ကျူးကျူး ။ "???" 'ချန်ကျမ်း အခုဘာလုပ်လိုက်တာလဲ? ဘာကြောင့် ငါ မယုံနိုင်ရတာလဲ?'
ဒီအကွက်က ဓားသိုင်းရဲ့ အခြေခံအကွက်ဖြစ်တဲ့ ညနေခင်းနဲ့တိမ်တွေကို ဖြတ်တဲ့အကွက်ဖြစ်သည်။ ဒါက အကုန်လုံးသုံးကြတဲ့အကွက်ဖြစ်ပြီး ဘယ်လောက်တောင်သုံးပြီးကြပြီမှန်း မသိတော့ပေ။ ဒီအကွက်ရဲ့လားရာကို အကုန်လုံးသိကြပြီး ဘယ်လိုရှောင်ရမှန်းလည်းသိကြသည်။ ချန်ယုအိမ်ရာအတွက်တော့ ဒီညနေခင်းနဲ့တိမ်တွေကို ဖြတ်တဲ့အကွက် သူ့ကိုခြိမ်းခြောက်နိုင်စရာအကြောင်းမရှိပေ။
ချန်ယုအိမ်ရာကို ရိုက်နိုင်ကာ လှည်ပတ်နိုင်ပြီး တဖက်လူကို နေရာမှာတင် ကြောင်သွားစေတာကို ရှင်းပြနိုင်တာက---
ဒီလူမသိတဲ့ ကစားသမား ရှီကျန်ယွဲ့က ချန်ယုအိမ်ရာထက် မြန်တဲ့လက်အရှိန်ရှိတယ်ဆိုတာပါပဲ။
စကရင်တခုလုံး လန့်နေတဲ့ ခံစားချက်တွေနဲ့ပြည့်နေသည်။
"66666"
"ဟာသပဲ! လာနောက်နေတာလား!"
"ဒီနတ်သားက ဘယ်ကရောက်လာတာလဲ?"
"အိုး၊ ဘယ်သူသေချာမြင်လိုက်ကြလဲ? အခုဘာဖြစ်သွားတာလဲဆိုတာ တယောက်ယောက်ရှင်းပြကြပါဦး?"
"ငါတကယ် အနှေးပြကွက်နဲ့ကြည့်ချင်ပေမဲ့ နောက်အကွက်လွှတ်သွားမှာလည်း စိုးရိမ်နေတယ် !"
အကုန်လုံးအံ့အားသင့်နေတဲ့အချိန်မှာ ချန်ယုအိမ်ရာဟာ အသိစိတ်ပြန်ဝင်လာပြီး ပြန်တိုက်ခိုက်တော့မလိုမျိုး နောက်ကိုနှစ်လှမ်းဆုတ်လိုက်သည်။
အဖြူရောင်ဓားသမားဟာ ရုတ်တရက် လေထဲကို ခုန်လိုက်ပြီး ဓားကို ဆွဲထုတ်လိုက်သည်။ ချက်ချင်းပဲ ငွေရောင်အလင်းတန်းပေါင်းများစွာဟာ လေထဲမှာပဲ ပြောင်းသွားပြီး မက်မွန်ပွင့်အပ်မုန်တိုင်းတခုလို ကြမ်းတမ်းစွာနဲ့ သူတိုက်ခိုက်လိုက်သည်။ ကျူးကျူး သူမမျက်စိအလျင်နဲ့တောင် နှစ်ယောက်ရဲ့လှုပ်ရှားမှုတွေကို လိုက်မမှီနိုင်ပေ။ သူမတွေ့လိုက်ရတာကတော့ ရှီကျန်ယွဲ့ဟာ တဖက်မှာ ၁၀၀ % ထိခိုက်နိုင်တဲ့ နေရာမှာ မလှုပ်မရှားရှိနေတာပေ။ မီးပန်းပေါင်းများစွာ ပေါက်ကွဲသွားတဲ့ မြင်ကွင်းကို တွေ့လိုက်ရပြီး ရှီကျန်ယွဲ့ရဲ့သွေးတန်းဟာလည်း သွေးလျော့ကျသွားသည်။
ပြီးနောက်
{ပထမဆုံးဂိမ်း၊ ချန်ယုအိမ်ရာ၊ နိုင်တယ်!}
ပွဲကြည့်စင်မှာတော့ ချက်ချင်း လှုပ်ရှားလာကြသည်။
"အခုချက်ချင်း ချန်ယုအိမ်ရာက ရန်သူနဲ့ယှဉ်ရင် အရမ်းပျော့ညံ့တာပဲ"
"သေချာတယ်၊ ချန်ယုအိမ်ရာ အမှားလုပ်မိသွားတာပဲဖြစ်မယ်၊ ရှီကျန်ယွဲ့တခုတောင် ပြန်မလုပ်နိုင်တာ ကြည့်လေ!"
"ချန်ယုအိမ်ရာက တကယ်ကို နတ်ဘုရားပဲ!"
ချန်ယုအိမ်ရာအကြောင်း ချီးမွမ်းခန်းတွေ တခုပြီး တခုတက်လာပြီး အသင်းဟာ စကားဝင်ပြောဖို့တောင် မလွယ်ပေ။ ရှုဘီယင်တယောက်သာ လိုင်းပေါ်ဝင်ပြောလေသည်။
ချင်ဖန်ဘီယင် ။ "အစ်မကျူး တောင်းပန်ပါတယ်နော်၊ အကိုက လက်မထိန်းနိုင်လိုက်ပုံရတယ်"
ကျူးကျူး သူမမျက်နှာပျက်ရတာထက် ချန်ကျမ်းရှုံးသွားတာကို စိုးရိမ်တာကြောင့် ကွန်ပြူတာထိုင်ခုံကို ရွှေ့ကာ ချန်ကျမ်းဘာလုပ်နေလဲ သွားကြည့်လိုက်သည်။
သူမအခန်းတံခါးက ထွက်လာလာချင်းချန်ကျမ်း မီးဖိုချောင်ကနေ ပြန်လာတာကို တွေ့လိုက်ရသည်။ လက်ထဲမှာ နို့ချဉ်တဗူးဖွင့်လျက်သားနဲ့ပေါ့။
ကျူးကျူး ။ "???"
'ခဏလေး၊ သူဂိမ်းကစားနေတာမဟုတ်ဘူးလား ? မီးဖိုချောင်ကို ဘယ်တုန်းကသွားလိုက်တာလဲ?'
ကျူးကျူးရဲ့ လန့်နေတဲ့ မျက်နှာကို တွေ့ပြီး ချန်ကျမ်းရဲ့ပြန်ဖြေပုံက ပြောင်မြောက်လွန်းသည်။
သူ တည်ငြိမ်စွာနဲ့ ပြောလိုက်သည်။ "အာ၊ ငါဘီစကွတ်တွေ စားတာများသွားလို့ ရေနည်းနည်းလောက်ဆာလာလို့"
VOUS LISEZ
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Comédieရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...