ရုတ်တရက် အသင်းရဲ့ စကားပြောခန်းက တခဏလောက် တိတ်ဆိတ်သွားသည်။
အနောက်ဘက်က မြင်းခွာ ။ "အဲဒါ.....ကမ္ဘာ့ချန်နယ်ရဲ့ "ရှီကျန်ယွဲ့ " လား?"
ပိုင်လုံမန် ။ "အစ်မယောင်္ကျားက 6666."
Dumbledore လေး ။ "တော်လောက်ပြီ! သူ့ကိုဆွဲထားကြ!"
ကျူးကျူး ။ "? ? ?"
သူမဖုန်းကွယ်နေတဲ့ ကမ္ဘာ့ချန်နယ်ကို ခေါင်းရှုပ်စွာနဲ့ ဖွင့်လိုက်သည်။ အနီရောင် စာလုံးတွေက ဆက်တိုက်တက်လာနေပြီး ကစားသမားတွေရဲ့ မှတ်ချက်တွေနဲ့ ပြည့်နေသည်။
{ "ရှီကျန်ယွဲ့ " က "ချန်ယုအိမ်ရာ "ကို ကြိုးဝိုင်းထဲ စိန်ခေါ်လိုက်ပါတယ်}
ကျူးကျူး ထခုန်မိတော့မတတ်ပေ။ "!!!! ချန်ကျမ်း နင်ဘာတွေလုပ်နေတာလဲ? !!!"
တံခါးတဖက်က ချန်ကျမ်းရဲ့ ပျင်းရိနေတဲ့ အသံထွက်လာသည်။
"လေ့ကျင့်နေတာ"
ချန်ကျမ်းတယောက်တည်းကပဲ အဲလို ထူးခြားပြီး ဆန်းသစ်တဲ့ အကြောင်းပြချက်ကို သုံးနိုင်လေသည်။
ကျူးကျူး တခဏလောက် ငြိမ်သက်ကာ ဆွံ့အသွားသည်။
သူမချန်ကျမ်းရဲ့ စာကြည့်ခန်းဆီ လျှောက်လာပေမဲ့ သူမတွေ့လိုက်ရတာကတော့ သူမ မနေ့က ဝယ်ခဲ့တဲ့ ဝက်ဝံကြီး ဘီစကွတ်ကို ချန်ကျမ်းစားနေတာကိုပေ။ တကျွတ်ကျွတ်အသံက ဆက်တိုက်ထွက်ပေါ်နေပေမဲ့ လက်တဖက်ကတော့ မောက်စ်ကို သုံးပြီး မြေပုံပေါ်ရွေ့လျားနေသည်။ သူ့နောက်ကနေ သူသွားတဲ့နေရာတိုင်း ကစားသမားထောင်ပေါင်းများစွာက လိုက်နေကြသည်။
ကျူးကျူး ။ "......"
'ဒါက နှစ်ဦးယှဉ်ပြိုင်တိုက်ခိုက်တာလား? တယောက်ကတော့ လွတ်လွတ်လပ်လပ်နဲ့ ဘီစကွတ်စားနေတာပေါ့၊ ငါတကယ်ပဲ သူတို့ပြောနေတဲ့ ဆရာကြီးရဲ့ ပုံစံကို ပိုင်လုံမန်ကို ပြချင်လိုက်တာ'
ဂိမ်းရဲ့ပင်မ စာမျက်နှာဟာ ဆူညံနေသည်။
"အသိပေးကြေငြာချက်- ကျူးကျူးကျူးရဲ့ တကယ့်ယောင်္ကျားက လိုင်းပေါ်တက်လာပြီ!"
"ရှီကျန်ယွဲ့က ဒေါသထွက်နေပြီ!"
"အဲဒါက ဒီအတိုင်း ချန်ယုအိမ်ရာဆီ အရိုက်ခံလိုက်ရမဲ့ ကြက်ပေါက်လေးပါ၊ အလကားကြည့်စရာတောင်မလိုဘူး၊ အမှိုက်တွေ"
" "ရှီကျန်ယွဲ့ " က "ချန်ယုအိမ်ရာ" ကို စိန်ခေါ်လိုက်တာ live လွှင့်နေပြီနော် အကုန်လုံးဝင်လာကြ!"
"ငါက ချန်ယုအိမ်ရာဘက်က လောင်းမယ်၊ ဒါက တကမ္ဘာ့လုံးပြိုင်တဲ့နေရာလေ"
.......
ဒီနေ့က အလုပ်တက်ရက်ညနေခင်းပေမဲ့ ဒီကိစ္စကြောင့် ကစားသမားတွေက ဂိမ်းထဲဝင်လာပြီး ပွဲကြည့်ရမှာကို ရင်ခုန်စွာနဲ့စောင့်မျှော်နေသည်။ "အိမ်မက်အစဉ်လိုက်" ကိုထုတ်ပြီးကတည်းက အဆင့်တွေလည်း အဆင်ပြေပြီးဂိမ်းကလည်း ကစားရတာ အဆင်ပြေသည်။ ကစားသမားတွေက အဆင့်မြင့်ဖို့ပဲ အလုပ်များနေကြပြီး ပြောစရာဆိုလို့ ဂိမ်းနဲ့ပတ်သက်တာပဲ ရှိတာကြောင့် ထုံထိုင်းနေရာကနေ လိုင်းပေါ်က အရှုပ်တော်ပုံကြောင့် စိတ်လှုပ်ရှားနေကြသည်။
ဒီလိုမျိုး ပွဲကြီးပွဲကောင်းနဲ့တွေ့ရတော့ လူတွေက စိတ်မလှုပ်ရှားပဲနေနိုင်ပါမလား။ နတ်ဘုရားနဲ့ပတ်သက်တဲ့ အချက်ကြောင့် လူတွေက "သုံးပွင့်ဆိုင်၊ လေးပွင့်ဆိုင်အချစ်၊ နောက်မီးလင်းတာလက်ပူးလက်ကျပ်မိခြင်း" စသည်ဖြင့် ပွဲကို ပိုကြီးအောင် လုပ်နေကြသည်။
အခုချိန်မှာ ရင်တခုန်ခုန်နဲ့ ပွဲစမှာကို စောင့်မျှော်နေကြသည်။
မုန်တိုင်းအလည်က နှစ်ယောက်မှာ တယောက်ကတော့ ဘီစကွတ်စားရင်း အလုပ်များနေပြီး အခြားတယောက်ကတော့ ဘီစကွတ်စားနေတဲ့ တယောက်ကို စကားတောင်မပြောနိုင်ပဲ ဆွံ့အစွာနဲ့ ကြည့်နေသည်။
"ဂျွတ် ဂျွတ် ဂျွတ်...."
ချန်ကျမ်းဟာ ဟမ်းစတားတကောင်ရဲ့ အမြန်နှုန်းနဲ့ ဘီစကွတ်ကိုဝါးစားနေသည်။
ကျူးကျူး ။ "......." 'သူတကယ်ပဲ အလေးထားတယ်ဆိုတာ မရှိဘူး'
ချန်ယုအိမ်ရာဟာ လိုင်းပေါ်တက်လာပေမဲ့ ပြန်မပြောပေ။
VOCÊ ESTÁ LENDO
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Humorရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...