အန်ရူတာဝန်ယူထားတဲ့ Animation ဒီဇိုင်းဌာနဟာ ကုမ္ပဏီအတွက် အကျိုးအမြတ်အများအပြားယူပေးနေသည်။ သူမက ဂျပန်မှာကျောင်းတက်ခဲ့ပြီး အလုပ်သင်ဖြစ်လာခဲ့သည်။ သူမမှာ သူမကိုယ်ပိုင်ထူးခြားတဲ့ ဒီဇိုင်းစိတ်ကူးစိတ်သန်းတွေရှိသည်။ အလွန်ကြီး ထူးခြားပြောင်မြောက်နေတာမဟုတ်ပေမဲ့ သူမရဲ့မူဟန်ဟာ အမြဲလိုင်းပေါ်မှာ နာမည်အတော်အသင့်ရှိသည်။
ရုံးခန်းထဲမှာ ချန်ကျမ်းမရှိပေ။ အန်ရူဟာ ချောင်းကြည့်လိုက်ပြီး အနည်းငယ်စိတ်ပျက်သွားသည်။ ဒါပေမဲ့လည်း မျက်နှာပေါ်မှာတော့ ပေါ်မနေပေ။
သူမရယ်လိုက်ပြီး "ဟုတ်သား၊ နင်ကွန်ပြူတာနဲ့ ဘာလုပ်မလို့လဲ?"
"အာ၊ ဒါက ငါတို့မရီးလေးနဲ့ ကစားလို့ရလာတာလေ"
"မရီးလေး ?"
အန်ရူရဲ့အမူအရာဟာ အနည်းငယ်ပျက်ယွင်းသွားသည်။ သူမသွားကြိတ်ပြီး စိတ်မပါတပါနဲ့ မေးလိုက်သည်။ "နင်တို့ဂိမ်းအတူတူ ဆော့ကြတယ်ပေါ့၊ ဘယ်တုန်းကလဲ၊ ဘာလို့ငါ့ကိုမပြောတာလဲ?"
သိလိုစိတ်အတွဲလိုက်ဟာ တဖြည်းဖြည်းပြင်းထန်လာသည်။ တုနွမ်ခေါင်းကို ကုတ်ရင်းနဲ့ "သူဌေးက မဟုတ်တာတွေလျှောက်ပြောမနေနဲ့၊ ကိစ္စသေးသေးလေးပါ"
အန်ရူနှုတ်ခမ်းကို ကိုက်လိုက်ပြီး "ငါထင်တာက ငါတို့ရဲ့ဆက်ဆံရေးက သိပ်မရင်းနှီးပုံပဲ"
"ဟေး၊ ဘာမှစိုးရိမ်စရာမရှိပါဘူး၊ ဒီတိုင်းဂိမ်းလေးပဲ၊ ငါတို့မရီးလေးကို မြင်တောင်မမြင်ဖူးသေးဘူ"း
"နင်မသိချင်ဘူးလား? သူဌေးက သူမကိုပေးမတွေ့တာက သူ သူမကို မချစ်လို့ပဲ ဆိုတာသေချာတယ်" မနာလိုမှုတွေ နှိပ်စက်တာခံနေရတဲ့အန်ရူဟာ တုနွမ်မျက်နှာအမူအရာမှားနေတာကို တွေ့လိုက်၇မှ ကြောင်သွားကာ သူမမျက်နှာကို ချက်ချင်းပြင်လိုက်သည်။ သူမစကားအနည်းငယ်ထပ်ပေါင်းလိုက်ပြီး "ငါဆိုလိုချင်တာက နင်အရမ်းကြီး မျှော်လင့်မထားနဲ့လို့"
တုနွမ် သူ့နှာခေါင်းကို ထိလျက် ပြောလိုက်သည်။
"ငါ့အထင်တော့ သူဌေးက မရီးအပေါ်ကောင်းပါတယ်၊ မင်း.....သိပ်အများကြီးတွေးမနေနဲ့"
သူမမြင်နိုင်တဲ့နေရာမှာ အန်ရူဟာ သူမလက်သီးကို တိတ်ဆိတ်စွာနဲ့ ဆုတ်လိုက်သည်။ သူမတောင် သတိမထားမိလိုက်ပဲ သူမလက်သည်းတွေဟာ လက်ဖဝါးထဲကို စိုက်ဝင်သွားသည်။
ကုမ္ပဏီရဲ့အလုပ်လုပ်ပုံဟာ မြန်ဆန်တာကြောင့် နှစ်ရက်သုံးရက်အတွင်း ကျူးကျူးဆီ Apple ကွန်ပြူတာရောက်လာသည်။
သူမကွန်ပြူတာကို ပျော်ရွှင်စွာနဲ့တပ်ဆင်လိုက်သည်။ ကံကောင်းတာက ချန်ကျမ်းကူညီပေးတာကြောင့် မြန်မြန်ဆန်ဆန်နဲ့ အင်တာနက်နဲ့ ချိတ်ဆက်သွားသည်။
ကျူးကျူးဟာ စားပွဲပေါ်လက်တဖက်ထောက်ရင်း မျက်ခုံးပင့်ကာ ပြောလိုက်သည်။ "နင် ငါဒီကွန်ပြူတာ ဘယ်လိုရလာလဲ မသိဘူးမလား"
ချန်ကျမ်း သူမကို ဖြေးဖြေးချင်း ကြည့်လိုက်သည်။ ခေါင်းမာတဲ့ မျက်နှာထားမဟုတ်ပေမဲ့ လုံခြုံရေးကာကွယ်ရေးစနစ်ကို စစ်ရန် ကွန်ပြူတာကို သာ ဖွင့်လိုက်သည်။
"ငါ ဂိမ်းကစားရင်း ရလာတာ"
"ဪ"
ကျူးကျူး ။ "....." 'ဒီလူက တကယ်ပျင်းစရာကောင်းတာပဲ'
'သူ့စရိုက်က အသက် ၇၀-၈၀ အရွယ် အဘိုးတယောက်လိုပဲ အားအင်ကိုမရှိဘူး၊ ဒီလိုလူနဲ့ ချစ်မိသွားရင် ဘယ်လိုပုံစံရှိမှာလဲ ငါမတွေးတတ်တော့ဘူး '

KAMU SEDANG MEMBACA
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Humorရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...