ကျူးကျူးဟာ တုန်လှုပ်စွာနဲ့ ထထိုင်လိုက်သည်။ နာမည်က ကြူဝေလို့ပဲ မှတ်ထားပြီး တခြားဘာအကြောင်းအရာမှ မမှတ်ထားပေ။ ကျူးကျူးဒီနာမည်နဲ့လူကို တခါမှမကြားဖူးပေ။ ' ဒီတော့ သူမက ဘယ်သူလဲ? Wechat မှာ ကြူဝေနဲ့နာမည်မရှိသလို မက်ဆေ့ပို့ထားတာတွေလည်းဖျက်ထားသလိုပဲ ဘာတခုမှရှိမနေဘူး '
'တခုတည်းသော ဖုန်းခေါ်ထားတဲ့အချိန်က လွန်ခဲ့တဲ့လဝက်လောက်အလိုကပဲ။ အဲဒီအချိန်လောက်ကဆို တွက်ကြည့်ရရင် နဂိုပိုင်ရှင်မကွာရှင်းခင် သူမနဲ့ဖုန်းခေါ်နေကျပုံပေါက်တယ် '
' ကြူဝေက တကယ်ပဲဘယ်သူလဲ? '
ကျူးကျူးက သေချာထိုင်လိုက်ပြီး ချန်ကျမ်းဆီ Wechat ကနေ စာပို့လိုက်သည်။ " နင်ဘယ်မှာလဲ? ငါနင့်ကို မေးစရာရှိတယ်"
တဖက်လူရဲ့ပြန်စာက မြန်သည်။
" မီးဖိုချောင်"
ကျူးကျူး ။" ......ဪ"
ချန်ကျမ်းဟာ ရေခဲသေတ္တာကနေ နို့တဘူးသောက်ဖို့ ထုတ်လိုက်သည်။
ကျူးကျူးဘဝမှာ သူ့အသက်အရွယ်ရောက်နေတာတောင် နို့သောက်ရတာကြိုက်တဲ့ယောင်္ကျားမတွေ့ဖူးဘူး။ အိမ်က ရေခဲသေတ္တာက အမြဲတမ်း နို့ဘူးတန်းစီလိုက်ကြီးနဲ့ ပြည့်နေပြီး ရေသန့်ဘူးတွေနေရာမှာတော့ နို့ချဉ်နဲ့ Wahaha တွေနဲ့ အစားထိုးထားသည်။
ကျူးကျူး သူမရဲ့ဆံနွယ်တွေကို သိမ်းလိုက်ပြီး သူမရဲ့ဖိနပ်ပါးဟာ ချိုးချိုးခြွတ်ခြွတ်အသံထွက်ကာ လျှောက်လာခဲ့သည်။
ချန်ကျမ်းဟာ နောက်ကိုတောင်လှည့်မကြည့်ပဲ စိတ်ရှည်စွာနဲ့ ပိုက်တံရဲ့ပလတ်စတစ်ခွံကို ဖွင့်နေသည်။
"ခုနက ကိစ္စ...."
ချန်ကျမ်း ဖြေးဖြေးချင်းပြောလိုက်သည်။
"ပိုက်ဆံပြတ်သွားလို့လား?"
ကျူးကျူး ။" ......မဟုတ်ပါဘူး"
'ငါက ပြည့်တန်ဆာမှမဟုတ်တာ ဘယ်လိုတောင် တရက်နှစ်ရက်အတွင်းမှာ ငွေပြတ်သွားတာဖြစ်နိုင်မှာလဲ?'
ကျူးကျူးဟာ လည်ချောင်းရှင်းရင်း ပြောလိုက်သည်။ " အဲဒါက နင်ဒီနေ့နေ့လည်အားလား?"
"အင်း"
'ထမင်းစားဖိတ်ထားတာတခုရှိတယ်" ကျူးကျူးမပွင့်တပွင့်နဲ့ ဆက်ပြောလိုက်သည်။ "ကြူဝေလည်းလာမှ" သူမအထင်က ကြူဝေက သူငယ်ချင်း ဒါမှမဟုတ် ဆွေမျိုးတွေလိုမျိုး ဖြစ်နေမလားလို့ထင်ပြီး ပြောရင်ကောင်းမလား မကောင်းဘူးလား စိုးရိမ်နေခဲ့သည်။
ကျူးကျူးပြောတာကြားပြီး ချန်ကျမ်းဟာ သူမကို စူးစိုက်ကြည့်လိုက်ပြီး သူ့မျက်လုံးထဲ အဓိပ္ပာယ်အပြည့်နဲ့ အကြည့်တချက်ဖြတ်သွားတာကြောင့် ကျူးကျူးဟာ တုန်လှုပ်သွားမိတော့သည်။
'ဘာလဲ ဘာလဲ?"
"ဘာမှမဟုတ်ဘူး"
နေ့လည်ခင်းအင်္ကျီလဲပြီးချိန်မှာ ချန်ကျမ်းဟာ စျေးကြီးကြီးအပြင်အဆင်နဲ့ဟိုတယ်ကို သွားပြီး ကျူးကျူးကတော့ နောက်ကနေ ကပ်လိုက်လာခဲ့သည်။ အပြင်ပန်းမှာတော့ သူမဟာ သူမရဲ့မေးကိုအနည်းငယ်မော့ထားပြီး ချန်ကျမ်းရဲ့ဘေးကနေ သူ့ရဲ့အရှိန်အဝါကို မရှုံးပဲနဲ့ လျှောက်လာသည်။
ဝိတ်တာဟာ လူနှစ်ယောက်ကို သီးသန့်ခုံဆီ ခေါ်သွားသည်။ ကျူးကျူးရဲ့ အကြည့်ဟာ ပြတင်းပေါက်နားကထိုင်ခုံဆီရောက်သွားချိန်မှာ-----
ပြောစရာစကားမဲ့သွားသည်။
အသက်လေးဆယ်အရွယ်လောက်ရှိမဲ့ ယောင်္ကျားတယောက်နဲ့ မိန်းမတယောက်ဟာ ခုံတဘက်ခြမ်းမှာ ထိုင်နေကြသည်။ သူတို့ဟာ သိမ်မွေ့စွာနဲ့ ထိုင်လျက်ရှိနေပြီး အဓိကအချက်က သူတို့ရဲ့အသက်က သေချာပေါက်လူကြီးပိုင်းဖြစ်နေပြီး ချန်ကျမ်းရဲ့လူကြီးသူမ.........
YOU ARE READING
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Humorရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...