Chapter 97 (Zawgyi)

1.3K 56 3
                                    

တချိန်တည်းမှာပဲ
ကျူးကျူးဟာ အထုပ်တွေဖြည်ပြီး ရေကူးဝတ်စုံဝတ်ကာ အပြင်ထွက်ရန် ပြင်ဆင်နေသည်။ သူမစိတ်လှုပ်ရှားစွာနဲ့ ခရီးဆောင်အိတ်ထဲကနေ အသစ်ဝယ်လာတဲ့ကင်မရာကိုထုတ်လိုက်ပြီး ချန်ကျမ်းကို လှမ်းပြောလ်ုက်သည်။ "ခဏနေ ငါ့ကိုဓာတ်ပုံရိုက်ပေးအုန်း!"
နောက်ကိုလှည့်ကြည့်လိုက်တော့ ချန်ကျမ်းကို မတွေ့ရတော့ပေ။
ကျုးကျူး မီးဖိုချောင်ဆီ လျှောက်သွားလိုက်သည်။
ချန်ကျမ်းဟာ ကိုလာတဗူးသောက်လျက် ဆိုဖာပေါ်မှာထိုင်နေသည်။
ကျူးကျူး ။ "ခဏနေရင် အပြင်သွားကြရအောင်"
ထိုစကားကိုကြားပြီးနောက် သူ အံဆွဲထဲက အစေ့တွေ၊ မုန့်တွေကိုထုတ်ယူလိုက်ပြီး ဖြေးဖြေးချင်းစားနေလိုက်သည်။ သေချာပေါက် တနာရီနီးပါးလောက်စားပြီးချိန်မှာ ကျူးကျူးဟာ အတွင်းကရေကူးဝတ်စုံ၊ အပြင်ဘက်မှာ ကုတ်အင်္ကျီတလုံးဝတ်ထားပြီး အခန်းထဲက ထွက်လာသည်။
သူမရဲ့ကိုယ်အချိုးအစားဟာ ပြီးပြည့်စုံနေပြီး ဖြူဖွေး သွယ်လျတဲ့ခြေတံတွေ၊ ပန်းပုထုထားသလ်ု ခန္ဓာ၊ အကုန်လုံးဟာ လှပပြီး အပြစ်ပြောစရာမရှိပေ။ ယောကျာင်္းတိုင်း ပြန်လှည့်ကြည့်မဲ့ပုံစံကို ပိုင်ဆိုင်ထားလေသည်။
သူ့အကြည့်က သူမရဲ့ဖြူဖွေးနေတဲ့ အသားအရေပေါ်မှာ တခဏလောက် ရပ်တန့်သွားသည်။
ကျူးကျူး ခေါင်းကိုပွတ်လိုက်ပြီး ပြောလိုက်သည်။ "ငါလှတာငါသိတယ်၊ ကြိုက်သလောက်ကြည့်"
ချန်ကျမ်း သူမရဲ့ ဗိုက်ကိုညွှန်ပြလိုက်ပြီး "မင်းကဝတယ်..."
ကျူးကျူး ။ "ပါးစပ်ပိတ်ထား"
ညနေဘက်နေဝင်ချိန်ဟာ လှပပြီး ပင်လယ်ရေကလည်း ကြည်လင်ပြီး သန့်ရှင်းနေသည်။ ကောင်းကင်နဲ့ ပင်လယ်ဟာ တဆက်တည်းလိုဖြစ်နေပြီး နေဟာ တဖြည်းဖြည်း ဝင်သွားတာကို တွေ့မြင်နိုင်သည်။
ကျူးကျူးဟာ လေတိုက်သည့်ဘက်ကို ခေါင်းလှည့်လိုက်ပြီး မော်ဒယ်တယောက်လိုမျိုး ပုံတွေရိုက်တော့သည်။ ရှုခင်းကောင်းကိုရှာပြီး ကျောက်ဆောင်ပေါ်မှာရပ်ကာ ပဝါကို ဖြေးဖြေးချင်း မြှောက်လိုက်သည်။ အဝေးကနေကြည့်ရင် ပဝါနဲ့အတူ သူမပါ လေပေါ်မြှောက်နေသလို တွေ့မြင်နေရသည်။ အဲဒီပို့စ်က မလွယ်ပေ။ ကျူးကျူးဟာ ခေါင်းကိုနောက်ကိုမလှည့်နိုင်တာကြောင့် ချန်ကျမ်းကို ကျယ်ကျယ်အော်မေးလိုက်သည်။
"အဆင်ပြေလား?"
"အင်း"
"ဘယ်လိုထွက်လာလဲ ကြည့်ချင်တယ်"
ကျူးကျူး ပျော်ပျော်ရွှင်ရွှင်နဲ့ ကင်မရာကို ယူလိုက်ပြီးကြည့်လိုက်ချိန် သူမမျက်လုံးတွေဟာ ချက်ချင်းတည်ကြည်သွားသည်။ ရှုခင်းပုံက တကယ်ကိုပဲလှပသည်။ ပင်လယ်ရေပြာတွေဟာ နေခြည်သမ်းနေတာဟာ ရွှေရည်လောင်းထားသလိုပဲ။ ကောင်းကင်ဟာ တိမ်တွေနဲ့ ပုံဖော်ထားတာကြောင့် နတ်ပြည်ကိုရောက်နေသလိုမျိုး ပုံပေါ်နေသည်။
ဒါပေမဲ့
ကျူးကျူး လှည့်ကြည့်ပြီးတော့ မေးလ်ုက်သည်။ "ငါကရော???"
"ဒီမှာ" ချန်ကျမ်းညွှန်ပြတဲ့နေရာကို အနီးကပ်ဆွဲကြည့်တော့မှ ကျောက်ဆောင်ပေါ်က အမဲရောင်အရိပ်ကို တွေ့ရတော့သည်။
'မမြင်ရတာလည်းကောင်းပါတယ်။ ဒါပေမဲ့ လူပုံပေါ်မှ ပိုကောင်းတာမဟုတ်ဘူးလား?'
'ဒီထောင့်အနေအထားကနေ ရိုက်ရင် ကျောက်ဆောင်ပေါ်မှာ သိမ်းငှက် ထိုင်နေသလိုမျိုး ဖြစ်နေတယ်လေ'
ကျူးကျူးဟာ သူမမျက်နှာအမူအရာကိုမထိန်းချုပ်နိုင်ပဲ ပြောစရာစကားဆွံ့အသွားသည်။
သူမမျက်နှာစူပုတ်နေပြီး သေစေနိုင်တဲ့အကြည့်စူးစူးတွေကြောင့် ချန်ကျမ်းရဲ့ အသက်ရှင်ချင်တဲ့စိတ်ဟာ ပြန်လည်နိုးထလာသည်။
ချန်ကျမ်း အလေးအနက်မေးလိုက်သည်။ "အရမ်းသေးနေလို့လား?"
"နင်ဘာပြောလိုက်တယ်!" သူမစိတ်တိုစွာနဲ့ ဖြတ်ပြောလိုက်သည်။
'ငါ့က်ုသိမ်းငှက်လိုမျိုး ပေါက်အောင်ရိုက်နိုင်တာ ချန်ကျမ်းလိုလူမျိုးပဲ ရှိမယ်!'
သူ့အမှားကိုပြန်ပြင်ဆင်ဖို့အတွက် ချန်ကျမ်း ကျူးကျူးကို နောက်တပုံထပ်ရိုက်ပေးရတော့သည်။

ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းWhere stories live. Discover now