Chapter 93 (Zawgyi)

1.4K 52 4
                                    

'ဒါကြောင့် ချန်ကျမ်း ဘာမှမပြောပဲ တိတ်တိတ်လေးကြည့်နေတာနေမယ်။ ခုတောင်စိတ်ရှုပ်နေလောက်တယ်'
"ဟို၊ ငါနင့်ကိုတခုပြောစရာရှိတယ်"
"ပြောလေ"
ချန်ကျမ်းဟာ သူ့ရဲ့နို့ချဉ်ကိုသောက်ရန်ပြင်လိုက်ပြီးသူ့အမူအရာကတည်ငြိမ်နေသည်။ ကျူးကျူးရှိနေတဲ့နေရာကို လှမ်းကြည့်လိုက်ပြီး ကျူးကျူးဘာပြောမှာလဲ ခန့်မှန်းနေသည်။
"ငါ ဆုမဲပေါက်ထားတယ်။ သုံးရက် လေးရက်လောက် အပြင်သွားလည်မှာ၊ အဲနေ့တွေမှာ နင်ကိုယ့်ဟာကိုယ်ဖြေရှင်းလို့ စားလိုက်တော့၊ အသင့်စားအစားအစာတွေတော့ မစားနဲ့နော်"
ချန်ကျမ်း ။ "...."
ဘာကြောင့်မှန်းမသိပေမဲ့ ကျူးကျူးတယောက် အခုတလော ချန်ကျမ်း စိတ်မကြည်ပုံပေါက်နေတယ်လို့ ထင်နေမိသည်။
အတူနေတာကြာလာတော့ မျက်နှာရိပ်ဖမ်းတတ်လာပြီ။ ကျူးကျူးအတွေးတချက်ပေါက်သွားပြီး ချန်ကျမ်းဘာကိုလိုချင်မှန်း သဘောပေါက်သွားသည်။ သူမရင်ကိုပုတ်ရင်းပြောလိုက်သည်။ "စိတ်ချနေလိုက်၊ ငါပြန်လာရင် သေချာပေါက် နင့်အတွက်ချက်ပေးမယ်၊ ဘာစားချင်လဲ ဘာလိုချင်လဲသာပြောလိုက်"
ချန်ကျမ်း ။ "...."
သူ့ရဲ့ ပြောင်းလဲမှုမရှိတဲ့မျက်နှာဟာ ရပ်တန့်သွားတာကိုတွေ့လိုက်ရတော့ ချန်ကျမ်း ဘာကိုစောင့်နေသေးတာလဲလို့ ကျူးကျူးတွေးလိုက်သည်။
ချန်ကျမ်း ဖြေးဖြေးချင်းမေးလိုက်သည်။ "မင်းတယောက်တည်းသွားမှာလား?"
"အင်း၊ နောက်တယောက်ပါလား၊ မပါလား သိပ်မသိဘူး၊ ဘာလို့လဲ? ဘာကိစ္စရှိလို့လဲ?"
"မရှိဘူး"
"ဒါဆို လာပြီး ကူပေးအုန်း၊ ဒီညထပ်ထည့်ရအုန်းမှာ"
"လက်နာနေတယ်"
ကျူးကျူး ။ "?"
သူနောက်လှည့်ကာ စာကြည့်ခန်းဝင်သွားပြီး တံခါးပိတ်လိုက်သည်။
ကျူးကျူးဟာ ပိတ်သွားတဲ့တံခါးကို ကြောင်လျက်ကြည့်နေမိသည်။
ဒါပေမဲ့ လွန်ခဲ့တဲ့တနာရီလောက်က "အိမ်မက်အစဉ်လိုက်" ရဲ့တရားဝင်အကောင့်ကနေ ကျူးကျူးကို မက်ဆေ့ပေါင်းများစွာ ပို့လေသည်။ သူမတယောက်တည်းသွားမှာ သေချာလားလို့ အတည်ပြုနေသည်။ မိန်းကလေးတယောက်တည်း ခရီးသွားတာ မကောင်းကြောင်း၊ အဖော်တယောက်ယောက်နဲ့သွားတာက အကောင်းဆုံးဖြစ်ကြောင်း ပို့နေသည်။
တဖက်လူက ဒီခရီးဟာ အစားအသောက်နဲ့ ရှုခင်းတွေကို အဓိကထားတာကြောင့် စားရတာကြိုက်တဲ့သူငယ်ချင်းတွေ ခေါ်လာပြီး အတူတူရှုခင်းကြည့်တာက ကောင်းကြောင်း ပို့နေသည်။
အစားအသောက်ဆိုရင် ကျူးကျူးရဲ့ပထမဆုံးအတွေးက ချန်ကျမ်းကိုပေ။
သူမမသိတာက အဲမက်ဆေ့တွေအကုန်လုံးဟာ ကုမ္ပဏီမှာ အချိန်ပိုဆင်းနေရတဲ့တုနွမ်တယောက် ငိုလျက်ပို့နေတာဖြစ်ကြောင်းကိုပေ။ ကျူးကျူးတယောက် ချန်ကျမ်းကို ခေါ်သွားစေရန် တောင်းဆိုနေတာပေ။ ချန်ကျမ်းသာမလိုက်သွားရရင် သူမအပြင်ထွက်လည်နေတဲ့ရက်တွေဟာ သူတို့အတွက်ငရဲခန်းလိုပဲဖြစ်မှာသိနေသည်။
'သူဌေးက အချိန်ပိုဆင်းရတာကြိုက်တဲ့အရူးပဲ။ သေချာပေါက် ငါတို့ကိုပါ ဆင်းခိုင်းမှာအသေအချာပဲ!"
'ငါလည်း ငါ့ရဲ့ခွင့်ရက်လေးတွေမှာ ကြင်ဖက်သွားတွေ့ချင်တယ်။ single မဖြစ်ချင်ဘူး။ ဘယ်သူမှ ငါ့ကိုမချစ်ကြဘူး။ မရီးလို ကောင်မလေးလိုချင်တယ်!'
ကျူးကျူးတွေးကြည့်လိုက်တော့ ချန်ကျမ်းဟာ သူမသူ့ကိုမခေါ်တာကြောင့် စိတ်ဆိုးနေတာမှန်း သိသွားတော့သည်။
အဲဒီကောက်ချက်ထွက်လာတာနဲ့ ကျူးကျူး ကိုယ့်ကိုကိုယ်တောင် မယုံနိုင်ပေ။
ဒါပေမဲ့လည်း ချန်ကျမ်းရဲ့အမူအရာက အေးချမ်းတဲ့နေ့တွေနဲ့ သေချာပေါက်ကွဲပြားနေသည်။
"..."
ကျူးကျူး ချန်ကျမ်းရဲ့စာကြည့်ခန်းဆီလျှောက်သွားလိုက်ပြီး နှစ်ကြိမ် တံခါးကိုခေါက်လိုက်သည်။ "ချန်ကျမ်း? အိပ်သွားပြီလား? ငါပြောစရာရှိလို့"
သူမစကားဆုံးတာနဲ့ တံခါးဟာ ချက်ချင်းပွင့်လာသည်။ ချန်ကျမ်းဟာ အပြာရောင်ဗြောင်ညအိပ်ဝတ်စုံကို ဝတ်ထားပြီး ပျင်းနေပုံပေါက်သည်။ သူမျက်ဝန်းတွေကို မှေးလိုက်ရင်း ကျူးကျူးကိုကြည့်ကာပြောလိုက်သည်။ "ငါအိပ်တော့မလို့၊ ပြောစရာရှိရင် မြန်မြန်ပြော"
ကျူးကျူး ။ "...." ' ဗြောင်လိမ်နေတယ်။ ဘောင်းဘီတောင်မလဲရသေးဘူး။ အိပ်ချင်နေပြီ??'

ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းHikayelerin yaşadığı yer. Şimdi keşfedin