လီယွမ်ထရပ်မှာကို စောင့်နေတဲ့စွန်းလန်ဟာ နောက်ဆုံးတော့သည်းမခံနိုင်တော့ပဲ အသက်တောင်မရှုအားပဲ ဆိုဖာကနေထရပ်လိုက်သည်။ သူဟာ စိုးရိမ်စွာနဲ့ "မနက်ဖြန် ငါမလုပ်နိုင်ရင် ငါဖုန်းဆက်လိုက်မယ်၊ အတူတူရင်းနှီးမြှုပ်နှံကြတာပေါ့!"
သူတို့ဟာ နဂိုပိုင်ရှင်ကွာရှင်းရင် သူ့ယောင်္ကျားက အိမ်မပေးမှာကို သိတာကြောင့် သူတို့ဟာ ချန်ကျမ်းရဲ့ရှယ်ယာတွေရဖို့ အစီအစဉ်ဆွဲထားတာဖြစ်လေသည်။
'ငါအစကတော့ နဂိုပိုင်ရှင်လိုကွာရှင်းပြီးတော့ မြှုပ်နှံမှုအရှုံးကို အကြောင်းပြပြီးရှယ်ယာကို နစ်နာမှုအနေနဲ့ ယူမယ်လို့ ဆုံးဖြတ်ထားတာ၊ ဒါပေမဲ့ ဒီလိုဆိုလည်း မဆိုးပါဘူး'
ချန်ကျမ်းကုမ္ပဏီက ကုမ္ပဏီကြီးမဟုတ်ပေ၊ ဒါပေမဲ့ ငွေကြေးရေးရာမှာ ဆယ်မီလီယံလောက်ရှိပြီး တိုးတက်မှုအမြင်တွေလည်းကောင်းလေသည်။ ကျူးကျူးပြောလိုက်တာကြောင့် သူတို့ဟာ ဒါဟာ ချန်ဥက္ကဌကသူတို့ရဲ့အကြံတွေကို ရိပ်မိသွားပြီလို့ အထင်လွဲသွားတော့သည်။ ကျူးကျူးဟာ မတော်တဆ အဲဒီအကြံကို အသုံးချပြီး ခြိမ်းခြောက်လိုက်ရုံပါပဲ။
ကျူးကျူးဟာ သူတို့ရဲ့တုံ့ပြန်မှုဟာ သိပ်မကောင်းလို့တွေးလိုက်သည်။ ဒါပေမယ့် တခဏစဉ်းစားတွေးတောပြီးချိန်မှာတော့ သူမအမြန်စိတ်အေးသွားပြီး ခေါင်းညိတ်လိုက်တော့သည်။
"အဲလိုဆိုရင် နင်ရော ငါ့အတွက်ရော ကောင်းတယ်"
သူမအရမ်းတည်ငြိမ်နေတာကြောင့် အခုဖြစ်နေတဲ့အခြေအနေတခုလုံးဟာ သူတို့ရဲ့ နှလုံးသားတွေကို ပိုပြီးတော့တောင် တုန်လှုပ်စေပြီး နဂိုပိုင်ရှင်ရင်းနှီးထားတဲ့ငွေကို ချက်ချင်းပြန်ပစ်ပေးချင်စိတ်ပေါက်နေလေသည်။
ဆွေးနွေးပြီးနောက် ကျူးကျူးဟာ အကြာကြီးနေဖို့မစဉ်းစားထားတာကြောင့် သူမရဲ့ရှောပင်းအိတ်တွေကိုယူပြီး ပြန်ဖို့လုပ်လေသည်။ သူမနောက်ကနေ လူတယောက်ဟာ ချက်ချင်းလိုက်လာပြီး ကျူးကျူးကို ကော်ရစ်ဒါမှာ တားထားလိုက်လေသည်။
အဲဒီလူဟာ ရှားရုံဖြစ်လေသည်။
ကျူးကျူးဟာ သူ့ကို အေးစက်စွာစိုက်ကြည့်လိုက်ပြီး "နင်ထပ်ဘာလိုချင်သေးလို့လဲ?"
ရှားရုံဟာ သူ့သွားတွေကို ကြိတ်ပြီးတော့ သူ့ရှေ့မှာရှိနေတဲ့ အများကြီးပြောင်းလဲသွားတဲ့ ရွမ်ကျူးကို ကြည့်နေလေသည်။ သူဟာ ဒီအသုံးမကျတဲ့ မိန်းမကို လွှင့်ပစ်ဖို့အစီအစဉ်ဆွဲထားပေမဲ့ အခုတော့ အဲဒါက သူ့ကို ဒေါသမထွက်နိုင်အောင် တားထားလေသည်။ အခုလက်ရှိမှာ သူ့ကိုသူစိတ်မလွတ်သွားအောင် ထိန်းထားရလေသည်။
"မင်း ငါလက်စားပြန်ချေမှာမကြောက်ဘူးလား?" သူမျက်လုံးကို မှေးကြည့်ပြီး ပြောလိုက်သည်။
"နင် ဘယ်လိုလုပ် ငါ့ကို ပြန်တိုက်နိုင်မှာလဲ?" ကျူးကျူးဟာ သက်ပြင်းချရင်း ပြောသည်။ "နင်ငါတကယ်ပဲ နင်နဲ့လီယွမ်ဖောက်ပြန်နေတာ ငါမသိဘူးထင်နေလား၊ ငါအစကတော့မပြောထွက်ခဲ့ဘူး အခုတော့ ပြောရမှာတောင်ပျင်းသွားပြီ၊ ရှားရုံ၊ မိန်းမတယောက်နင့်ကိုမချစ်တော့ရင် အဲဒါဟာ ရက်စက်တတ်သွားတဲ့အချိန်ပဲ"
သူမရဲ့လေသံဟာ ပေါ့ပါးပြီး မမြင်ရတဲ့လေပြေလေးလို သွက်လက်နေသည်။ ပြီးတော့ လေထဲမှာပဲပျောက်သွားလေသည်။
"နင် ဘယ်တော့မှ ငါ့ကို ပြန်မတိုက်နိုင်ဘူး"
YOU ARE READING
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Humorရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...