ချန်ကျမ်းဟာ အမဲရောင် hoodie ကို ချွတ်ပြီး မီးခိုးရောင်ဖျော့ အားကစားဝတ်စုံကို ဝတ်လိုက်လေသည်။ မျက်နှာကိုကြည့်လိုက်ရုံနဲ့ အထက်တန်းကျောင်းသားလို့ ပြောတောင် ယုံလို့ရလေသည်။
သူဟာ အမှိုက်ထုပ်အနည်းငယ်ကို သယ်ထားပြီး သူ့နောက်က လက်ဗလာနဲ့ ကျူးကျူးဟာ သူသွားတဲ့လမ်းအတိုင်း လိုက်ရင်းလျှောက်ကြည့်နေလေသည်။ အနီးအနားမှာ Wumart supermarket ရှိပြီး မိနစ်အနည်းငယ်သွားရုံနဲ့ ရောက်လေသည်။ ကျူးကျူးဟာ သူအိမ်မှာ လိုနေတာတွေကို ရှာတဲ့နေရာကို ယူလိုက်လေသည်။ ချန်ကျမ်းကတော့ တွန်းလှည်းကို တွန်းရတာကို တာဝန်ယူထားရလေသည်။ နှစ်ယောက်ဟာ ကိုယ့်အလုပ်နဲ့ကိုယ် သေချာခွဲထားလေသည်။
"Buzz" ချန်ကျမ်းဖုန်းဟာ ရုတ်တရက် တုန်ခါလာလေသည်။ သူဟာ နေရာမှာရပ်ပြီး စျေးတွန်းလှည်းကို လက်တဖက်နဲ့ကိုင်ထားပြီး ဖုန်းဖြေဖို့လုပ်လေသည်။ ဖုန်းတဖက်က ငယ်ငယ်ရွယ်ရွယ်ယောင်္ကျားသံ "သူဌေး ဗိုင်းရစ်ကို ပြင်လိုက်ပြီ လိုင်းပေါ်တက်ပြီး ကြည့်ဦးမှာလား"
"မအားဘူး"
ချန်ကျမ်းအကြည့်ဟာ သိပ်မဝေးတဲ့ စင်ဆီရောက်သွားလေသည်။ ကျူးကျူးဟာ အပေါ်ဆုံးထပ်မှာရှိနေတဲ့ အိပ်သာသုံး tissue ကို ခြေဖျားထောက်ပြီး လှမ်းနေလေသည်။ သူမပါးနှစ်ဖက်ဟာ ရဲနေတာကြောင့် ခေါင်းမော့ပြီး လက်မြှောက်ထားတဲ့ပုံစံဟာ အနေရခက်တဲ့ " သူမ" လိုမဟုတ်လေဘူး။
(နဂိုပိုင်ရှင်နဲ့မတူဘူးလို့ ပြောချင်တာနေမယ်)
သူ့အမူအရာဟာ အတွေးနဲ့ပြည့်သွားလေသည်။
"ဟမ် ဘာလို့အချိန်မရှိတာလဲ အိမ်ပြန်သွားပြီမဟုတ်ဘူးလား"
ချန်ကျမ်းဟာ ပြောချင်တာတွေထိန်းပြီး "supermarket မှာ"
"Supermarket?" တဖက်ကနောက်ရင်း "မရီးနဲ့အတူလား"
သူ့အဖြေက မြန်လေသည်။
"အင်း"
ဖုန်းဟာ တခဏလောက်တိတ်ဆိတ်သွားပြီး လန့်နေတဲ့အော်သံကြီးထွက်လာလေသည်။ "မင်း ဘယ်လို.........."
ချန်ကျမ်းဟာ ဖုန်းကိုချက်ချင်းချလိုက်ပြီး အော်သံကို ပိတ်ထားလိုက်လေသည်။
(နင် FA ဖြစ်မဲ့ကောင် ရိုနေတယ်ဒီမှာ မအားသေးဘူး^^^^^)
သူဟာ ရှေ့ကိုလှမ်းလိုက်ပြီး ကျူးကျူးကိုဖြတ်ကာ အိမ်သာသုံး tissue တထုပ်ကို လွယ်လွယ်ယူလိုက်ပြီး င်္တွန်းလှည်းထဲ ထည့်လိုက်လေသည်။ ကျူးကျူးဟာ ဝမ်းသာသွားပြီး "ကျေးဇူးပဲ"
သူမကို ပြန်ဖြေတာကတော့ အခြားစင်ဆီကူးသွားတဲ့ တွန်းလှည်းကိုတွန်းသွားတဲ့ ချန်ကျမ်းရဲ့ နောက်ကျောပြင်ပဲ ဖြစ်လေသည်။
ကျူးကျူးဟာ အော်ရင်း "....ပြန်လာခဲ့ အသင့်စားတွေကို မယူနဲ!!"
.......
တချိန်ထဲမှာ ဖုန်းချခံလိုက်ရတဲ့ တုနမ်ဟာ အံ့အားသင့်နေလေသည်။ သူ့နောက်မှာရှိနေတဲ့ လူတော်တော်များများက "ဘာဖြစ်လို့လဲ? သူဌေးက အချိန်ပိုလုပ်ရမယ်လို့ပြောလိုက်လို့လား"
"မဟုတ်ဘူး"
သူတခဏတွေးပြီး လျှို့ဝှက်စွာပြောလေသည်။ "ငါ ကြားလိုက်ရတဲ့ လျှို့ဝှက်ချက်အကြီးကြီးက ဘာလဲမှန်းကြည့်၊ သူဌေးက သူ့မိန်းမနဲ့ စျေးဝယ်ထွက်နေတယ်တဲ့ ဟူး ငါခေါ်တော့ မိုးရွာနေလို့ အပြင်မသွားဘူးလို့ပြောခဲ့ပြီး"
အဲဒီစကားတွေ ထွက်လာတဲ့တပြိုင်နက် အကုန်လုံးအံ့ဩပြီး ဗြောင်းဆန်သွားတော့သည်။
အလုပ်ချိန်တွေမှာ သူဌေးဟာ သူ့မိန်းမအကြောင်းတခါမှမပြောဖူးပေ။ လက်ထပ်တဲ့အချိန်တုန်းကလည်း မင်္ဂလာပွဲတောင် မကျင်းပတာကြောင့် ကျော်ကြားတဲ့ mrs. ချန်ဘယ်လိုပုံစံမှန်း ဘယ်သူမှမသိကြပေ။
![](https://img.wattpad.com/cover/286624410-288-k813980.jpg)
KAMU SEDANG MEMBACA
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Humorရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...