Chapter 1(Unicode)

17.1K 727 7
                                    

"Wow wow"

ရွမ်ကျူးကျူး တယောက် ရေကျသံကြောင့် ရုတ်တရက်နိုးလာခဲ့သည်။ 

သူမမျက်လုံးကိုပွတ်ရင်း ခေါင်းရှုပ်စွာဖြင့် ပတ်ပတ်လည်ကို ကြည့်လိုက်တယ်။သေချာတယ်။ ဒါဟိုတယ်ရဲ့ စျေးကြီးတဲ့ suite room ပဲ။ 

အဖြူရောင်အိပ်ရာခင်းပေါ် နှင်းဆီပန်းတွေ ပြန့်ကြဲလျှက်ရှိနေပြီး အိပ်ရာခင်းပေါ် ဝိုင်ခွက်က မှောက်နေတာကြောင့် အနီရောင်နည်းနည်းလေးစွန်းနေတယ်။ ရေချိူးခန်းတံခါးကိုတော့ အထဲကိုဖြတ်မမြင်ရတဲ့ မှန်နဲ့ လုပ်ထားတာကြောင့် သွယ်လျှတဲ့ကိုယ်ကို မြင်ရုံလေးပဲ မြင်နေရတယ်။

ဒါက....

ကျူးကျူးဟာ ပိုလို့တောင် ခေါင်းရှုပ်သွားတော့တယ်။

မနေ့က သူမ rebirth novel ဖတ်ဖို့အတွက် ညနက်အောင် နေခဲ့ပြီး စကားတောင်မပြောနိုင်ခင် အိပ်ပျော်သွားခဲ့တော့တယ်။ ဘယ်သူကများ ဒီလို hotel မျိုး ကို ပြေးလာပြီးတော့ အခန်းတံခါးကို ဆွဲဖွင့်မလဲ။

ကျူးကျူးထထိုင်လိုက်တော့ တခုခုမှား‌နေတာ သတိထားမိလိုက်တယ်။ ရင်ဘတ်ပြားတဲ့ ကောင်မလေးက အခုတော့ သူ့ရင်ဘတ်ပေါ်မှာ လေးလံမှုရှိနေပြီး သိပ်မစီးဖြစ်တဲ့ ဒေါက်မြင့်ဖိနပ်တွေကတော့ သူ့ခြေပေါ် စီးလျှက် ရှိနေတယ်။ ဖြောင့်စင်းပြီး သွယ်လျှတဲ့ခြေတံတွေက အိပ်ရာပေါ်မှာရှိနေတယ်။ ဒါပေမယ့် သူမခြောက်နှစ်သားအရွယ်တုန်းက ဖြစ်ခဲ့တဲ့အဖြစ်ကြောင့် ဒူးအောက်ပိုင်းတခုလုံး အမာရွတ်တွေပြည့်နေခဲ့တာ မဟုတ်ဘူးလား။

"...."

သူ့လက်ကို အဆင်မပြေမှုကြောင့် ဆန့်ထုတ်လိုက်တော့ မျက်လုံးတွေ ဝိုင်းစက်သွားခဲ့တယ်။

လက်ချောင်းတွေက ဖြူဖွေးနူးညံ့ကာ သေးသွယ်နေတာကြောင့် ဒါဟာ သေချာပေါက် ဂရုတစိုက်နဲ့ထိမ်းသိမ်းထားတဲ့ လက်ပဲ။ လက်သည်းပန်းဖော်ထားတာတွေကလည်း လှပပြီး လက်ဖျားထိပ်တွေကလည်း နူးညံ့နေတယ်။ အသားအရေကလည်း ဖြူဖွေးနေတာကြောင့် လက်ဖမိုးပေါ်ရှိတဲ့ သွေးကြောလေးတွေကိုတောင် သေချာမြင်နေရတယ်။

ကျူးကျူးဟာ သူ့ရဲ့ပုံစ့ကြောင့် တုန်လှုပ်သွားခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ သူ့မိသားစုကြောင့် သူ့လက်တွေဟာ အလှအပကို မထိတွေ့ခဲ့ဖူးလို့ပါပဲ။

&&&အလုပ်ကြမ်းလုပ်ရတာလို့ ပြောချင်တာ ထင်တယ်။&&&

တခဏတိတ်ဆိတ်သွားပြီးနောက်မှာတော့ သူမဟာ ဖုန်းထုတ်ရင်း ရှေ့ကင်မရာကို ဖွင့်လိုက်တော့တယ်။ 

ဒီမိန်းမ မျက်လုံးချယ်ထားတာဟာ မျက်တွင်းနက်နေတာလောက် ထူနေပြီး မျက်တောင်တုတွေရော ပြင်သစ်နဲ့ အမေရိကန်ဆန်တဲ့ ပြင်ဆင်မှုတွေအပြင် ခရမ်းရောင်မျက်ကပ်မှန်နဲ့ လူကြီးပိုင်းအနီရင့်ရောင် နှုတ်ခမ်းဆိုးထားပြီး ခေတ်ဟောင်းခေါက်ဆွဲပုံစံ ဆံပင်တို့ရှိနေလေသည်။ အဲလိုပြင်ဆင်မှုတွေကြောင့်  သူမရဲ့ လှပတဲ့ အစိတ်အပိုင်းတွေကို မမြင်ရလောက်အောင် ဖုံးကွယ်နေတော့တယ်။

ဒါပေမယ့် အားလုံးကို ခြုံငုံကြည့်လိုက်တော့ "ရုပ်ဆိုးတယ်" လို့ပဲ ပြောနိုင်လေတယ်။

ကင်မရာမှာပေါ်နေတဲ့ မိန်းမဟာ မျက်လုံးတွေ ပြူးကျယ်နေပြီး ကြောက်လန့်နေတာကြောင့် သူမရဲ့ မျက်ကပ်မှန်တွေဟာ ကြောက်စရာရော ရယ်စရာရော ကောင်းနေလေတယ်။

'ဒါ ဒါ .....'

'ငါ့မျက်နှာ မဟုတ်ဘူ????'

^^^^^^အဆင်မပြေတာရှိရင် သည်းခံပေးကြပါနော်^^^^^^

ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းWhere stories live. Discover now