Chapter 91 (Zawgyi)

1.5K 57 2
                                    

"အမှန်အတိုင်းပြောပြရရင် မရီးဆီကို ဂိမ်းကနေ တရားဝင်စာပို့လိုက်တယ်။ သုံးရက်အားလပ်ရက်ကူပွန်ပေါက်တယ်၊ မိသားစုဝင်တယောက်လည်းခေါ်လာလို့ရတယ်လို့ ပို့လိုက်တယ်။ မရီးက သေချာပေါက် မင်းကိုခေါ်သွားမှာပဲ။ နှစ်ယောက်သားအချိန်ကောင်းလေးပိုင်ဆိုင်နိုင်ပါစေ။ တယောက်တည်း အလုပ်ချည်းပဲလုပ်မနေနဲ့"
ချန်ကျန်းနောက်ဆုံးတော့ ခေါင်းမော့လာပြီး နွေးထွေးတဲ့လေသံနဲ့ပြောလိုက်သည်။ "အခုချိန်ကနေစပြီး အချိန်ပို ပိုဆင်းရမယ်"
သူဌေးက ပျော်ပုံပေါ်မနေတာကြောင့် တုနွမ်ဟာ သူစီစဉ်တဲ့ကိစ္စဟာ မြင်းဖင်ကိုပြေးနှိုက်သလိုဖြစ်သွားကြောင်း နားလည်လိုက်သည်။
သူ စိတ်ကောက်စွာနဲ့ပြောလိုက်သည်။ "ဒါဆိုလည်း အချိန်ပိုပဲဆင်းရတော့မှာပေါ့"
ညရောက်လို့ ချန်ကျမ်းတံခါးကိုဖွင့်လိုက်ချိန် အစားအသောက်ရဲ့ရနံ့ကို ရလိုက်သည်။ ကျူးကျူးဟာ ပျော်ရွှင်စွာနဲ့ အလုပ်ရှုပ်နေပြီး နှစ်ခါတွေးစရာမလိုပဲ ဆုပေါက်တဲ့ကိစ္စကြောင့်ပဲဖြစ်နိုင်သည်။
ချန်ကျမ်းဟာ တုနွမ်ပြောခဲ့တာကို တွေးမိလိုက်သည်။
"မရီးက သေချာပေါက် မင်းကိုခေါ်သွားမှာပဲ"
"နှစ်ယောက်သား အချိန်ကောင်းလေး ပိုင်ဆိုင်နိုင်ပါစေ"
ချန်ကျမ်း ဟာ တခြားသူတွေနဲ့ ခရီးသွားတာ မကြိုက်ပေ။ 'ဒါပေမဲ့ ကျူးကျူးနဲ့ အတူတူသွားရင်တော့ စိတ်တိုစရာကောင်းမှာတော့ မဟုတ်ဘူး'
ကျူးကျူးဟာ နောက်ကိုလှည့်ကြည့်ပြီးတော့ တောက်ပစွာပြုံးလိုက်သည်။ "လက်သွားဆေးတော့၊ ငါဗိုက်အရမ်းဆာနေပြီ"
အစားအစာတွေရဲ့ရနံ့ကပဲ ကောင်းမွန်လွန်းလို့လား၊ သူမရဲ့အပြုံးကပဲ လှပလွန်းလ်ု့လား မသိပေမဲ့ ချန်ကျမ်းဟာ တခဏကြောင်အသွားသည်။ တနေ့တာလုံးရဲ့ပင်ပန်းနွမ်းနယ်မှုတွေပျောက်သွားသလိုမျိုး တကိုယ်လုံးနွေးထွေးသွားသည်။
နှစ်ယောက်သား ထမင်းဝိုင်းမှာထိုင်ပြီး ကျူးကျူးဟာ ချန်ကျမ်းကို အရင်စားခွင့်ပေးထားသည်။ ဟင်းပွဲကတော့ ဆီနဲ့နှပ်ထားတဲ့ပုစွန်ဟင်းပဲဖြစ်သည်။
ချန်ကျမ်းကတော့ ဒီတခေါက်မှာ အနည်းငယ်အတွေးနက်နေသလိုပေ။
သူဟာ ကျူးကျူး ဆုအကြောင်းပြောလာမှာကို စောင့်နေတာပေ။
ညစာစားပြီးသွားသည်ထိ၊ သူ့ပန်းကန်တွေဆေးပြီးသွားသည်ထိ၊ ကျူးကျူးရေချိုးပြီးလို့ mask ကပ်ပြီးသည်ထိ၊ TV ကြည့်ပြီးလို့ ဂိမ်းကစားပြီးသည်ထိ ဆုပေါက်တဲ့အကြောင်း မပြောလာပေ။
နောက်တော့ သူမအခန်းထဲဝင်သွားသည်။
မီးပိတ်သွားပြီး အခန်းကလည်း မှောင်မဲသွားသည်။
အမှောင်ထဲမှာ ရပ်ကျန်နေခဲ့တဲ့ ချန်ကျမ်း ။ "....."
ကျူးကျူးဟာ ချန်ကျမ်းကို တမင်မသိချင်ယောင်ဆောင်နေတာမဟုတ်ပဲ အစကတည်းကနေ ခေါ်ဖို့စဉ်းစားတဲ့စာရင်းထဲမှာ ထည့်ကို မတွက်တာပေ။
သူမစဉ်းစားလိုက်တော့ သူမမှာ သူငယ်ချင်းလည်း မရှိပေ။ ဆွေမျိုးလည်းမရှိပေ။ ပထမတော့ လက်မှတ်ကို ရောင်းလိုက်မလား တွေးမိသည်။ 'သုံးရက်အားလပ်ရက်ခရီးမှာ မိသားစုဝင်ပဲခေါ်လာလို့ရမယ်ဆိုတော့ အတွဲလိုက်ကစားရမဲ့ဂိမ်းတွေနဲ့စီစဉ်ထားပဲဖြစ်နိုင်တယ်' အချိန်အကြာကြီးတွေးတောပြီးနောက် သူမတယောက်တည်းသွားဖို့ပဲဆုံးဖြတ်လိုက်သည်။
'ချန်ကျမ်းလား? ချန်ကျမ်းကသေချာပေါက် ငါနဲ့သွားမှာမဟုတ်ဘူး'
'ချန်ကျမ်းက အိမ်ထဲကနေအိမ်ပြင်တောင်ထွက်တာမဟုတ်ဘူး' ဒါကြောင့် အဲဒီဖြစ်နိုင်ခြေကို စွန့်လွှတ်လိုက်သည်။
သူမပျော်ရွှင်စွာနဲ့ ခရီးအတွက် ပြင်ဆင်နေသည်။ "အိမ်မက်အစဉ်လိုက်" ရဲ့customer service နဲ့ဆက်သွယ်ပြီး သူမတယောက်တည်းသွားမည်ဖြစ်ကြောင်း ပြောလိုက်သည်။ ပို့ပြီးနောက် ချက်ချင်း သွားမဲ့နေရာရဲ့ရာသီဥတု၊ နေရာအတိအကျတွေကို စုံစမ်းတော့သည်။ သီးခြားကမ်းခြေလည်းရှိတာကြောင့် ပျော်ပျော်ရွှင်ရွှင်နဲ့ ဘီကီနီတွေပါ ထုပ်ပိုးတော့သည်။
'နေလောင်ခံရတာမကြိုက်ပေမဲ့ ကမ်းခြေမှာတော့ နေလောင်ခံရမှာပေါ့'

ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းWhere stories live. Discover now