ရွမ်ကျူးကျူးဟာ သူမနဲ့ နာမည်ရော မျိုးရိုးနာမည်ရော တူတဲ့ ဗီလိန်ဇာတ်ကောင်ဆီ ကူးပြောင်းလာခဲ့တယ်။
မူလပိုင်ရှင်အကြောင်းကို စာအုပ်ထဲမှာ အများကြီးဖော်ပြထားခြင်း မရှိလေဘူး။ သူမဟာ ဆင်းရဲပြီး ငွေမက်၊ တုံးအပြီး အဆိပ်ပြင်းတယ်လို့ပဲ ဖော်ပြထားလေသည်။ သူမနဲ့ ပိုင်ယွဲ့ကွမ် ချန်ကျမ်းဟာ စာချုပ်အရ လက်ထပ်ထားရုံကလွဲလို့ ဘာပတ်သက်မှုမှမရှိလေဘူး။ ကွာရှင်းပြီးနောက်မှတော့ ဘ၀ဟာ ဆိုးရွားပြီး သနားစရာကောင်းလေသည်။ ပြန်လည်လက်ထပ်ချင်ခဲ့ပေမဲ့ မူရင်းပိုင်ရှင်ဟာ ဟာသလုပ်ခံခဲ့ရလေသည်။
စာအုပ်ထဲမှာ ရေးထားတာတွေ စဉ်းစားနေရင်း ကျူးကျူးဟာ ပြန်လည်မွေးဖွားလာတဲ့ အပိုင်းထဲမှာ ဇာတ်ကောင်တွေ ပြောင်းလဲသွားခဲ့တာကို မှတ်မိသွားခဲ့လေသည်။
'ဒီစာစဉ်ကို ပြောင်းလဲချင်ရင် ရက်စက်တဲ့ အမျိုးသမီးဖြစ်ရမယ်။'
'ရက်စက်တဲ့ အမျိုးသမီးပြိုင်ပွဲ ရှိရမယ်။'
'အမျိုးသမီးပြိုင်ပွဲ'
'ဟား ဟား'
ဒါတွေဟာ မူရင်းစာရေးသူရဲ့ အဆိုးဆုံး ရက်စက်မှုပဲ ဖြစ်လေသည်။
တကယ်လို့ သူမမှတ်မိတာသာ မှန်ခဲ့ရင် အခုဇာတ်ကြောင်းဟာ သူမ ချန်ကျမ်းနဲ့ ကွာရှင်းပြီးအချိန်ကို ရောက်နေလောက်ပြီဖြစ်ပြီး မူလဗီလိန်ဇာတ်ကောင် ကံမကောင်းမှုတွေကြုံရတဲ့ ဒုတိယဇာတ်ကြောင်းရဲ့ အစပိုင်းဖြစ်လေသည်။
ရွမ်ကျူးကျူးဟာ တုန်လှုပ်သွားလေသည်။
သူမဟာ မူလဇာတ်ကြောင်းအတိုင်း မသွားနိုင်တာကြောင့် သူမ မကွာရှင်းနိုင်ပေ။
ကျူးကျူးတုန်လှုပ်နေတာကို အံ့ဩစွာကြည့်နေသည့် ပျော်တော်ဆက် ရှားရုံဟာ အနည်းငယ်စိတ်မရှည်ဖြစ်လာပြီး "မင်း ဘယ်လိုအချိန်ဖြုန်းမလို့ စီစဉ်ထားလဲ" လို့ မေးလိုက်လေသည်။
ကျူးကျူးဟာ ပြန်ကြည့်ရင်း တုန်လှုပ်စွာ မေးလိုက်သည်။"ငါမသွားရသေးဘူးမလား။"
ရှားရုံဟာ သူမကို အေးစက်စွာကြည့်ရင်း " မင်းပြန်သွားမယ်ဆိုတော့ လက်မှတ်မထိုးတော့ဘူးလား။"
'ပြောလက်စနဲ့ အဲဒါဟာ ခုထိ လက်မှတ်မထိုးရသေးဘူး။'
ကျူးကျူးဟာ ထပြီး မတ်တတ်ရပ်လိုက်လေသည်။ ၁၀ စင်တီမီတာရှိသည့် ဒေါက်ကြောင့် ရပ်ရန် အခက်အခဲရှိနေသည်။ သူမဟာ သူမဒေါက်မြင့်ဖိနပ်ကို ရိုးရိုးလေးလွှင့်ပစ်လိုက်ပြီး ဟိုတယ်ကပေးတဲ့ slippers ကို ယူစီးလိုက်လေသည်။
ရှားရုံဟာ ငုံ့ကြည့်ပြီး ရွှမ်ကျူးကျူးကို တားလိုက်လေသည်။ " မင်းဘယ်သွားမလို့လဲ။"
"ငါ အခုထိ မကွာရှင်းရသေးဘူး၊ ဒီဟာရပ်လိုက်လို့ ရမလား" သူမဟာ သူ့ကို အကြောင်းစုံ မရှင်းပြချင်တာကြောင့် ရိုးရိုလေးပဲပြောပြီး သွားမလို့လုပ်ပေမဲ့ တဖက်လူရဲ့ လက်ကောက်ဝတ်ကနေ ဖမ်းဆွဲခြင်းကို ခံလိုက်ရလေသည်။
ရှားရုံဟာ အားကြီးတာကြောင့် သူမဟာ သူ့ကိုမယှဉ်နိုင်ပဲ တဖက်လူက အိပ်ရာပေါ်ပစ်တင်တာကို ခံလိုက်ရလေသည်။
"မင်းဘာလို့ စိတ်ဆိုးသွားတာလဲ" သူဟာ အိပ်ရာစွန်းပေါ် လက်ထောက်ပြီး လက်တဖက်နဲ့ သူ့ခါးပတ်တောင် ကိုင်နေလေပြီ။ သူ့အသံဟာ စနောက်မှုတွေ ပြည့်နေပြီး "ဒါမှမဟုတ် တခြားအရသာတွေ ကြိုက်တာလား"
သူတို့ဟာ လက်တကမ်းစာလောက်ပဲ ကွာတော့လေသည်။

YOU ARE READING
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Humorရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...