Chapter 74 (Unicode)

3.5K 431 3
                                    

နှစ်ယောက်ရဲ့ စကားတွေကို နှိုင်းယှဉ်ကြည့်လိုက်ချိန်မှာတော့ မျက်နှာတွေ ပြုံးကုန်ကြသည်။ အတင်းတုပ်တဲ့ အဖွဲ့က ချက်ချင်းကို ရယ်မောလိုက်ကြပြီး ကျူးကျူးကို ချီးကျူးကြတော့သည်။ ဘီယင်အတွက်တော့ သူမရဲ့ငယ်ချစ်ဦးက ရတနာတခုလိုပေ။ တခြားကောင်မလေးတွေ လစ်ဇ်နဲ့ ယှဉ်ပြီး ပြောနေရင်တောင် အဆင်ပြေလေသည်။

ပို့စ်တွေ ဒါဇင်ပေါင်းများစွာ တက်လာသည်။

"ထိတ်လန့်စရာသတင်း! ကျူးကျူးရဲ့ ယောင်္ကျားက ကမ္ဘာ့အဆင့်ဝင်ကစားသမား လစ်ဇ်တဲ့!!" 

"အရိုက်ခံရသလိုဟန်ဆောင်ပြီး ပြန်ပုတ်ချလိုက်တဲ့ အကွက်က အရမ်းမိုက်တယ်!"

"ငါ့မိန်းမကို ဆဲရင် ငါမင်းကို သေအောင်ရိုက်မယ်!"

"ပါးရိုက်ခဲ့ရတဲ့ ကိုးရိုးကားရားနိုင်တဲ့ အဖြစ်အပျက်အပြီး ဘယ်သူဂိမ်းထဲမှာ ကျန်နေခဲ့မှာလဲ?"

ရှုဘီယင်ဟာ ဒေါသထွက်သွားလို့လား လိုင်းပေါ်ကပဲ ဆင်းသွားလို့လားမသိ၊ ခဏကြာအောင်တောင် စကားပြောမလာပေ။ 

အသင်းရဲ့စကားပြောခန်းဟာ ခွေးအုပ်စုလိုက် သရဲတွေ့လို့ အူသလိုမျိုး ဆက်တိုက်ဆူညံနေသည်။ "အစ်မကျူးကျူး၊ ကျေးဇူးပြုပြီး လစ်ဇ်ကို ငါက သူ့ရဲ့ ငါးနှစ် ခြောက်နှစ်လောက်ကြိုက်လာတဲ့ ဖန်ပါလို့ ပြောပြပေးပါ!"  "ဘုရားရေ၊ လစ်ဇ်က ဘယ်လိုပုံစံလဲဆိုတာ သိချင်လိုက်တာ!"  "အမေရေ၊ သမီးငိုနေပါပြီ!!"  "လစ်ဇ်ရေ၊ ငါမင်းကို ချစ်တယ်၊ ငါ့ကို တချက်လောက် ကြည့်ပါဦး!"

ကျူးကျူး ။ "....."

ကျူးကျူး ။ "ညစာစားချိန်တောင် ရောက်တော့မယ်၊ ငါအရင် လိုင်းအောက်သွားတော့မယ်"

သူမလိုင်းပေါ်ကဆင်းရန် အကြောင်းပြချက်ပေးလိုက်သည်။ ဒါမှသာ ရူးသွပ်နေတဲ့ ဖန်အုပ်စုလိုက်ကြီး စိတ်လျော့သွားနိုင်အောင်လို့ပေ။

တဖက်တွင် 

ချန်ကျမ်းရဲ့ စာကြည့်ခန်းဟာ ဆူညံနေသည်။ တုနွမ်ရဲ့ စူးရှတဲ့ ငိုကြွေးသံဟာ ဖုန်းထဲကနေတောင် လူတွေရဲ့နားကို နာကျင်စေသည်။ "ဘယ်တုန်းက အဲဂိမ်းကို စိတ်ဝင်စားသွားရတာလဲ? သူဌေး၊ ဘာလို့ ကျွန်တော့်ကို မပြောပြရတာလဲ!!!!"

'ဒီလိုမျိုး သူဌေးက ဂိမ်းထဲဝင်ပြီး ကစားတာက ကောင်းပေမဲ့ ခုလိုမျိုးကိစ္စနဲ့ကျတော့ ပွတ်လောရိုက်သွားတော့တယ်၊ ကိစ္စတခုခုဖြစ်လာရင် ငါ့ခေါင်းပဲကျလာမှာ၊ ငါဘယ်လိုအဆုံးသတ်လိုက်ရမလဲတောင် မသိတော့ဘူး'

ဖုန်းထဲကနေ ဘီစကွတ်ဝါးတဲ့သံ တကျွတ်ကျွတ်ထွက်လာပြီး သူဌေးရဲ့ မရေမရာ နဲ့ နှေးကွေးတဲ့လေသံနဲ့ 'ငါ ညစာကောင်းကောင်းစားချင်လို့"

တုနွမ် ။ "ဗျာ??"

သူ့အမေးကို သူဌေးရဲ့ ဖုန်းချသံနဲ့ပဲ တုံ့ပြန်လိုက်သည်။

တုနွမ် ။ "...."

'သူဌေးကတော့ကွာ!! ဝေါင်း ငါအရမ်းစိတ်တိုနေပြီ!'

..... 

ချန်ကျမ်းကို ကျွေးမွေးရန်အတွက် ကျူးကျူးဟာ ဟင်းပွဲတွေ စားပွဲခုံကြီးနဲ့ အပြည့်ပြင်ဆင်ထားသည်။ သူမ စာကြည့်ခန်းတံခါးဖွင့်လာသံကြားလိုက်ပြီး သူမနောက်ကနေ ချန်ကျမ်းဟာ ဖြေးဖြေးချင်းလျှောက်လာကာ နောက်ထပ်နို့ချဉ်တဗူးကို ယူကာ ဖွင့်လိုက်သည်။

ကျူးကျူး တခဏလောက် တုံ့ဆိုင်းနေပြီး အနည်းငယ် ရင်တုန်နေသည်။

သူမချန်ကျမ်းကို ကြည့်လိုက်ပြီး အရိပ်အခြေကြည့်ပြီး ပြောလိုက်သည်။

"အဲဒီ....နတ်ဘုရား?"

"......"

ချန်ကျမ်း အပေါ်ကို မော့ပီး နို့ချဉ်ကို သောက်လိုက်သည်။ သူ့လည်ဇလုတ်ဟာ အနည်းငယ်လောက်တက်လိုက် ကျလိုက်ဖြစ်သွားတာကို သူမသေချာတွေ့မြင်နိုင်ပြီး သူ့ရဲ့ပါးရိုးဟာ ဖြောင့်တန်းပြီး ချွန်ထက်သည်။ ကျူးကျူး ပြောတာကို ကြားပြီးတော့ သူမကို သူ လှည့်ကြည့်လိုက်သည်။အဲဒီ ကျဉ်းမြောင်းပြီး ရှည်လျားတဲ့မျက်ဝန်းတွေဟာ သေသပ်ပြီးတော့ ပျင်းရိပုံပေါက်နေပေမဲ့ မက်ဆေ့တခုကိုတော့ ဖော်ပြနေသည်။ 'ရူးနေတာလား?'

ကျူးကျူး ။ "......ငါဘာမှမပြောဘူးလို့ပဲ ထားလိုက်တော့၊ လက်ဆေးပြီး စားကြရအောင်"

သူမချန်ကျမ်းကို သိပ်အမြင့်ကြီး မမှန်းနိုင်ပေ။

'လစ်ဇ်ဆိုတာက ဘယ်လိုလူမျိုးလဲ? ကမ္ဘာ့နံပါတ်တစ်ကစားသမား၊ နတ်ဘုရားလေ၊ ဂိမ်းကစားတာကျွမ်းတဲ့ သူတွေ အများကြီး ရှိတာပဲ၊ သူမရှေ့မှာရှိနေတဲ့ ချန်ကျမ်းကတော့.....'

ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းTempat cerita menjadi hidup. Temukan sekarang