အခြားတဖက်မှာတော့ ရှားရုံအသိစိတ်ဝင်ချိန်မှာ သူ့မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေရဲ့ ဖုန်းဆက်တိုက်ခေါ်မှုကြောင့် ဖုန်းတောင် ပေါက်ကွဲထွက်မတတ်ဖြစ်နေသည်။ သူ့တဘဝလုံးဟာ တညတည်းနဲ့ ဖျက်ဆီးခံလိုက်ရတာကြောင့် အရမ်းလန့်သွားပြီး သူ့မိသားစုဝင်တွေလည်း သိသွားတာကြောင့် အလုပ်တွေရှုပ်ပြီး အချိန်ကောင်းလေးကို ဖြတ်သန်းနေရလေသည်။ သူနောက်ထပ် ချမ်းသာတဲ့ အမျိုးသမီးအသိုင်းအဝိုင်းမှာ ဝင်ဆံ့စရာမျက်နှာမရှိတော့ပေ။
သူမိန်းမဘယ်နှစ်ယောက်နဲ့အိပ်ခဲ့တာလဲဆိုတာ အကုန်လုံးသိသွားကြပြီး သူဌေးမတွေကိုဒေါပွသွားစေသည်။ သူ့ရဲ့အစ်မလိုမျိုး ဖြစ်တဲ့ လီယွမ်တောင်မှ သူမရဲ့ချစ်သူဟောင်းနဲ့ အမြန်လမ်းခွဲသွားရလေသည်။
အခုတခေါက်ကတော့ သူလုံးဝကို ပြီးဆုံးသွားလေပြီ။
.........
ကျူးကျူး ရက်အနည်းငယ်လောက် ရှားရုံတိုက်ခိုက်လာမှာကို စောင့်နေပေမဲ့ သူ့သတင်းကို လုံးဝမကြားရပေ။
သူမအထင် ရှားရုံဟာ အခက်အခဲတခုရှိလို့ ဒါမှမဟုတ် နောက်ထပ်နည်းလမ်း တခုကို ရှာတွေ့သွားလို့ နောက်ဆုတ်သွားတာလား မသဲကွဲပေ။ ဘယ်အကြောင်းကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ကျူးကျူးနဲ့ မဆိုင်ပေ။ ရှားရုံနဲ့ လုံးဝဆက်ဆံရေးပြီးပြတ်သွားတာကြောင့်သာ သူမပျော်ရွှင်နေသည်။
'ငါ မိုဘိုင်းဂိမ်းထဲ မဝင်တာတောင် ရက်အနည်းငယ်ရှိနေပြီ' ကျူးကျူးစိတ်မပါစွာပြောလိုက်သည်။
သူမရုတ်တရက် ဂိမ်းအတူကစားကြတုန်းက နှမ်းမဲလား ခေါက်ဆွဲခြောက်လား ဘယ်သူပြောတာလဲ သေချာမမှတ်မိပေမဲ့ "Ru Meng Ling" ဆိုတဲ့ တခြားဂိမ်းတခုရဲ့နာမည်ကို လှပတဲ့နောက်ခံမြင်ကွင်းကြောင့် ဆွေးနွေးနေကြတာကို မှတ်မိလိုက်သည်။
ကျူးကျူး "Ru Meng Ling" ဆိုတဲ့နာမည်ကို မရင်းနှီးပေမဲ့ ရှာဖွေမှုထိပ်ဆုံးဖြစ်နေတဲ့ အရာ အမြောက်အမြားကနေ သိလာရသည်။ ဒီကြီးမားတဲ့ ရှေးဟောင်းပုံစံအွန်လိုင်းဂိမ်းဟာ ရင်သတ်ရှုမောဖွယ်နောက်ခံတွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ စနစ်တွေ အမြောက်အမြားပါလေသည်။ အဖက်ဖက်ကကြည့်ရရင်တော့ ပြည်တွင်းဖြစ်ဂိမ်းတွေရဲ့ တာဝန်သိစိတ်ရှိနေလေသည်။
အခုလက်ရှိမှာတော့ ဝန်ဆောင်မှုဟာ ဖွင့်တာတလကျော်ကြာသေးပေမဲ့ ကစားသမားအမြောက်အမြားရှိနေလေသည်။ စနစ်ဟာ တခါတရံအပြည့်ဖြစ်နေပြီး ဝင့်ခွင့်ရရန် တန်းစီဖို့လိုလေသည်။
ဒါပေမဲ့........
' "Ru Meng Ling" ဆိုတဲ့ နာမည်က ရင်းနှီးမနေဘူးလား?'
ကျူးကျူးသိပ်မတွေးလိုက်ပေ။ 'Brand နာမည်တွေက အများကြီးပဲ ပြီးတော့ ဒါက "Song Ci" ကြောင့်ပဲဖြစ်ပါလိမ့်မယ်'
( Song Ci ကတရုတ်ရဲ့ တရားသူကြီးလည်းဖြစ် ဆေးဆရာတယောက်လည်းဖြစ်တယ်လို့သိရပါတယ်၊ သူက ကမ္ဘာ့ပထမဆုံးမှုခင်းဆိုင်ရာ ကိမိလဗေဒပညာရှင်လို့ ဖော်ပြထားပါတယ်၊ တရုတ်ရှေးဟောင်းပုံစံဂိမ်းတွေဆို Song Ci အကြောင်းနဲ့ပဲ ပတ်သက်ပြီး သုံးကြတာများလို့ ထင်ပါတယ်)
သူမဝယ်ထားတဲ့ ပုံဆွဲသစ်သားစင်က လာတဲ့လမ်းမှာပဲရှိနေသေးတာကြောင့် သူမနှစ်ရက်လောက်အားနေတာကြောင့် နောက်ထပ်ဂိမ်းတခုကစားရန် ဆုံးဖြတ်လိုက်သည်။
'ဒါပဲ'
(ကိမိလဗေဒက ပိုးမွှားတွေနဲ့ပတ်သက်ပြီးလေ့လာတဲ့ ဘာသာရပ်ပါ)
Song Ci

KAMU SEDANG MEMBACA
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Humorရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...