Chapter 15(Unicode)

6.2K 532 1
                                    

အတူတူအိပ်ရတဲ့စာချုပ်ကြောင့်သာမဟုတ်ရင် ပင့်ကူခြေထောက်တွေလို မျက်တောင်တုတွေကိုမြင်ရုံနဲ့တင် သူနေမကောင်းဖြစ်ချင်လာလေသည်။

'တကယ်လို့ရွမ်ကျူးသာ ဒေါ်လာမီလီယံများစွာမ‌ပေးခဲ့ရင် သူမအပေါ်အချိန်အကြာကြီးမဖြုန်းမှာသေချာပေသည်။ အခုတော့အဆင်ပြေသွားပြီ။ သူမကွာရှင်းပြီးသွားရုံတင် မဟုတ်ဘူး အရမ်းပြောင်းလဲသွားသေးတာလား?'

ရှားရုံဟာ သွားကျိတ်လိုက်ပြီး ပြောလိုက်သည်။ "ငါမင်းကိုသေချာမသိသေးမှန်း အခုမှသိသွားတော့တယ်။"

ကျူးကျူးဟာ သူမမျက်ဝန်းထဲမှာ အပြုံးရိပ်သန်းလျက် သူ့ကိုဖြတ်ကျော်သွားလိုက်လေသည်။ ဒါပေမဲ့ သူမရဲ့လေသံကတော့ ကွဲပြားလေသည်။"ငါရယ်မိသွားတာပဲ၊ ငါ့အထင်တော့ နင်ဘယ်တုန်းကမှငါ့ကို မသိခဲ့ပါဘူး"

"......"

သီးသန့်အခန်းထဲမှာ လှလှပပဝတ်စားထားတဲ့မိန်းမနှစ်ယောက်ရှိနေသည်။ တယောက်ကလီယွမ်ဖြစ်ပြီး တယောက်က စွန်းလန်ဖြစ်လေသည်။ လီယွမ်ဟာ ကျူးကျူးကို ရှားရုံရဲ့ရည်းစားကောင်းတယောက်လို့ပဲ သိထားလေသည်။သူတို့ဟာ မာကျောက်စားပွဲဝိုင်းမှာ ပထမဆုံးတွေ့ဖူးတာဖြစ်လေသည်။ သူတို့နှစ်ယောက်နဲ့ယှဉ်ရင် နဂိုပိုင်ရှင်ဟာ အဆက်အသွယ်မရှိပြီး ငွေနည်းနည်းပဲရှိတာကြောင့် "အဆင့်အတန်းတူတူ"ဆိုတဲ့လူတွေနဲ့ တွေ့ရမှာအမြဲတမ်းစိုးရိမ်နေလေသည်။

ဘယ်သူကသူတို့ဟာသကြည့်ဖို့အတွက်ရောက်လာမိသွားတာလို့ ဘယ်သူတွေးမိမှာလဲ။

ကျူးကျူးတံခါးကိုဖွင့်ပြီးဝင်လာလာချင်းမှာပဲ နှစ်ယောက်ဟာ ရုတ်တရက်ရပ်တန့်သွားလေသည်။"ဒီကအမက ဘယ်သူ..."

"ငါ့ကိုတောင်မမှတ်မိတော့ဘူးလား" ကျူးကျူးဟာ တံခါးဝမှာတင်ပြောလိုက်သည်။

သူမနောက်မှာတော့ ရှားရုံဟာ တံခါးကနေတောင့်တောင့်တင်းတင်းဝင်လာပြီး နောက်ဆုံးတော့ စိတ်တည်ငြိမ်သွားလေသည်။ တဖက်မှာတော့ မိန်းကလေးနှစ်ယောက်ဟာ သူတို့ရဲ့ပါးစပ်တွေကို ထိတ်လန့်မှုနဲ့ ကာလိုက်မိတော့သည်။ သူမတို့ရှေ့မှာရှိနေတာဟာ အဲဒီအမြင်မရှိတဲ့ရွမ်ကျူးဆိုတာကို မယုံနိုင်ဖြစ်နေလေသည်။ ဒါပေမဲ့ အနီးကပ်ကြည့်ကြည့်တော့ သူမမျက်နှာပုံစံအချိုးအစားဟာ တကယ်ပဲတူညီလေသည်။

လီယွမ်ဟာ ချက်ချင်းထရပ်လိုက်ပြီး အပြုံးတခုဆင်မြန်းလိုက်သည်။ "ရွမ်ကျူး ထိုင်လေ။ ကြည့်ပါဦး အခုခေတ်မှာ ဒီလိုအလှလေးတွေ့ရဖို့ လွယ်တာမဟုတ်ဘူး"

"မဝင်တော့ဘူး၊ ဒီမှာပဲပြောမယ် ဒါမှအထင်လွဲတာတွေနဲ့ သတင်းထွက်မှာတွေကို ရှောင်နိုင်မှာ"

ဘယ်လောက်ထိသတင်းတွေကို စီစဉ်ဖူးမှန်းတောင် မရေနိုင်တော့တဲ့ အနောက်ကလူနှစ်ယောက်ဟာ ရှက်မိသွားလေသည်။ လေထဲမှာပဲရှိနေတဲ့ လီယွမ်ရဲ့ လက်မှာ တောင့်တင်းသွားပြီး ထောက်ခံသလိုမျိုး ပြုံးလိုက်လေသည်။ 

"ဘယ်လိုတောင်လား၊ ဘယ်သူကအတင်းပြောမှာလို့လဲ"

ကျူးကျူးဟာ ပြန်ပြောဖို့တောင်ပျင်းတာကြောင့် လစ်လျူရှုထားလိုက်သည်။ သူမလက်တွေကို ကြက်ခြေခတ်ပိုက်လိုကပြီး ဗုံးတလုံးဖြုတ်ချလိုက်သည်။


ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းWhere stories live. Discover now