ကျူးကျူး နံရံကိုမှီလိုက်ပြီး လက်ပိုက်ကာမေးလိုက်သည်။ "ခရီးနဲ့ပတ်သက်ပြီး နင်စဉ်းစားထားတာရှိလား?"
ချန်ကျမ်း သူ့အိတ်ထဲလက်ထည့်လိုက်သည်။
"မင်းငါ့ကို ဖိတ်ချင်လို့လား?"
ကျူးကျူး မဝံ့မရဲနဲ့နှာခေါင်းကိုပွတ်ကာ ပြောလိုက်သည်။ "...အင်း"
ချန်ကျမ်း သက်ပြင်းချလိုက်သည်။ "ပစ္စည်းတွေ သိမ်း၇အုန်းမယ်၊ လေယာဉ်စီး၇တာက အရမ်းပင်ပန်းပြီး အဆင်မပြေဘူး၊ လေယာဉ်ကကျွေးတဲ့ အစားအသောက်ကလည်း မကောင်းဘူး..."
ကျူးကျူး မျက်ခုံးတဖက်ပင့်လိုက်ပြီး သူပြောနေတာကို ဖြတ်ပြောလိုက်သည်။
"ဒီတော့ အတူတူသွားမှာလား?"
"သွားမယ် "
"..."
ရုံးခန်းထဲကတုနွမ်ဟာ ပျော်လွန်းလို့ အော်ဟစ်လိုက်ပြီး ငိုမိတော့မလိုပေ။ "ကောင်းလိုက်တာ! သူဌေးက အားလပ်ရက်ခရီးသွားမယ်တဲ့! ငါတို့ နောက်ဆုံးတော့ ပျော်ပျော်၇ွှင်ရွှင်ကစားလို့၇ပြီ!"
သူပြောနေတုန်း အန်ရူဟာ အချိန်ကိုက်ရောက်လာသည်။
အန်ရူမျက်နှာဟာ အနည်းငယ်ပျက်နေသည်။ 'အရင်တုန်းကဆိုရင် ချန်ကျမ်းက အခုချိန်လောက် ကုမ္ပဏီမှာပဲရှိနေမှာ။ အခုတလော ချန်ကျမ်း အိမ်ကိုပဲ စောစောပြန်နေတယ်'
တုနွမ်စကားကိုကြားလိုက်၇ချိန်မှာ အန်ရူယုံတောင်မယုံနိုင်ပေ။ "သူခရီးထွက်သွားတယ်ပေါ့?"
'ချန်ကျမ်း က ခရီးထွက်တယ်ဆိုတာ ရှိဖူးလို့လား?'
တုနွမ်ပျော်၇ွှင်စွာပြောလိုက်သည်။ "ဒါပေ့ါ၊ မရီးနဲ့အတူတူလေ၊ အပန်းဖြေစခန်းက ကောင်းတယ်၊ သူတို့ပျော်နေကြမှာပဲ"
'တလက်စတည်း နှစ်ယောက်သားရဲ့ ခံစားချက်တွေလည်း ပြန်လို့အဆင်ပြေသွားရင်ကောင်းမယ် '
အန်ရူရဲ့အပြုံးဟာ အနည်းငယ်တောင့်တင်းနေသည်။ ဒါပေမဲ့ သူမရဲ့ ပုံမှန်အခြေအနေသို့ ပြန်ထိန်းလိုက်သည်။ "ဟုတ်သား၊ င့ါရဲ့ တနှစ်စာခွင့်ရက်တွေလည်း မသုံး၇သေးဘူး၊ အရင်တုန်းက ထွက်လည်ချင်ပေမဲ့ မလည်ခဲ့၇ဘူး"
တုနွမ်မကောင်းတဲ့ခံစားချက်၇နေသည်။ "မင်းပြောချင်တာက..."
"ငါလည်း အဲအပန်းဖြေစခန်းကို သွားချင်တယ်"
"မ၇ဘူး၊ မသွား၇ဘူး၊ အန်ရူ"
"ငါကဘာဖြစ်နေလို့လဲ? ငါတို့အတူတူ အလုပ်လုပ်ကြတာပဲလေ၊ အတူတူထွက်လည်လို့ ၇တာပဲ၊ အရမ်းတုန်လှုပ်မနေပါနဲ့"
တုနွမ် သူမကို ဖြောင်းဖြဖို့ ကြိုးစားလိုက်သည်။ "မင်းတယောက်တည်း ဘာသွားလုပ်မှာလဲ?"
အန်ရူ ။ "ကျောင်းဖန်နဲ့အတူတူသွားလိုက်မယ်'
တုနွမ် ။ "လီးပဲ!" သူဒေါသထွက်နေပေမဲ့ အန်ရူကိုတော့ အပြစ်မတင်ပေ။ တုနွမ် မျက်ခုံးပင့်လိုက်ပြီး အလေးအနက်ပြောလိုက်သည်။ "မင်းဒီလိုလုပ်တာရဲ့ အကျိုးဆက်ကို သိမှာပါ၊ မင်းအထုပ်သိမ်းပြီး ထွက်သွား၇နိုင်ခြေရှိတယ်နော်"
အန်ရူ ။ "ငါက ဒီကို ချန်ကျမ်းအတွက်ပဲလာခဲ့တာ"
'မဟုတ်ရင် ဘယ်လိုလုပ် သူမ ပင်လယ်ရဲ့တဖက်ခြမ်းကို ပြန်လာခဲ့မှာလဲ'
အခုချိန်မှာ ဂိမ်းအသစ်ရဲ့ ထုတ်လုပ်မှုကလည်း အဆင့်တခုကို ရောက်နေပြီဆိုတော့ ဒီဇိုင်းခေါင်းဆောင်တယောက်အနေနဲ့ အဓိက Animation ဒီဇိုင်းတွေအတွက် တာဝန်အရှိဆုံးသူဖြစ်နေတာကြောင့် သူမကို အလုပ်ထုတ်ရန် မဖြစ်နိုင်ပေ။ 'ငါထပ်သည်းမခံနိုင်တော့ဘူး၊ အလုပ်ဖြုတ်ခံ၇မလား အကွက်ရွေ့မလား နှစ်ခုထဲက တခုပဲ၊ လှုပ်ရှားမယ်ဆိုရင် မြန်မြန်လှုပ်ရှား၇မယ်'
တုနွမ် ။ "မင်းတာဝန်ကနေ ရပ်စဲခံ၇လိမ့်မယ်"
အန်ရူ သူ့ကိုကြည့်ပြီး ပြောလိုက်သည်။ "ငါမယုံဘူး"
'တကယ်လို့ ချန်ကျမ်းသာ င့ါကို သတိမပြုမိဘူးဆိုရင် ဘာလို့ ငါ့ရဲ့အချက်ပြမှုတွေကို မငြင်းဆန်ခဲ့တာလဲ?'
အန်ရူမသိတာက ချန်ကျမ်းဟာ သူမရဲ့အချက်ပြမှုတွေကို ဂရုတောင် မစိုက်ခဲ့တာကိုပေ။
YOU ARE READING
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Humorရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...