Chapter 95 (Zawgyi)

1.3K 54 1
                                    

တုနွမ် ။ "မင်း...ဟူး.. မင်းအသိစိတ်ဝင်မယ်လို့မျှော်လင့်ပါတယ်" 'ချန်ကျမ်းရဲ့မျက်လုံးထဲမှာ မရှိမဖြစ်ဆိုတဲ့ အကြောင်းပြချက်ဆိုတာမရှိပေ။ အခြေအနေကိုဘယ်လိုပြောင်းပြန်လှန်ပစ်ရမလဲဆိုတဲ့နည်းလမ်းပဲရှိသည်။ အန်ရူကတကယ်ကိုတကိုယ်ကောင်းဆန်နိုင်ပေမဲ့ သူမစိတ်ကိုထိန်းနိုင်ပါစေလို့တုနွမ်မျှော်လင့်နေမိသည်။
အန်ရူ ပြုံးလိုက်သည်။ "ငါကအဲလိုလူမျိုးလို့လား? စိတ်ချပါ၊ ငါကဒီအတိုင်းအနားယူမလို့ပါ"
ထို့နောက်
အဲညမှာ တုနွမ်ဟာ အိပ်မပျော်ပေ။ အချိန်အကြာကြီးစဉ်းစားပြီးနောက် သူ သူတို့နောက်ကိုလိုက်သွားရန်ဆုံးဖြတ်လိုက်သည်။ 'အားလပ်ရက်ခရီးထွက်ခွင့်ကောင်းက ဒီလိုအရာမျိုးမှာကုန်ဆုံးလိုက်ရတယ်လို့' သူအရမ်းစိတ်တိုနေတာကြောင့် တယောက်ယောက်ကိုမပြောပြပဲမနေနိုင်တော့ပေ။ တုနွမ်ဟာ ကျောင်းဖန်ကိုပြောလိုက်ပြီး ခရီးထွက်ခွင့်ရက်တွေကို အတူတူသုံးပြီး ခရီးသွားရန်ဆုံးဖြတ်လိုက်သည်။
နောက်ဆုံးမှ အသိပေးတာခံရတဲ့ ဖုဇီချန်ဟာ စိတ်ပျက်ပြီး ငိုညည်းတော့သည်။
"ဘာ? ခရီးထွက်မလို့လား?"
"ငါခွေးစာမစားချင်ဘူးလို့---အားးးး--"
ကျူးကျူးဟာ first class မှာ ထိုင်လိုက်ပြီး လေယာဉ်တခုလုံး ပျော်ရွှင်စွာနဲ့ စူးစမ်းနေသည်။
သူမ အဘွားလူက Grand View ဥယျာဉ်ကိုရောက်နေသလိုမျိုး ပြုမူနေတာကို ချန်ကျမ်းကြည့်လိုက်ပြီး ဘာလို့ ကျူးကျူးပျော်နေတာလဲ နားမလည်ပေမဲ့ သူ့ခံစားချက်တွေလည်း ကောင်းမွန်လာသည်။
ကျူးကျူး အသံတိုးတိုးနဲ့ပြောလိုက်သည်။ "ငါအရင်တုန်းက economy class ပဲစီးဖူးတာ"
အဲမှာဆိုရင်အချိန်တိုင်း လူအပြည့်ဖြစ်နေပေမဲ့ ဒီမှာတော့ ကျယ်ပြီး လူသိပ်မရှိပေ။ 'ခြေထောက်ဆန့်ချင်ရင်လည်း ဆန့်လို့ရတယ်၊ ဘယ်လောက်တောင် သက်တောင့်သက်သာရှိလိုက်သလဲ၊ လေယာဉ်မှာကျွေးတဲ့အစားအစာတွေတောင် ပုံမှန်ထက်ပိုစားကောင်းနေတယ်'
မမျှော်လင့်ထားတာက ချန်ကျမ်းဟာ လေယာဉ်ပေါ်ကစားစရာတွေကို စိတ်မဝင်စားတာကိုပေ။
"နင်မကြိုက်ဘူးလား?"
ကျူးကျူးရဲ့အတွေးထဲမှာတော့ ချန်ကျမ်းရဲ့ဝမ်းဗိုက်ဟာ အမှိုက်အိတ်ကြီးလိုပဲ ဘာထည့်ထည့်ဆန့်လေသည်။ 'ခေါက်ဆွဲခြောက်လိုမျိုး အသင့်စားအစားအစာတွေပဲစားပြီး အသက်ရှင်နေတဲ့သူက ဘယ်လိုတောင်အစားရွေးနိုင်ရတာတုန်း!'
ချန်ကျမ်းရဲ့အဖြေက နှေးကွေးသည်။ "အစားများသွားလ်ု့"
ကျူးကျူး ။ "အိုး!" 'အဲလိုဖြစ်နိုင်တာကို သူမမတွေးလိုက်မိဘူး'
နို့ချဉ်တခွက်သောက်ပြီးနောက် သူ သူ့ကျောကို ပျင်းရိစွာမှီချလိုက်သည်။ ပူနွေးနေတဲ့စားစရာက အထင်ကြီးလောက်စရာမဟုတ်ပေမဲ့ ကျူးကျူးကတော့ အရသာရှိတယ်လို့တွေးလိုက်သည်။ သူမနောက်တခုထပ်တောင်းရမှာရှက်နေသည်။ 'တောကတက်လာတဲ့သူလိုမျိုးပုံစံပေါက်နေမလား၊ လေယာဉ်မယ်ဆီမှာ အနှိမ်ခံရမလား၊ ဒါပေမဲ့ တခုစားပြီးတာတောင် ဗိုက်မဝသေးဘူး'
ကျူးကျူး ။ "...." သူမရဲ့အကြည့်က ချန်ကျမ်းရဲ့ဝေစုဆီရောက်သွားသည်။
'ချန်ကျမ်းအိပ်ပျော်သွားလောက်ပြီထင်တယ်၊ မလှုပ်မရှား၊ မျက်လုံးပိတ်၊ ပုံမှန်အသက်ရှုနေတယ်။ မနက်စောစောထွက်သွားပြီး ညကျရင်နောက်ကျမှပြန်ရောက်လာတော့ မျက်ရစ်တောင်ညိုချင်နေပြီ၊ သူကောင်းကောင်းမအိပ်ရသေးဘူးထင်တယ်'
ကျူးကျူး သူ့ကိုမနှောင့်ယှက်ဖို့ဆုံးဖြတ်လိုက်သည်။
သူမ စားစရာက်ု တိတ်တိတ်လေးယူကာ ဖွင့်လ်ုက်ပြီး ဇွန်းနဲ့ယူကာ စားရန်ပြင်လိုက်သည်။
ချန်ကျမ်းက အိပ်နေတာမဟုတ်ပေ။ သူဘယ်တော့မှ လေယာဉ်ပေါ်မှာ မအိပ်တတ်ပေ။ သူမျက်လုံးက်ုအနည်းငယ်ဖွင့်ကြည့်လိုက်ပြီး ကျူးကျူး ကြွက်လေးလို ခိုးစားနေတာတွေ့လိုက်တော့ သူ့ရဲ့အသံတိုးတိုးထွက်လာသည်။ "မင်း ဝိတ်ချနေတာဆို?"

ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းDonde viven las historias. Descúbrelo ahora