Chapter 96 (Zawgyi)

1.3K 54 2
                                    

ကျုးကျူး စကားတောင်မပြောနိုင်ပဲ ဆို့နင့်သွားသည်။ "...."
'ဒီကောင် ငါတယောက်တည်းသွားစားတုန်းက ပြောခဲ့တာကို မှတ်ထားတာဟ!'
ကျူးကျူး ။ "ပြန်ရောက်ရင် နင်ဘာစားချင်ချင်လုပ်ပေးမယ်"
ချန်ကျမ်း ။ "ဘုရင့်စားတော်ပွဲလိုမျိုး"
ကျူးကျူး ။ "ကောင်းပြီ၊ ငါဘာမှမပြောခဲ့ဘူးလို့သတ်မှတ်လိုက်"
ခရီးစဉ်က သုံးနာရီကြာမြင့်ပေသည်။ ကျူးကျူး စားလိုက်၊ သောက်လိုက်နဲ့ရုပ်ရှင်ကြည့်ရန် နားကြပ်ကိုတပ်လိုက်သည်။ သူမမသိတာက တချိန်တည်းမှာပဲ Economy class ထဲမှာ သူတို့နဲ့ ခရီးသွားဖက်တွေ ပါလာတယ်ဆိုတာကိုပါပဲ။
ဖုဇီချန်ဟာ တလမ်းလုံးကြောက်ရွံ့နေသည်။ "အဆုံးမှာ သူဌေးသိသွားရင် ငါတို့တော့သေပြီပဲ!"
တုနွမ် ။ "ဘယ်သူက အဲတာကိုမသိလို့လဲ?"
'မိသားစုပြသာနာတက်မှာကိုကြောက်လို့မဟုတ်ဘူးလား?'
တုနွမ်ဟာ ကြက်သားနဲ့ထမင်းကို စိတ်ပျက်စွာနဲ့ တလုပ်စားလိုက်သည်။ သူဘယ်သူလဲ မပေါ်စေရန် economy class မှာပဲ လိုက်နိုင်ပြီး အစားအစာတွေကလည်း အရသာမရှိပေ။ အရေးအကြီးဆုံးအချက်က အကုန်လုံးခရီးသွားတွေရှေ့မှာ နေကာမျက်မှန်ကိုတချိန်လုံးဝတ်ထားရတာပါပဲ။
ဒီလိုနဲ့ ပျော်ရွှင်ဖွယ်စရာ (?) ကောင်းတဲ့ သုံးရက်တာခရီးစဉ်ဟာ စတင်ပါတော့သည်။
ကျူးကျူး ဟိုတယ်ရောက်တော့ ခြေလက်ပင်ပန်းနေလေပြီ။
သူမ အခန်းဘယ်နှစ်ခန်း ဘိုကင်လုပ်ထားတာလဲ မေ့သွားလေပြီ။ ဟိုတယ်ဝန်ထမ်းက လက်တချောင်းထောင်ပြလိုက်တော့ ကျူးကျူး တခုခုမှားနေမှန်း သတိပြုမိသွားသည်။ "ငါ ကိုယ့်ပိုက်ဆံနဲ့ကိုယ် အခန်းနောက်တခန်းယူလို့ရမလား?"
"တောင်းပန်ပါတယ်ရှင့်၊ VIP အခန်းတွေက ကြိုလို့ဘိုကင်ချိတ်ထားရတာမို့လို့ နေရာမရှိတော့ပါဘူးရှင့်" ကောင်တာက ဝန်ထမ်းမိန်းကလေးဟာ ချန်ကျမ်းဆီက အကြည့်မလွှဲနိုင်ပဲ သူမမျက်နှာ ရှက်သွေးဖြာနေသည်။
ကျူးကျူး သက်ပြင်းချလိုက်သည်။
"ရပါပြီလေ"
'ကံကောင်းတာက suite အခန်းဖြစ်နေတာပဲ၊ အိမ်မှာလိုမျိုး သီးသန့်အိပ်လို့ရလောက်မှာပါ'
သူမဘေးနားကချန်ကျမ်းကတော့ ကြောင်နေသလိုမျိုး ဘေးကိုလှည့်ကြည့်နေသည်။ ကျူးကျူးသူ့ကို လှေကားဆီကို ဆွဲခေါ်လာပြီး နှစ်ယောက်သား အခန်းတံခါးရှေ့ဆီရောက်သွားတော့သည်။ ချန်ကျမ်း စကားမပြောပဲ အခန်းကို စိတ်ဝင်တစားကြည့်လိုက်သည်။
ဒီနေရာမှာ ဒီဟိုတယ်တခုပဲရှိတာကြောင့် ကျန်တဲ့အခန်းတွေကို တုနွမ်တို့ရွေးချယ်ရလေသည်။
ကောင်တာကဝန်ထမ်းက ယဉ်ကျေးစွာပြောလိုက်သည်။ "ဆရာ၊ ကြိုတင်ဘိုကင်ချိတ်ထားတဲ့မိန်းကလေးက အခန်းနှစ်ခန်းတောင်းသွားတာ"
တုနွမ် နှလုံးသားတောင့်တင်းသွားသည်။ "မင်း သူမကိုပေးလိုက်တာလား?"
"သေချာပေါက် မဟုတ်ဘူးပေါ့" သူမ ပရိုဆန်စွာပြုံးလိုက်ပြီး "စုံတွဲတွေလာရင် အမြဲတမ်း အခန်းတခန်းပဲ ကျန်တော့တာလေ"
'အဲလိုဆိုရင် အကောင်းဆုံးပဲ'
တုနွမ် လက်မထောင်ပြလိုက်သည်။
"ဆရာ၊ ဘယ်အခန်းကိုလိုချင်တာလဲ?"
"အဲစုံတွဲနဲ့နီးတဲ့နေရာ" 'ပြီးမှ နောက်ပလန်ကိုစဉ်းစားရမယ်'
တခန်းထဲမှာ သုံးယောက်နေဖို့ဖြစ်သွားပြီး အန်ရူက တယောက်တည်း တခန်းပေ။
လူပျိုလေးသုံးယောက်ဟာ တခန်းထဲမှာ စုပုံကာ တယောက်က ကော်ဇောပေါ်မှာထိုင်ပြီး ဘီယာတဘူးဖွင့်ကာ သီချင်းတွေ ပြိုင်တူဆိုနေသည်။
တုနွမ် ။ "အန်ရူငါတို့နဲ့အလုပ်တွဲလုပ်လာတာ နှစ်အနည်းငယ်ရှိပြီ"
ဖုဇီချန် ခေါင်းညိတ်လိုက်သည်။ "တနှစ်၊ နှစ်နှစ်လောက်တော့ ရှိပြီထင်တယ်"
"မင်းဒီလောက်အချိန်အကြာကြီးပေါင်းလာတာတောင် သူဌေးဒေါသကိုမသိသေးဘူးလား? ငါ သူမအတွက် လုပ်ပေးနေတာ" ကောင်မလေးရဲ့ ဝေခွဲမရဖြစ်မှုနဲ့ ပြောတာတွေကိုစဉ်းစားလိုက်တော့ သူမက်ုဒေါသမထွက်နိုင်ပေ။
ကျောင်းဖန်တယောက်သာ အော်ပြောလိုက်သည်။ "မင်းဘာကိုဆိုလိုတာလဲ? သူမက သူဌေးကိုကြိုက်နေတာလား?"
တခြားနှစ်ယောက်ဟာ ပြောစရာစကားမဲ့သွားသည်။ "မင်းဘယ်လိုထင်လို့လဲ!"
'တကယ်ကို FA ဖြစ်ဖို့ကံဇာတာပါလာတာ'

ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းOù les histoires vivent. Découvrez maintenant