ကျူးကျူးစိုးရိမ်စွာနဲ့ ပြောလိုက်သည်။
"အရမ်းပူနေသေးတယ်၊ ဆေးရုံကိုသွားကြရအောင်"
ချန်ကျမ်းဟာ မျက်လုံးမှိတ်ထားပြီး သူ့အသံက တိုးကာ လုံးထွေးနေသည်။
"မသွားဘူး"
အလုပ်ရက်တွေမှာဆိုရင် ချန်ကျမ်းဟာ သူအရှေ့နဲ့အနောက် တောင်မသွားဘူးပေ။ ကျူးကျူးသူ့ကို ဖြောင်းဖြရုံကလွဲလို့မတတ်နိုင်ပေ။ "နင်အဖျားရှိနေတယ်၊ ဆေးရုံသွားပြီးစစ်တာက ပိုကောင်းတယ်၊ ပိုဆိုးလာရင် ဘယ်လိုလုပ်မလဲ?"
ချန်ကျမ်းအဲစကားကိုပဲပြောလိုက်သည်။
"မသွားဘူး"
ကျူးကျူးစိတ်တိုစွာနဲ့ ဆံပင်ကို ဖွလိုက်သည်။ "ကောင်းပြီ၊ ဒါဆိုလည်း နင်အိပ်ရာပေါ်အရင်လှဲနေလိုက်၊ နောက်နာရီအနည်းငယ်အတွင်း အဖျားမကျရင်တော့ ဆေးရုံကို သွားပြီး အရေးပေါ်ခန်းမှာစစ်ရမယ်နော်"
အချိန်အကြာကြီးနေပြီးမှ ချန်ကျမ်းခေါင်းညိတ်လိုက်သည်။
သူ့ပါးပြင်တွေက အနီရောင်သန်းနေပြီး သူ့မျက်လုံးတွေက အိပ်ချင်နေသလိုမျိုး မဖွင့်နိုင်ပေ။ သူခေါင်းတောင် မူးနေပြီး ချစ်စရာကောင်းနေပုံပေါ်နေသည်။
ကျူးကျူးသူ့ကို ဆွဲထူလိုက်ချိန်မှာတော့----
'ငါ့ဖင်ကို ချစ်စရာကောင်း၊ ဘာလို့ဒီလောက်လေးနေရတာလဲ? လူစားလဲထားတာလား?'
ကျူးကျူးဟာ ချန်ကျမ်းကို ခက်ခက်ခဲခဲနဲ့ ဆွဲထူထားရသည်။ သူက အရပ်ရှည်ပြီး ပိန်ပုံမြင်ရပေမဲ့ အခုချိန်မှာတော့ သူက အရမ်းလေးတာကြောင့် ကျူးကျူးအသက်ထွက်မတတ်ပေ။ ကျူးကျူးဟာ သွားတွေကို ကြိတ်ပြီး ဆန်အိတ်ထမ်းသလိုမျိုး ချန်ကျမ်းကို တွဲလာသည်။
"ငါတကယ်....အစားအစာရဲ့အားတွေကို အကုန်သုံး....."
ခေါင်းမူးနေတဲ့ချန်ကျမ်းဟာ မျက်လုံးကို အနည်းငယ်ဖွင့်လိုက်ပြီး "ရိုးရိုးနို့လား? နို့ချဉ်လား?"
ကျူးကျူး ။ "......."
'စားရမဲ့အချိန်ဆိုရင် ဒီခွေးကောင်က အသိစိတ်ရှိလာတယ်'
နေမကောင်းဖြစ်နေချိန်မှာတော့ သူစကားနားထောင်တာကို တွေ့ပြီး နောက်ဆုံးတော့ ချန်ကျမ်းကို သူ့ကုတင်ကို တင်လိုက်ပြီးတော့ အသက်ထွက်မတတ်ပင်ပန်းသွားတော့သည်။ ချန်ကျမ်းရဲ့အားမရှိတဲ့ပုံစံလေးဟာ သနားစရာကောင်းနေသည်။ ကျူးကျူးပုဝါကို ရေဆွတ်လိုက်ပြီး သူအဆင်ပြေအောင် နှဖူးနဲ့ လက်တွေကို ရေပတ်တိုက်ပေးလိုက်သည်။
ချန်ကျမ်းရဲ့လက်ချောင်းတွေက လှပသည်။ သူ့လက်ချောင်းရိုးတွေက သေးသွယ်ပြီး ဖြောင့်စင်းနေသည်။ ကျူးကျူးရေပတ်တိုက်နေတုန်း သူလှိမ့်ရင်းနဲ့ ပတ်ပတ်လည်ကို လိုက်ကြည့်လိုက်သည်။
သူမချန်ကျမ်းကို ရေနွေးနှစ်ခွက်နဲ့ အဖျားကျဆေးတိုက်လိုက်သည်။ ပြီးမှ နောက်ဆုံးတော့ သူ့နားမှာ သူမထိုင်ချလိုက်သည်။
အဲဒီအချိန်မှပဲ ကျူးကျူး ချန်ကျမ်းရဲ့အခန်းကို သေချာကြည့်နိုင်တော့သည်။ သူမဒီကမ္ဘာကို ရောက်လာကတည်းကနေ ချန်ကျမ်းအခန်းဘယ်လိုပုံစံရှိသလဲဆိုတာကို မသိသေးပေ။ ကျူးကျူးကို စိတ်ပျက်သွားစေတာက အခန်းမှာ လက်လုပ်ပစ္စည်းတွေ၊ အပြာမဂ္ဂဇင်း CD တွေ၊ လေယာဉ်ပျံခွက်တွေ ရှိမနေပေ။ ချုံငြုံပြောရရင် ချန်ကျမ်းအခန်းဟာ သန့်ရှင်းပြီး ကုတင်တလုံး၊ ကွန်ပြူတာနှစ်လုံးနဲ့ ထိုင်ခုံတွေ၊ စာအုပ်စင်တွေက သူပိုင်ဆိုင်သမျှအားလုံးပေ။
စာအုပ်စင်ကစာအုပ်တွေဟာ ကာတွန်းမရှိ၊ စိတ်အားတက်ကြွမှုမရှိ၊ စာအုပ်အများစုကို ကျူးကျူးနားမလည်ပေ။
BINABASA MO ANG
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Humorရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...