ကျူးကျူး သူမသေးငယ်ပုံမပေါ်စေရန် ရှုထောင့်ကောင်းတွေကို သေချာရှာလေသည်။ အိမ်မက်ဆန်တဲ့ပုံစံပေါက်နေစေရန် နတ်သမီးတပါးလိုပုံစံပေါက်စေရန် နေရာယူလိုက်ပြီး ပို့စ်စတင်ပေးတော့သည်။
ချန်ကျမ်းရိုက်ပေးရန် နေရာယူနေစဉ် ကျူးကျူးနောက်ကိုလှည့်ကြည့်လိုက်ပြီး သူ့နေရာက သူမနဲ့ဝေးနေလား စစ်ကြည့်လိုက်ပြီး စိတ်ကျေနပ်စွာနဲ့ သူမပို့စ်ပေးနေလိုက်သည်။
ခဏလောက်စောင့်ပြီးနောက်
ကျူးကျူး ။ "အဆင်ပြေလား?"
ချန်ကျမ်း ရဲ့လေသံက လေးနက်နေသည်။ "အရမ်းလှတယ်၊ အရမ်း အနုပညာဆန်တယ်"
ကျူးကျူး ။ "???"
'ငါ ထူးဆန်းတဲ့ ခံစားချက်၇နေတယ်'
သူမကျောက်ဆောင်ပေါ်ကနေ ခုန်ဆင်းပြီး ချန်ကျမ်းဆီက ကင်မရာကိုယူကြည့်ရန် ပြေးသွားလေသည်။ တခဏလောက်သူမကြောင်သွားပြီး ဓာတ်ပုံထဲက သူက သူမမှန်းတောင် မမှတ်မိတော့မလိုဖြစ်သွားသည်။
ဒီတခေါက် အကွာအဝေးဟာ နီးတော့နီးသည်။ သူမတကိုယ်လုံးပုံထဲပြည့်နေအောင်ကို နီးတာပေ။ အဆိုးဆုံးကတော့ ချန်ကျမ်းဟာ အဲပုံကို အောက်ပင့်ရိုက်ထားကြောင့်ပေ။
ဓာတ်ပုံထဲမှာ ကျူးကျူးဟာ လူသန်ကြီးလိုဖြစ်နေပြီး ဖုန်းနဲ့အပြည့်ဖြစ်နေသည်။ နောက်ကကောင်းကင်ရော နေဝင်ချိန်ကိုပါ ကမ်းခြေကိုပါ ကိုယ်လုံးနဲ့ကွယ်ထားသလိုဖြစ်နေသည်။ 'ငါက ဘယ်နားက နတ်သမီးလိုမျိုးတူတော့မှာလဲ? ဒီအတိုင်းဝက်မကြီးလိုပဲ'
ရိုက်ထားတဲ့ပုံကိုကြည့်ပြီး ကျူးကျူးဟာ ချက်ချင်းပဲ ချန်ကျမ်းကို ဒုံးပျံမှာ ကြိုးနဲ့ချည်ပြီး ကမ္ဘာပေါ်ပြန်မရောက်လာနိုင်အောင် လွှင့်တင်ချင်စိတ်ပေါက်သွားသည်။
ကျူးကျူး သူ့သွားတွေကိုကြိတ်လိုက်ပြီး စိတ်ကောင်းတွေအားလုံး ရူးသွပ်မှုကို ပြောင်းသွားသလို "နင်ကမ်းခြေမှာ ယောင်္ကျားကို အသေသတ်တဲ့ကိစ္စကြားဖူးလား?"
ချန်ကျမ်း တိတ်တိတ်လေးနောက်ကို နှစ်လှမ်းဆုတ်လိုက်ပြီး စကားလမ်းကြောင်းလွှဲရန်ကြိုးစားလိုက်သည်။ "....ညစာစားချိန်တောင် ရောက်သွားပြီပဲ"
ကျူးကျူးစိတ်မပျော်တော့ပေ။
အဲအချိန်မှာ လေက အနည်းငယ်အေးလာတာကြောင့် လှပတဲ့ပုံတွေရိုက်ချင်တဲ့အကြံကို လက်လျော့ပြီး ကုတ်အင်္ကျီကိုကောက်ဝတ်လိုက်ကာ ညစာစားရန် ပြန်သွားဖို့ဆုံးဖြတ်လိုက်တော့သည်။
သူမဒေါသထွက်စွာနဲ့ ရှေ့ကနေ မြန်မြန်လျှောက်သွားတာကြောင့် ချန်ကျမ်းဟာ နောက်မှာကျန်နေတော့သည်။ တင်းမာနေတဲ့လေထုကို ဖြေလျော့ရန် ချန်ကျမ်းဟာ စကားစပြောလိုက်သည်။ "ငါမင်းကို နောက်တပုံရိုက်ထားလိုက်သေးတယ်"
သူမခြေလှမ်းကိုရပ်လိုက်ပြီး သံသယအပြည့်နဲ့ မေးလိုက်သည်။ "မသန်စွမ်းပုံပေါက်အောင် ရိုက်ထားတာတော့ မဟုတ်ပါဘူးနော်"
ချန်ကျမ်း လက်ကိုမြှောက်လိုက်ပြီး "သေချာပေါက် မဟုတ်ဘူးပေါ့"
ကျူးကျူးကင်မရာကိုယူပြီး သေချာကြည့်လိုက်သည်။ ချက်ချင်း သူမအသံတိတ်သွားသည်။
'သေချာပေါက် ချန်ကျမ်းဆိုတဲ့ကောင်ကို မျှော်လင့်ချက်မထားသင့်တာ'
'...ဒီခွေးကောင်က တကယ်ပဲ ငါ့ကို ၁.၂ မီတာပုံပေါက်အောင် ရိုက်ထားတာပဲ' ကင်မရာထဲမှာ ကုတ်အင်္ကျီဝတ်ထားပြီး ၂ ပေလောက်ရှိတဲ့ လူပုလေးပုံပေါက်နေပြီး ဒေါသထွက်ပုံလည်း ပေါက်နေသေးကာ မျက်မှောက်ကျုတ်ထားတာကြောင့် တကယ်ကို လူပုစိတ်တိုနဲ့တူနေလေသည်။
ကျူးကျူး ။ "..."
'တကယ်တော့ ချန်ကျမ်း အမြင်မှာ ငါက ဒီလိုပုံစံပေါက်နေတာလား?'
'ငိုချင်လာပြီ'
ချန်ကျမ်း မျက်နှာရိပ်ကြည့်ပြီး ပြောလိုက်သည်။ "ငါအရမ်း ဗိုက်ဆာနေပြီ"
အဲဒီည ကျူးကျူးရဲ့ဒေါသအကြည့်တွေအေက်မှာ ချန်ကျမ်းဟာ တည်ငြိမ်စွာနဲ့ ပင်လယ်စာတွေ အများကြီးစားနေသည်။ ကျူးကျူး သူ့ကို စိုက်ကြည့်နေပြီး ငါးကြော်ကို ဓား ခရင်းနဲ့ အဲဒီငါးကြော်ဟာ ချန်ကျမ်းဖြစ်နေသလိုမျိုး ပြင်းထန်စွာ ထိုးစိုက်လိုက်သည်။
CZYTASZ
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Humorရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...