နှစ်ယောက်လုံးက ဓားသမားဖြစ်ပြီး အဖြူရောင် ဝတ်စုံကို ဝတ်ထားကာ တလူလူလွှင့်နေတဲ့ အင်္ကျီရယ်၊ ချမ်းသာ၊ ရုပ်ချောပြီး လက်ထဲမှာ တူညီတဲ့ကြေးဓားကို ကိုင်ထားကြသည်။ ခေါင်းထက်မှာပေါ်နေတဲ့ နာမည်တွေကြောင့်သာ မဟုတ်ရင် ဘယ်သူက ဘယ်သူဆိုတာကို ခွဲလို့တောင် မရလောက်ပေ။
ဒါကြောင့် ချန်ယုအိမ်ရာက ရှီကျန်ယွဲ့စိန်ခေါ်တာကို လက်မခံတာပေ။
'တကယ်လို့ မင်းယောင်္ကျားရင့်မာကြီး ဖြစ်ကြောင်း ပြချင်ရင်လည်း သွေးထွက်လွန်တာကို တားဖို့ ပိုကောင်းတဲ့ လက်နက်ကို ဝတ်ထားရမှာပေါ့ ' သူ ဘယ်အကွက်တွေသုံးမှ တဖက်လူ ပုံပျက်ပန်းပျက်ရှုံးမသွားစေရန် တွက်ချက်နေသည်။
ပွဲကြည့်စင်ဟာ တော့ လုံးဝကို ရှုပ်ယှက်ခတ်နေသည်။
"ဒါက ယောင်္ကျားတွေကြားက တိုက်ပွဲပဲ!"
"ရှီကျန်ယွဲ့က အရမ်းရိုတာပဲ၊ ချန်ယုအိမ်ရာ ထွက်လာပြီး အရိုက်ခံလိုက်!"
"ငါ ဘာဆက်ဖြစ်မလဲဆိုတာကို ကြိုသိ..."
"နတ်ဘုရားက တဖက်လူကို ဘယ်လိုတောင် ရိုက်မလဲဆိုတာကို ကြည့်ကြဦး!"
အကုန်လုံးက ငြင်းခုံနေကြပြီး ကျူးကျူးဟာ တိတ်တဆိတ်နဲ့ ပွဲကြည့်စင်ကို ကြည့်လိုက်ပြီး ဘာပြောရမှန်းတောင်မသိတော့ပေ။ ဒါကြောင့် ချန်ကျမ်းကို တိတ်တဆိတ်အားပေးနေလိုက်သည်။ စကားပြောခန်းတွေဟာ လုံးဝဆူညံ့နေပြီး ပွဲကြည့်ဖို့စောင့်နေတဲ့သူတွေ၊ ရန်ဖြစ်တာကို လာကြည့်ကြတဲ့သူတွေ နှစ်ဖက်လူတွေထပ်တောင် သူတို့က ပိုဆိုးနေသည်။ လူအများကြီး က ကျူးကျူးကို သူမယောင်္ကျားက အားကောင်းပါတယ်လို့ နှိမ့်သိမ့်နေကြသည်။
ကျူးကျူးဟာ အနည်းငယ်စိုးရိမ်နေသည်။ အထူးသဖြင့် ချန်ကျမ်းစာကြည့်ခန်းထဲကနေ ဆက်တိုက် ဘီစကွတ်ဝါးနေတဲ့အသံတွေ ကြားနေရချိန်မှာပေါ့။
စနစ်ရဲ့ နူးညံ့တဲ့ ကြေငြာသံထွက်လာသည်။
{ကစားသမားတွေ အသင့်ပြင်ပါ}
{အချိန်စရေပြီ}
{သုံး၊ နှစ်၊ တစ် ၊ စတော့}
ဆူညံ့နေတဲ့ လူအုပ်ကြီးဟာ ရုတ်တရက်တိတ်ဆိတ်သွားပြီး အကုန်လုံးရဲ့ မျက်လုံးတွေဟာ မျက်တောင်တောင် မခတ်ပဲ စကရင်ကို ပွဲကြီးပွဲကောင်းကို စောင့်နေသလိုမျိုး စိုက်ကြည့်နေကြသည်။ အကြည့်တွေ ရဲ့အလည်က နှစ်ယောက်က အေးဆေးစွာနဲ့ နေရာမှာတင် ရပ်နေကြပြီး ဘယ်သူမှ မရွှေ့ကြပေ။ လုံးဝကို တိတ်ဆိတ်နေပေသည်။
ပွဲကြည့်စင်ရဲ့ စကရင်ဟာ စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်နေပြီး တယောက်ယောက်က မက်ဆေ့မတင်လိုက်ခင်ထိပေ။
"ပျက်နေတာလား?"
ချန်ယုအိမ်ရာဟာ ရှီကျန်ယွဲ့စမှာ စောင့်နေတာပေ။ ဒါမှသာ သူစလိုက်လိုက်ချင်း တဖက်လူ သွေးတဝက်မဆုံးသွားအောင် ပေ။ မထင်မှတ်စွာနဲ့ တဖက်လူက Tai တောင်လိုမျိုး တည်ငြိမ်စွာနဲ့ ရှိနေသည်။ ရှီကျန်ယွဲ့ရဲ့အကြည့်က သူ့ကို အနည်းငယ် စိတ်မရှည်စေတော့ပေ။
နောက်ဆုံးတော့ ချန်ယုအိမ်ရာ စတင်လှုပ်ရှားလေပြီ။
သူလှပပြီး ပြင်းထန်တဲ့ ပန်းဓားကို ကောက်ယူလိုက်ပြီး တဖက်လူဆီ ပြေးသွားသည်။ လျှပ်စစ်အလင်းနဲ့ လျှင်မြန်မှုကြားမှာ ငါးသေလိုရပ်နေတဲ့ ရှီကျန်ယွဲ့လည်း လှုပ်ရှားလာလေပြီ။ သူက ကောင်းမွန်လှတဲ့ပျော့ပြောင်းမှုနဲ့ ရွှေ့လျားပြီး ချန်ယုအိမ်ရာရဲ့တိုက်ချက်ကို ရှောင်လိုက်သည်။ အကုန်လုံးသေချာမမြင်လိုက်သေးခင်မှာပဲ သူ့လက်ထဲက ဓားဟာ ပျောက်ကွယ်သွားသည်။ ပြန်ပေါ်လာချိန်မှာတော့ ချန်ယုအိမ်ရာရဲ့နောက်ကနေ ပေါ်လာပြီး အလင်းတချက်လက်သွားသည်။
ချန်ယုအိမ်ရာရဲ့ခေါင်းထက်က သွေးတန်းဟာ လေးပုံတပုံလျော့ကျသွားသည်။
အဲဒီအချိန်မှာ အချိန်ဟာ ရပ်တန့်သွားသလိုပေ။
ပွဲကြည့်နေတဲ့သူတွေရော၊ ပွဲကြည့်စင်ကသူတွေပါ အကုန်လုံးတိတ်ဆိတ်သွားသည်။ ချန်ယုအိမ်ရာတောင် နေရာမှာတင် ကြောင်နေပြီး ပြန်တိုက်ရမှာတောင် မေ့သွားလေသည်။ ကွန်ပြူတာတဖက်က သူ့ရဲ့မျက်နှာအမူအရာ ဘယ်လိုဖြစ်နေမယ်မှန်း မသိနိုင်ပေ။

YOU ARE READING
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Humorရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...