်လောက်အရသာရှိတာမရှိဘူး" လို့ပြောင်းလိုက်သည်။  လူအများကြီးဟာ စကရင်ကို ရွေ့လိုက်လျားလိုက်နေကြပေမဲ့ တခဏအကြာမှာတော့ စကားပြောခန်းမှာ စာတွေဟာ ၉၉+ ထိရောက်သွားသည်။
တုနွမ် ။ "မရီးက သေလောက်အောင်လှတယ်ဟ! တကယ်ကိုလှတာ!"
ကျောင်းဖန် ။ "ငါထောက်ခံပေးနိုင်တယ်! မင်းတို့မသိဘူးမလား တအုပ်စုလုံး ကြောင်သွားတာဟ!"
ဖုဇီချန် ။ "လခွမ်း! ငါမလိုက်လိုက်တာနဲ့ ဒီလိုကိစ္စကြီးကို လွတ်သွားတာလား? ငါ့ကိုဘာလို့ ဖုန်းမဆက်တာလဲ?!"
ဖုဇီချန် ။ "ဘယ်လောက်ထိလှတာလဲ? ငါဘာလုပ်ရမလဲ? သူဌေးဆီကနေ ဓာတ်ပုံတောင်းကြည့်ရမလား? ငါရူးသွားပြီလား?!"
တုနွမ် ။ " မင်းမပြောနဲ့ ငါတောင် နောက်နေ့နေထွက်တာကို တွေ့လိုက်ရမှာမဟုတ်ဘူး"
ကျောင်းဖန် ။ "တုနွမ်မျက်နှာက အသက်ပဲ၊ မရီးကို သူတွေ့လိုက်ချိန် မျက်တောင်တောင်မခတ်ပဲ အသားကိုစိုက်ကြည့်နေတဲ့ခွေးတကောင်လိုပဲ"
ဖုဇီချန် ။ "ငါအထီးကျန်လိုက်တာ၊ ဘုရားရေ ၊ ငါငိုနေတာလား? ငါလည်း မရီးကိုတွေ့ဖူးချင်တယ်လေ"
ဆယ်မိနစ်ကြာပြီးနောက်
[ချန်ကျမ်းက ဂရုနာမည်ကို "အသင်းစကားပြောခန်း" လို့ပြောင်းလိုက်ပါသည်။]
[တုနွမ်က ဂရုကနေ နှင်ထုတ်ခံလိုက်ရပါသည်။]
တခဏကြာပြီးနောက် ဂရုထဲမှာ ချန်ကျမ်းရဲ့ရှင်းလင်းပြီးနွေးထွေးကာ လေသံအတက်အကျမရှိတဖြောင့်တည်းအသံမက်ဆေ့ရောက်လာသည်။
"အချိန်ပိုဆင်းချင်လို့လား?"
ဇူးမာနဲ့ပတ်သက်ပြီးတော့ သူဌေးဟာ အလုပ်ကို ကိုယ်ရေးကိုယ်တာခံစားချက်တွေမယူလာမှန်း တုနွမ်သိသည်။
'....သူ့မှာက ကိုယ်ရေးကိုယ်တာခံစားချက်ကော ရှိရဲ့လား'
ချန်ကျမ်းဆိုလိုချက်က ရှင်းလင်းသည်။ ' ဇူးမာကို ကစားခွင့်ပေးလိုက်၊ အလုပ်နဲ့ပဲသက်သေပြပါစေ'
သူတို့ဆီမှာ စိတ်ပိုင်းဆိုင်ရာသန်မာတဲ့ကစားသမားတွေလိုအပ်တယ်။ ခဏတဖြုတ်ဆုံးရှုံးမှုရော လူစားထိုးတွေရောမလိုအပ်ပေ။ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှ ပြသာနာတွေကို ခေါင်းအေးအေးထားပြီး ကစားနိုင်ပြီး အကောင်းဆုံးကတော့ အချိန်ကိုက်လှုပ်ရှားမှုပေ။
တုနွမ်ဟာ သူ့သူဌေးအကြောင်းကို ရူးသွပ်သလို ပြောနေသည်။ "သူ့ရဲ့စိတ်ပိုင်းဆိုင်ရာလောက် ဘယ်သူကြံ့ခိုင်နိုင်မလဲ? အဲဒီအချိန်တုန်းက သူလူထုကြားထဲပထမဆုံး ထွက်လာချိန်မှာပဲ ငွေတွေအများကြီးဝင်ပြီး  သူ့ရဲ့ပိုင်ဆိုင်မှုတွေက ထောင်ကို ထောင်နဲ့ချီလို့ထိ ရောက်သွားတာလေ။ ဒါတောင် သူဘဝင်မမြင့်ဘူးလေ"
ဖုဇီချန်က မေးလိုက်သည်။ "မရီးရှေ့မှာဆိုရင်ရော တည်ငြိမ်လို့လား?"
"တည်ငြိမ်တာပေါ့၊ အိတ်တွေကိုကူသယ်ပေးတယ်၊ အိမ်ပြန်ဖို့ဦးဆောင်ခေါ်သွားပေးတယ်၊ ရှင်းရှင်းပြောရရင် မယားကြောက်ပဲ" အဲအကြောင်းပြောနေရင်းတောင် တုနွမ် အားကျနေမိသည်။ "ငါလည်းအဲလိုမျိုးအိမ်အတူပြန်ပြီး ညကျရင်စောင်နွေးအောင်လုပ်ပေးမဲ့သူတယောက်လောက်လိုချင်တယ်၊ အရမ်းအားကျလိုက်တာ"
ကျောင်းဖန်ဟာ အနည်းငယ်လန့်သွားသည်။ "သူဌေးအဲဟာကို လုပ်ပြီးပြီလို့ထင်လား?!"
"ဘာမဟုတ်တာတွေပြောနေတာလဲ? သူဌေးလည်းယောင်္ကျားတယောက်ပဲလေ!"
တခြားနှစ်ယောက် ။ "...."
'အရမ်းကောင်းတယ်၊ ဒီစာကြောင်းကအမှတ်ပြည့်ပဲ'
.....
ချန်ကျမ်းကို အခုတလော ကျူးကျူးကောင်းကောင်းမွန်မွန်ဆက်ဆံနေသည်။ အဲဒီကိစ္စက တကယ်ပဲ သူမအမှားဆိုတော့ ချန်ကျမ်းရဲ့ အစိမ်းလိုက်ကိုက်စားတော့မတတ်အကြည့်ကိုတွေ့တွေ့ချင်း သူမရှုံးသွားသည်။
သူမရဲ့အပြစ်ကို သူမအတွေးထဲမှာ အရမ်းကိုနောင်တရနေသည်။ ချန်ကျမ်းဟာ ပျော့ကွက်ကိုရထားတော့ နည်းနည်းလောက်အမြင်မတူတာနဲ့ တိုးတိုးလေးပြောသည်။ "အသက်ရှင်ဖို့အတွက်စားသောက်နေရတာပါပဲ"
ကျူးကျူး ။ "....."
'ငါအရမ်းဒေါပွနေပေမဲ့ ပြုံးထားရမယ်'

ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းWhere stories live. Discover now