Chapter 81 (Unicode)

3.6K 459 5
                                    

တဖက်မှာတော့ တုနွမ်ဟာ ဇူးမာနဲ့ စကားစမြည်ပြောပြီးသွားပြီး ချန်ကျမ်းပြောရမဲ့အလှည့်ရောက်လာပေမဲ့ ချန်ကျမ်းဟာ အတွေးနွံထဲနစ်နေပုံပေါ်နေသည်။ တုနွမ်ဟာ ရယ်မောရင်း ပြောလိုက်သည်။ "ကုမ္ပဏီဝန်ထမ်းတွေပဲ၊ ရင်းနှီးအောင် လုပ်ကြပေါ့"

ဇူးမာဟာ အနည်းငယ်အံ့ဩသွားပေမဲ့ မျက်နှာမှာ မပေါ်စေပေ။ တယောက်နဲ့ တယောက် ရင်းရင်းနှီးနှီးနဲ့ ထိုင်ကြရန် ပြောလိုက်သည်။ အန်ရူဟာ ဇူးမာရဲ့ မျက်နှာချင်းဆိုင်ဘက်ခြမ်းမှာ ထိုင်လိုက်သည်။ သူမအတွေးကတော့ 'ချန်ကျမ်းက သေချာပေါက် ဇူးမာဘေးမှာထိုင်မှာမဟုတ်ဘူး၊ သူက သူစိမ်းတွေနဲ့ ထိုင်ရတာမကြိုက်ဘူး။ ဒါဆိုရင် သူမဘေးမှာပဲ ထိုင်လိမ့်မယ်'

တုနွမ် မျက်ခုံးပင့်မိလိုက်သည်။ ချန်ကျမ်းဟာ သေချာပေါက် ခုံအပိုမှာပဲ ထိုင်လိမ့်မယ်လို့ တွေးလိုက်သည်။ မထင်မှတ်စွာနဲ့ သူဟာ ဇူးမာရဲ့ အံ့အားသင့်နေတဲ့ မျက်လုံးတွေကို လစ်လျူရှုလိုက်ပြီး ဇူးမာဘေးမှာ အလိုက်သင့်ထိုင်လိုက်သည်။

တခြားသူတွေ ။ "......"

'ထူးဆန်းလိုက်တာ၊ သူဌေး ဇူးမာနဲ့တကိုယ်တည်းစကားပြောမလို့လား ?ငါတို့ကို ဇူးမာနဲ့ စကားမပြောစေချင်လို့လား? '

တခဏလောက် အကုန်လုံးကြောင်နေကြပြီး ချန်ကျမ်းဘာကို ဆိုလိုချင်မှန်း မသိကြပေ။

ဘယ်သူမှ မသိတာက ချန်ကျမ်း အဲဒီနေရာမှာထိုင်တာက သူမျက်လုံးပင့်လိုက်တာနဲ့ ကျူးကျူးကို တွေ့ရတာ လွယ်ကူတာကြောင့်ပေ။

ဇူးမာ ။  "အမ်.....တခုခုမှားနေလို့လား?"

"ဘာမှမဖြစ်ပါဘူး"

အန်ရူမြန်မြန်ပြောလိုက်သည်။  'ဒါဆို ဒီခုံမှာ ငါထိုင်လိုက်မယ်၊ ငါကငံပြာရည်စပ်ပေးဖို့ရောက်လာတာ၊ ဒီလိုဆို ရှင်တို့စကားပြောရ အဆင်ပြေသွားတာပေါ့"

သူမထိုင်ခုံဆီ မြန်မြန်ရွေ့လိုက်သည်။ ချန်ကျမ်းနဲ့ တိုက်ရိုက်မဟုတ်ရင်တောင် ကပ်လျက်ထိုင်ရတယ်လို့ သတ်မှတ်ရမှာပေါ့။

အခုချိန်မှာတော့ လူတစုဟာ ဒီပုံစံနဲ့ ထိုင်နေကြသည်။

တုနွမ်****ကျောင်းဖန်

------------အန်ရူ

ဇူးမာ****ချန်ကျမ်း

{---ကို ခုံလို့မြင်ပေးကြပါ }

အန်ရူဟာ သူမရဲ့လှပတဲ့ ကိုယ်အလှကို ပြသသလိုမျိုး သေချာထိုင်နေသည်။ ချန်ကျမ်းဟာ သူမထိုင်နေတဲ့ဘက်ကို လှမ်းကြည့်ပြီး အကြည့်လွှဲသွားကြောင်း သတိထားမိလေသည်။ သူမရဲ့ ရှက်ပြုံးလေးဟာ မျက်နှာပေါ်မှာ ပေါ်ပေါက်လာသည်။

အန်ရူမသိတာက ချန်ကျမ်း ကျူးကျူးကို ကြည့်နေတာကို သူမနေရာက ကွယ်နေတာကြောင့် စိတ်တိုနေပြီဖြစ်ကြောင်း မသိသေးပေ။ သူ ခုံနောက်မှီကို ပျင်းရိစွာမှီလိုက်ပြီး ဖုန်းကိုယူကာ အနည်းငယ်တို့လိုက်သည်။

ဖုန်းဆီက အသံထွက်လာတာကြောင့် ကျူးကျူး ပါးစပ်ကို သုတ်လိုက်ပြီး ဖုန်းကိုယူကာကြည့်လိုက်တော့ ချန်ကျမ်းဆီက မက်ဆေ့ဝင်လာတာဖြစ်နေသည်။

ချန်ကျမ်း ။ "ဘာစားပြီးပြီလဲ? ငါမင်းကို ညစာဝယ်လာပေးရမလား?"

ကျူးကျူးဟာ ဖုန်းကိုကြည့်ပြီး အပြစ်ရှိစိတ်နဲ့ရှက်မိသွားတော့သည်။ 'သူမပါးစပ်ထဲက အသားကင်ကို ထွေးရမလား မထွေးရဘူးလား'

'ရှက်စရာကောင်းလိုက်တာ၊ ချန်ကျမ်းက ငါ့ကို ညစာဝယ်လာပေးဖို့စဉ်းစားနေချိန် ငါကတော့တယောက်တည်းအပီဆွဲနေတာက ... နည်းနည်းတော့ မဖြစ်သင့်သလိုပဲ'

အခုချိန်မှာ သူမဘာစားနေလဲ မပြောနိုင်တာကြောင့် အလိမ်လေးနဲ့ ပြောလိုက်သည်။ "အသီးသုပ်လိုမျိုးပဲ စားနေတယ်၊ နင်စားနှင့်ရင်လည်း စားနှင့်လေ။ ငါ အခုတလော ဝိတ်ချနေလို့ ပြီးတော့ ငါဗိုက်မဆာသေးလို့"

ကလစ်တချက်နဲ့ မက်ဆေ့ကိုဖွင့်ကာ ဖုန်းကိုကြည့်လိုက်ပြီး ချန်ကျမ်းဟာ ကျူးကျူးရှိနေတဲ့ နေရာကို လှမ်းကြည့်လိုက်သည်။

'ဝိတ်ချနေလို့? ဗိုက်မဆာသေးလို့? သေချာပေါက်ဘယ်ဗိုက်ဆာမလဲ? သူမပါစတာ၊ အသားကင်၊  လာဗာကိတ်...စားပွဲတခုလုံးကယ်လိုရီများတဲ့ အစားအစာတွေနဲ့ ဝိုင်နီပုလင်းထက်ဝက်တောင် သောက်ထားပြီးတော့'

ကျူးကျူးဟာ တခြားသူတွေကို ကြည့်ဖိုအချိန်မရှိတာကြောင့် ချန်ကျမ်းရဲ့စူးရှတဲ့ အကြည့်ကို သတိမထားမိပေ။


ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းTempat cerita menjadi hidup. Temukan sekarang